မိုးထက်ကတော့ လူငယ်ပရိသတ်တွေရဲ့ကြားမှာ ရေပန်းစားအောင်မြင်တဲ့ လူငယ်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ အမိုက်စားစကားလုံးတွေနဲ့ သီချင်းစာသားတွေကြောင့် လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မိုးထက်ကတော့ မနေ့က ဇူလိုင်လ (၃)ရက်နေ့မှာကျရောက်ခဲ့တဲ့ မြန်မာအမျိုးသမီးများနေ့အတွက် ဂုဏ်ပြုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိလာခဲ့ပါတယ်။ သီချင်းလေးကတော့ လူငယ်တွေအကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းပုံစံလေးဖြစ်ပြီး သီချင်းလေးထဲမှာ တန်ဖိုးရှိလှတဲ့ […]