ပရိသတ်ရဲ့အချစ်တော်မင်းမော်ကွန်းကတော့ အနုပညာမျိုးရိုးရှိသလို ဟိုးငယ်ကလေးဘဝကတည်းက သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာသူပါ။ မြေပဲယို အဖွဲ့နဲ့အတူလည်း သီချင်းတွေဖန်တီးသီဆိုခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း ပရိသတ်အားပေးတဲ့အနုပညာရှင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေလုပ်နေသူတစ်ယောက်ပါ။ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် (၇) နှစ်အရွယ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့မင်းမော်ကွန်းကတော့ ဒီနေ့မှာ ကလေးသရုပ်ဆောင်ဘဝတုန်းက ပုံရိပ်လေးတစ်ခုကို ချပြခဲ့ပါတယ်။ […]