အသံချိုချိုလေးနဲ့ သီချင်းဆိုကောင်းပြီး သူမ အသံကိုကြားလိုက်ရတာနဲ့ အားလုံးရဲ့ ရင်ထဲကို အေးချမ်းသွားစေတဲ့ အသံပိုင်ရှင်လေးကတော့ မေသက်ထားဆွေဆိုတဲ့ ဆယ်ကျော်သက် အဆိုတော်မလေးပဲဖြစ်ပါတယ် ။ ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ကတော့ အဆိုတော် တော် မေသက်ထားဆွေရဲ့ အသက် (၁၈) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ ..။ မေသက်ထားဆွေက သူမရဲ့ မွေးနေ့အမှတ်တရအဖြစ် အလှူလေးတစ်ခုကိုလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ သူမရဲ့ အသက် (၁၈) နှစ်ပြည့်မွေးနေ့ အလှူအဖြစ် ရှင်စောပုလမ်းရှိ ဓမ္မစေတီကျောင်းတိုက်မှာ သံဃာတော်များကို ဆွမ်းနှင့် လှုဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် ။ မွေးနေ့မှာ မွန်မြတ်တဲ့အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူမအလှူလေးအတွက် သာဓုခေါ်ဆိုခဲ့ကြပါတယ် ။ …
Read More »