Tag Archives: Min Thant Mg Mg

သားလေးမင်းသန့်မောင်မောင်နဲ့အတူ အချိန်တွေကုန်ဆုံးရင်း ပျော်ရွှင်နေတဲ့ မေသန်းနု

ပရိသတ်တွေ နှစ်ပေါင်းများစွာအားပေးချစ်ခင်လာခဲ့တဲ့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်မေသန်းနုကတော့ မကြာသေးမီကာလကမှ တရားရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအားလုံးက စိုးရိမ်ပူပန်ပေးခဲ့ကြပါတယ် ။ ဒါပေမယ့် အမှုကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့အတွက် ပရိသတ်တွေရော မိသားစုပါ ထပ်တူ ဝမ်းသာပျော်ရွှင်ခဲ့ရတာပါ ။ လက်ရှိမှာတော့ အတိတ်က ကိစ္စတွေအားလုံးကိုမေ့ပစ်ပြီး ချစ်ရတဲ့ တစ်ဦးတည်းသောသားလေး မင်းသန့်မောင်မောင်နဲ့အတူတူ အချိန်တွေ ကုန်ဆုံးရင်းပျော်ရွှင်နေပြီပဲဖြစ်ပါတယ် ။ ဒီနေ့မှာတော့ သားလေး မင်းသန့်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် မိခင်ဖြစ်သူနဲ့ အတူတူ gym အတူတူ ဆော့နေတဲ့ ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ သူမတို့သားအမိနှစ်ယောက် အခုလို ပြန်ဆုံပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကို ဝမ်းသာကြောင်းမှတ်ချက်တွေရေးသားခဲ့ကြတာတွေ့ရပါတယ် ။ အခုလို မိသားစု ပြန်လည်ဆုံဆည်းပြီး အရင်လို ပျော်ပျော်ရွှင်ရွှင် …

Read More »

ရှေ့ဆက်ပြီး သားလေးရဲ့အနုပညာခရီးမှာ အကောင်းဆုံးပံ့ပိုးပေးသွားပါမယ်ဆိုတဲ့ မေသန်းနု

ပရိသတ်ကြီးရေ… မနေ့ကတော့ မဆင့်ကို အမြန်ဆုံးပြန်လည်လွှတ်လာဖို့ဆုတောင်းပေးခဲ့ကြတဲ့ပရိသတ်ကြီး ဆုတောင်းပြည့်ခဲ့တဲ့နေ့လို့ ဆိုရမှာပါနော်။ ငွေကြေးလိမ်လည်မှုကြောင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီမေသန်းနုကတော့ မနေ့ကပြန်လည်လွှတ်မြောက်လာခဲ့ပြီး လွမ်းနေကြမယ့်ပရိသတ်ကြီးအတွက် ဗွီဒီယိုလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ဒီဗွီဒီယိုလေးထဲမှာတော့ ပရိသတ်ကြီးနဲ့ ခေတ္တခဏဝေးကွာသွားတဲ့အတွက် တောင်းပန်စကားဆိုခဲ့ပြီး သူ့ဘက်ကအမှားအယွင်းတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင်အကျဉ်းကျနေတဲ့အချိန်မှာ ငွေအား၊လူအားနဲ့သာမက နှုတ်၏ဆောင်မခြင်းနဲ့ကူညီခဲ့ကြတဲ့သူတွေအကုန်လုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် ဘဝအသစ်ကိုပြန်စတဲ့အချိန်မှာ အမေကောင်းတစ်ယောက်အနေနဲ့ သားလေးရဲ့အနုပညာခရီးမှာ အကောင်းဆုံးပံ့ပိုးသွားဖို့ ဆုံးဖြတ်ထားကြောင်း သူ့ရင်ထဲကခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ ဇင်ယော်မောင်မောင်နဲ့သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကတော့ မဆင့်အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပြီး မဆင့်ပြန်ထွက်လာရင်နေဖို့အိမ်လေးပါ စီစဉ်ပေးထားခဲ့ပါတယ်။ မနေ့ညကတော့ မင်းသန့်မောင်မောင်တစ်ယောက် မိခင်နဲ့ပြန်လည်ဆုံဆည်းခွင့်ရတဲ့ကြည်နူးစရာအချိန်ပုံရိပ်လေးတွေကို မျှဝေပေးခဲ့ပြီး မိခင်ရဲ့ရင်ဖွင့်စကားသံဗွီဒီယိုလေးကိုပါ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… Source – …

Read More »
x