ကပြားတစ်ယောက်ဖြစ်သလို ထူးခြားလှပတဲ့အလှပိုင်ရှင်တစ်ဦးဖြစ်တဲ့ မေဆူးမောင်ကတော့မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားသူပါ။ ဒါ့အပြင် “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေစတင်သတိထားမိကာ အခုဆိုရင် အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်ကာ ပရိသတ်အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ နိုဝင်ဘာလ(၂၀)ရက်နေ့ကတော့ မေဆူးမောင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အလှူဒါနတွေပြုကာမွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။ သူ့ရဲ့မွေးနေ့မှာ မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်များ အသင်းမှာ ညနေစာ […]