Tag Archives: Mee Mee Khel- မီးမီးခဲ

ဒီနေ့မှာ မီးမီးခဲရဲ့ခန္ဓာကိုယ်ကို နောက်ဆုံးနှုတ်ဆက်ပြီး ဆုတောင်းအပ်နှံခြင်းလုပ်ခဲ့ကြောင်း ပြောလာတဲ့ခင်ပွန်းဖြစ်သူ Brice

လွန်ခဲ့တဲ့ (၁၀) ရက်ကပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်မီးမီးခဲကြောင့် ပရိသတ်တွေလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ကြမှာပါ။ နိုင်ငံခြားရပ်ခြားမှာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေး တည်ဆောက်နိုင်ခဲ့သလို နောက်ဆုံးအနေနဲ့လည်း မြန်မာပြည်က ပရိသတ်တွေအတွက် တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်သွားပေးနိုင်ခဲ့တဲ့ မီးမီးခဲကတော့ လောကကြီးက စောစောထွက်ခွာသွားခဲ့ရပေမယ့်လည်း သူ့ကို မေ့မရနိုင်မယ့်သူတွေတော့ အများကြီးကျန်ရှိနေခဲ့မှာ အမှန်ပါ။ ဒီနေ့မှာတော့ မီးမီးခဲရဲ့ခန္ဓာကိုယ်ကို နှုတ်ဆက်အပ်နှံခဲ့ပြီဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ Brice ကမျှဝေခဲ့ပါတယ်။ အားလုံး ချစ်ရတဲ့ မီးမီးခဲဟာ အောက်တိုဘာလ (၁၆)ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည်‌ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်…ဒီနေ့ အောက်တိုဘာလ (၂၆)ရက်နေ့မှာတော့ ကျွန်တော်တို့မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်းဆက်ကပ်အပ်နှံခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါတယ် ဆိုပြီး မီးမီးခဲရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကနေတဆင့် မျှဝေလာပါတယ်။ …

Read More »
x