Tag Archives: Mee Mee kae

မီးမီးခဲနဲ့နောက်ဆုံးတွေ့ခွင့်ရလိုက်တဲ့ အမှတ်တရတွေအကြောင်းပြောပြလာတဲ့ သက်မွန်မြင့်

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာ ပရိသတ်တွေချစ်ရတဲ့ တေးသံရှင် မီးမီးခဲတစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တဲ့အတွက် အနုပညာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မီးမီးခဲဟာ လူသေရင်တောင် နာမည်သေမသွားမယ့် အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့သီချင်းတွေဟာ ပရိသတ်တွေကို အမြဲ လွှမ်းမိုးနေဦးမှာပါ ။ လတ်တလောမှာတော့ ပရိသတ်အချစ်တော် သက်မွန်မြင့်က သူမနဲ့ မီးမီးခဲတို့နောက်ဆုံးတွေ့ခဲ့တဲ့ အမှတ်တရတွေ အကြောင်းကို ပြောပြလာခဲ့ပါတယ် ။ မီးမီးခဲ မြန်မာပြည် ပြန်လာချိန် မဆုန်သင်းပွဲမှာ တွေ့ခွင့်ရခဲ့ပေမယ့် သူ့ One Lady show မသွားခဲ့ရဘူး ခုကျ သူမရှိတော့ဘူး.. ဆိုတဲ့စာသားလေးနဲ့အတူ သူမနဲ့မီးမီးခဲရဲ့ နောက်ဆုံး တွေ့ဆုံခဲ့ပုံလေးကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။ …

Read More »

ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း ကိုယ်တိုင်ရှင်းပြလိုက်တဲ့ မီးမီးခဲ

မကြာသေးမီက အဆိုတော် မီးမီးခဲ ဟာ ကင်ဆာရောဂါကြောင့် ကျန်းမာရေး အခြေနေ စိုးရိမ်နေရကြောင်း သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ အခုလက်ရှိမှာတော့ တေးသံရှင် မီးမီးခဲ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေဟာ ပရိသတ်တွေကြားမှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ် ။ ဒီသတင်းတွေဟာ ကောလဟာလတွေသာဖြစ်ကြောင်း မီးမီးခဲရဲ့ တရားဟော ဆရာက သူ့ရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ မီးမီးခဲ ကျန်းမာရေးအခြေနေ လွန်ခဲ့တဲ့ ရက်ပိုင်းတွေထက် အနည်းငယ်ပိုသက်သာပါတယ်။ခုနက ကျွန်တော် တရားဟောတာကို သူတို့ လင်မယား ၂ ယောက် Online ကနေနားထောင်နေတဲ့ပုံလေး သူ့အမျိုးသား Brice က ကျွန်တော့်ဆီပို့ပေးထားပါတယ်။ သူ့အမျိုးသားနဲ့ ကျွန်တော်နဲ့ …

Read More »
x