နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ဆူးကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ မိတ်ကပ်ဆူးကတော့ သူတတ်ကျွမ်းတဲ့ပညာရပ်ကို သင်တန်းတွေဖွင့်ကာပြန်လည်ပို့ချနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဟန်ဆောင်မှုမရှိပွင့်ပွင့်လင်းလင်းစကားပြောတတ်လွန်းသူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေကသဘောကျကြတာလည်း ရှိပါသေးတယ်။ မိတ်ကပ်ဆူးကိုတော့ မိတ်ကပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ဆိုတဲ့အပြင် အနုပညာအရည်အချင်းတွေလည်းရှိကြောင်း ပရိသတ်တွေမြင်တွေ့လာရတော့မှာပါ။ သူကတော့ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးထားတဲ့ “Gentle Woman” […]