ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ခိုင်နှင်းဝေကတော့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး မိဘမဲ့ကလေးသုံးဆယ်ကျော်ကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေသူပါ။ ပရဟိတဂေဟာဖြစ်တဲ့အတွက် အလှူရှင်တွေနဲ့အဓိကရပ်တည်နေရတာဖြစ်ပြီး သူ့ရဲ့ဂေဟာလေးကိုတော့ မကြာခဏဆိုသလို ရုပ်ရှင်သရုပ်ဆောင်တွေလည်း သွားရောက်လှူဒါန်းကြတာကို တွေ့မြင်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်သူ မြတ်ကေသီအောင်က ကလေးတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေခဲ့ပါတယ်။ မြတ်ကေသီအောင်ကတော့ […]