မေလသံစဉ်ကိုတော့ မြန်မာသီချင်းလေးတွေကို ပြန်လည်သီဆိုတာကြောင့် လူသိများပါတယ်။ သီချင်းတွေကို cover ပြန်ဆိုရာမှာလည်းနာမည်ကြီးသလို ပြန်ဆိုတေးတွေကြောင့်လည်း ပရိသတ်အခိုင်အမာရရှိထားသူပါ။ အသက်ငယ်ငယ်လေးနဲ့ဂီတလောကမှာ အောင်မြင်မှုရလာတာကတော့ အနုပညာပါရမီရှိတာကြောင့်ဆိုရင်လည်း မမှားပါဘူး၊ မေလသံစဉ်ကတော့ အသံချိုချိုလေးနဲ့အတူအကောင်းဆုံးသီဆိုဖျော်ဖြေနိုင်သူတစ်ယောက်လည်းဖြစ်တဲ့အပြင် သီချင်းတွေကိုလည်းကိုယ်တိုင်ရေးစပ်ဖန်တီးနိုင်သူပါ။ အခုလည်း သီတင်းကျွတ်ကာလအတွက် သီချင်းကောင်းတစ်ပုဒ်ကိုထွက်ရှိလာတော့မယ့် ပုံပါပဲ။ […]