နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသားချောမင်းသွေးခန့်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိလာပြီးနောက်ပိုင်းမှာ မဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ နာမည်ဖျက်သူတချို့လည်းရှိလာခဲ့ပြီး ဒီနေ့မှာတော့ လိုင်းပေါ်မှာပျံ့နေတဲ့ပုံတချို့နဲ့ ပတ်သက်ပြီး မင်းသွေးခန့်ကတော့ ဖြေရှင်းခဲ့ပါတယ်။ မင်းသွေးခန့်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်ကိုချပြထားခြင်းမရှိပေမယ့် မင်းသွေးခန့်ရဲ့ချစ်သူပုံတွေပါဆိုပြီး ဖွလာကြတဲ့အပေါ်မှာ ” ဒါက လွန်ခဲ့တဲ့သုံးနှစ်ကပါ… ဒီပုံတွေရဖို့ ပုံသွားရိုက်တုန်းက အတူသွားကြတဲ့သူငယ်ချင်းဆီ ပြန်ရှာပေးဖို့ ချက်ချင်းအကူညီသွားတောင်းလိုက်ရတယ်… ကျွန်တော့်လို ဘာအရေးမှဝင်မပါ.. ဘာမှမဟုတ်တဲ့ကြိုးစားနေဆဲ မော်ဒယ်လ်ပေါက်စလေးတစ်ယောက်ကို တစ်လတစ်မျိုးမရိုးရအောင် တွဲရိုက်ခဲ့ဖူးသမျှ အသိမိတ်ဆွေ သူငယ်ချင်းတွေနဲ့ သတင်းလုပ်ပြီး တကူးတကတင်ပေးနေတဲ့ ဦးဟန်ကို ကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် တကယ့်ရည်းစားဟောင်းက အိမ်ထောင်ကျလို့ ကလေးတောင်ရနေပြီဖြစ်ပြီး ရည်းစားဟောင်းသတင်းကိုပြန်ကြားရတဲ့ အဲ့ဒီအချိန်တုန်းကဆို ခေတ်သစ်ပျိုမေ အစီအစဉ်မှာတောင် အသည်းကွဲခဲ့ရသေးတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ …
Read More »