Honey Lee ကတော့ တစ်ချိန်ကတောင်ကိုရီးယားနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ခဲ့သလို လက်ရှိမှာလည်း ပရိသတ်အချစ်တော်မင်းသမီးတစ်လက်ပါ။ စတိုင်ကျပြီး အချိုးအစားလှတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ထူးခြားတဲ့အလှကိုပိုင်ဆိုင်ထားတဲ့အပြင် ကျရာဇာတ်ရုပ်မှာလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုများစွာရရှိထားတာပါ။ ဒီနေ့မှာတော့ ဆယ်လီမဟုတ်တဲ့သူတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ဘဝအတွက် တစ်သက်တာလက်ဖွဲ့ရမယ့် အဖိုးတန်လူတစ်ဦးကို […]