သီချင်းအေးအေးလေးတွေနဲ့ပရိသတ်အချစ်ကိုသိမ်းပိုက်နိုင်သူတစ်ယောက်ဖြစ်တဲ့ မီမီဝင်းဖေကတော့ အနုပညာသက်တမ်းဆယ်စုနှစ်(၃)စုကျော်ဖြတ်သန်းလာခဲ့သူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကို သီချင်းအသစ်တွေဖန်တီးပေးလေ့ရှိတဲ့မီမီဝင်းဖေကတော့ အခုဆိုရင် Mini Albumတစ်ချပ်ထွက်ရှိလာတော့မှာပါ။ သံယောဇဉ်လက်ကျန် ဆိုတဲ့ Mini Album ထဲမှာတော့ သီချင်း(၇)ပုဒ်ပါဝင်မှာဖြစ်ပြီး ပရိသတ်တွေတဝကြီးနားထောင်ရတော့မှာပါ။ ဒီအယ်လ်ဘမ်လေးနဲ့ပတ်သက်ပြီး ကော်နီကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုဗစ်ကာလမှာ, မမီရဲ့ကြိုးစားမှုကို မချီးကျူးဘဲမနေနိုင်တော့ပြီဗျာ… တော်လိုက်ထှာမမီရေ,ချစ်စရာကောင်းတဲ့ သီချင်းချိုချိုလေးတွေအတွက်,ကျေနပ်တယ်,အားကျတယ်,ဗျာ,မမီကိုချစ်တဲ့ပရိတ်သတ်ကြီး,,မမီကိုဆထက်တိုးလို့အချစ်ပိုကြတော့မှာမြင်ယောင်သေးသဗျ,(၂၇)ရက်နေ့မှာ, ရင်ခုန်သံထပ်တူကျကြပါစို”့ ဆိုပြီးတော့ ရေးသားထားတာပါ။ ဒီအယ်လ်ဘမ်လေးကတော့ နိုင်ဝင်ဘာလ(၂၇)ရက်နေ့မှာစတင်ဖြန့်ချီတော့မှာလည်း ဖြစ်ပါတယ်။ ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်တဲ့ မီမီဝင်းဖေရဲ့သီချင်းအသစ်တွေကတော့ ကိုဗစ်ကာလကြီးမှာ သီချင်းအသစ်တွေမျှော်လင့်နေတဲ့ပရိသတ်တွေအတွက် ရင်ခုန်နေစေမှာအမှန်ပါပဲနော်… Source : MieMieWinPe,TunConnie
Read More »Tag Archives: Mie Mie Win Pe
ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် ပေါင်းစုပြီးအလှူဒါနပြုလုပ်ခဲ့တဲ့ ပရိသတ်အချစ်တော် ငါးယောက်
လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းစတင်ချိန် ပိုးရှိလူနာတွေအများဆုံးတွေ့ရတဲ့နေရာကတော့ ရခိုင်ပြည်နယ်မှာပါ။ ရခိုင်ပြည်နယ်မှာ ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေသာမက တာဝန်ရှိအဖွဲ့အစည်းတွေကပါ အင်တိုက်အားတိုက်လုပ်ဆောင်နေသလို ရခိုင်ပြည်နယ်အတွက် ဦးစားပေးလှူဒါန်းနေတဲ့အလှူရှင်တွေ များစွာပေါ်လာတာကလည်း ဝမ်းသာစရာပါ။ ဒီနေ့မှာလည်း ပရိသတ်ရဲ့အချစ်တော်အဆိုတော်ကြီးတွေဖြစ်တဲ့ တင်ဇာမော်၊ မီမီဝင်းဖေ၊ ကော်နီ၊ ချောစုခင်နဲ့ ဆုန်သင်းပါရ်တို့က ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာသုံးဖို့ အလှူငွေငါးသိန်းကျပ်တိတိကို We Love Yangon လူထုအခြေပြုပရဟိတအဖွဲ့ကြီးကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ ဒီအလှူလေးလုပ်ဖြစ်ဖို့ကိုတော့ မီမီဝင်းဖေက စေ့ဆော်ပေးခဲ့တာဖြစ်တာဖြစ်ပြီး မီမီဝင်းဖေကတော့ The Five ညီအမတွေနဲ့အတူ အလှူငွေငါးသိန်း၊ ဖေဖေဒါရိုက်တာဦးဝင်းဖေကလည်း လှူဒါန်းချင်တာကြောင့် မိသားစုအလှူငွေ(၁၀)သိန်း လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ဒီနေ့အလှူလေးကိုတော့ ကိုယ်တိုင်ကိုယ်ကျသွားလှူခဲ့ကြပေမယ့် ကော်နီကတော့ အကြောင်းကြောင်းကြောင့် မလိုက်နိုင်ပါနိုင်ခဲ့ပါဘူးတဲ့ …
Read More »