ဒီနေ့ ဇူလိုင်လ (၂၆ ) ရက်နေ့ကတော့ ပရိသတ်တွေ အသည်းစွဲ ချစ်ခဲ့ကြတဲ့ အငိုမင်းသမီးလို့ နာမည်တွင်လောက်အောင် ဒရမ်မာ ကားတွေမှာ ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ မိုးပြည့်ပြည့်မောင်ရဲ့ မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ် ။ မွေးနေ့အမှတ်တရလေးအဖြစ် မိုးပြည့်တစ်ယောက် ရွှေတောင်မြို့မှာ အလှူအတန်းတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ရွှေတောင်မြို့ရဟန္တာ(၈၀)ကျောင်းတိုက်တွင်းရှိ ဘုရားရဟန္တာနံ့ မှဲ့ရှင်ဆရာတော်ဘုရား ၊ သံဃာ၊ သီလရှင်ယောဂီတို့အား မုန့်သက်ရှည် ဆွမ်းကပ်လှုခြင်းတွေကိုပြုလုပ်ခဲ့ပါတယ် ။ သီလရှင်ဝတ်ပေးပြီး ကုသိုလ်ပြုပေးတဲ့မေမေ စိတ်ချမ်းသာခွင့်ပေးခဲ့တဲ့ပါရမီဖြည့်ဖက်ကြီးနဲ့ မောင်လေးညီမလေး ၊ တူမလေးကိုစိတ်ချမ်းသာစေချင်တဲ့ ဦးလေးအဒေါ်များ သူငယ်ချင်းလေးစုလှိုင် တို့ကို ကျေးဇူးတင်တဲ့အကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ မွေးနေ့ဆုတောင်းပေးကြတဲ့ မိတ်ဆွေအပေါင်းအသင် းသူငယ်ချင်းများနဲ့ အနုပညာညီအကိုမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်း ရေးသားထားပါသေးတယ် …
Read More »