ပရိသတ်ကြီးရေ … မကြာသေးမီကမှ မြင့်မြတ်ဖခင်ရဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး မြင့်မြတ်အပေါ် ပရိသတ်တွေ အထင်မြင်လွဲမှားစွာ ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်နေတဲ့ အနုပညာဖြစ်တဲ့အလျောက် ဝေဖန်မှုတွေလည်း ပြင်းထန်စွာ ခံခဲ့ရတဲ့အတွက် အနုပညာရှင် သူငယ်ချင်းအချို့က မြင့်မြတ်ဘက်ကနေ ဝန်းရံ ရပ်တည်ပေးခဲ့ကြပါတယ် ။ မြင့်မြတ်နဲ့ သွားအတူ လာအတူ အနုပညာညီအစ်ကိုလည်းဖြစ်သလို သူငယ်ချင်းကောင်းတွေ လို့လည်းပြောလို့ရတဲ့ ကေညီ ၊ ထူးခြား နဲ့ ယုန်လေးတို့ကလည်း မြင့်မြတ်ဘက်ကနေ ရပ်တည်ပေးခဲ့ကြတာတွေ့ရပါတယ် ။ ဟာသ သရုပ်ဆောင် ကေညီကလည်း သူ့ စိတ်သဘောထားကောင်းတယ် ဆိုတာ ကျွန်တော်အပါအဝင် အနုပညာလောကသားအားလုံး သူ့ စိတ်ရင်းအမှန်ကို သိကြပါတယ် အကြောင်းအရာတစ်ခုအပေါ် …
Read More »Tag Archives: Myint Myat
မြင့်မြတ်ရဲ့ချစ်ဇနီးလေးမွေးနေ့အတွက် ဆုတောင်းပေးလိုက်တဲ့ ယုန်လေး
ပရိသတ်ရဲ့အချစ်တော်မြင့်မြတ်နဲ့ ယုန်လေးကတော့ အမြဲတမ်းတတွဲတွဲတွေ့မြင်ရလေ့ရှိတဲ့ သူငယ်ချင်းကောင်းတွေပါ။ ယုန်လေးရဲ့ဇာတ်ကားတွေမှာလည်း တွဲဖက်ညီညီသရုပ်ဆောင်လေ့ရှိကြတဲ့ သူတို့နှစ်ဦးကတော့ တစ်ယောက်အခက်အခဲကြုံချိန်မှာလည်း တစ်ယောက်က အသင့်ရှိလေ့ရှိကြတဲ့ သူငယ်ချင်းကောင်းတွေလို့ ဆိုရမှာပါ။ ဒီနေ့အောက်တိုဘာလ (၁၆) ရက်နေ့လေးကတော့ မြင့်မြတ်ရဲ့ဇနီးဖြစ်သူ မခင်သူအောင်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ ချစ်သူငယ်ချင်းရဲ့ ဇနီးအတွက် ယုန်လေးကတော့ Happy Birthday ပါ… မြင့်မြတ်ရဲ့ချစ်လှစွာသော ကျွန်တော်တို့ရဲ့ညီမ အာလျန်.. ယခုမွေးနေ့မှစ လိုတိုင်းတပြီး ဘာလုပ်လုပ်အဆင်ပြေပါစေ ဆိုပြီး သူတို့ရဲ့ပုံလေးတွေနဲ့အတူ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ မြင့်မြတ်တို့မိသားစုလေးကတော့ လူတိုင်းအားကျရတဲ့ မိသားစုလေးဖြစ်သလို အနေအေးပြီး ဘေးကနေ အကောင်းဆုံးပါရမီဖြည့်ပေးနေတဲ့ မြင့်မြတ်ရဲ့ဇနီးလေးကိုလည်း ပရိသတ်တွေက ချစ်ခင်နေရတာပါ။ လက်ရှိမှာတော့ မခင်သူအောင်က မြင့်မြတ်ရဲ့ဒုတိယမြောက်ရင်သွေးလေး ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပြီး မကြာခင်လပိုင်းအတွင်းမှာ ဘေဘီဂျင်းကောင်လေးနောက်တစ်ယောက်ကို တွေ့မြင်ရတော့မှာပါ ပရိသတ်ကြီးရေ.. ပရိသတ်ကြီးလည်း …
Read More »ဒိန်းဒေါင်ရဲ့ ချွန်တွန်း ပရဟိတမှာ သုံးသိန်း ပါဝင်အားဖြည့်ပေးခဲ့တဲ့ မြင့်မြတ်
လတ်တလော ဒိန်းဒေါင်ရဲ့ပရဟိလှုပ်ရှားမှုတွေကတော့ မြင်သူတိုင်း ကြည်နူးပီတိဖြစ်စရာပါ။ အလှူရှင်တွေ လှူဒါန်းပေးလိုက်တဲ့ အလှူပိုက်ဆံတွေကို အောက်ခြေလူတန်းစား တကယ်ခက်ခဲနေတဲ့သူတွေဆီအရောက် ကိုယ်တိုင်လိုက်လံလှူဒါန်းပေးနေတဲ့သလို ပရိသတ်ကြီးလည်း ကြည်နူးသဒ္ဓါပွားစေဖို့ နေ့စဉ်မျှဝေပေးလျက်ရှိပါတယ်။ အခုလို ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတမှာ ရုပ်ရှင်သရုပ်ဆောင်မြင့်မြတ်ကတော့ သုံးသိန်းပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ မြင့်မြတ်ကတော့ မြန်မာနိုင်ငံမှာကိုဗစ်ကပ်ရောဂါစတင်ကတည်းက လိုအပ်နေတဲ့နေရာတွေကို ဆက်တိုက်ကူညီနေသူပါ။ မနေ့ကလည်း ရုပ်ရှင်စက်မှုသာရေးနာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအသင်းကို အလှူငွေဆယ်သိန်းလှူဒါန်းပေးခဲ့သလို ဒီနေ့မှာလည်း ဒိန်းဒေါင်ရဲ့ချွန်တွန်းပရဟိတအလုပ်တွေအတွက် သုံးသိန်းလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ချွန်းတွန်းပရဟိတရဲ့ထုံးစံအတိုင်း မြင့်မြတ်လှူဒါန်းပေးလိုက်တဲ့ပိုက်ဆံတွေကတော့ တကယ့်ကို ခက်ခဲနေတဲ့ ဟိုးအောက်ခြေက လူတွေဆီအထိ ရောက်သွားမှာမို့ တကယ်ကိုအကျိုးများမယ့် ကုသိုလ်ပါပဲ ပရိသတ်ကြီးရေ… အခုလို ရိုက်ကူးရေးတွေရပ်နားထားရပြီး ဝင်ငွေမရှိချိန်မှာတောင် အလှူရှင်တွေရဲ့ဒါနကို ထိထိရောက်ရောက်ဖြစ်အောင် ကိုယ်တိုင်လှူဒါန်းပေးနေတဲ့ ဒိန်းဒေါင်နဲ့ သူ့ရဲ့အလှူကို ပါဝင်အားဖြည့်ပေးခဲ့တဲ့ မြင့်မြတ်တို့မိသားစုအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး …
Read More »ယုန်လေးရဲ့ Challenge ကိုလက်ခံပြီး ပတ်ဝန်းကျင်ကလူတွေကို ကူညီပေးခဲ့တဲ့ မြင့်မြတ် နဲ့ Jenny
ပရိသတ်ကြီးရေ.. မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက ပြည်သူချစ်အနုပညာရှင်တချို့ငွေအား၊လူအားနဲ့ တက်ညီလက်ညီ ကူညီနေကြတာကို အခုအချိန်ထိတွေ့မြင်ရမှာပါနော်။ ကိုဗစ်ပထမလှိုင်းကတည်းက ချို့တဲ့သူတွေကို ဆက်တိုက်ကူညီပေးလာတဲ့ယုန်လေးကတော့ သူကိုယ်တိုင်လည်း ကူညီနေသလို မိတ်ဆွေအပေါင်းအသင်းတွေကိုပါ တတ်နိုင်သလောက် ကူညီပေးကြဖို့ Challenge ခေါ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်က ချို့တဲ့သူတွေအတွက် အကူအညီလေးရအောင် ပိုက်ဆံလှူပေးကြဖို့ Challenge ခေါ်ခဲ့ပြီး သူ့ရဲ့ Challenge ကို ပထမဆုံးလက်ခံခဲ့သူကတော့ မြင့်မြတ်ပါ။ မြင့်မြတ်တို့မိသားစုကတော့ မြောက်ဒဂုံမြို့နယ် သံဃာတော်အရှင်သူမြတ်များနဲ့ အခြေခံလူတန်းစားများအတွက် ထီလက်မှတ်များလှူဒါန်းပေးခဲ့သလို မနေ့ကတော့ Jenny က သူတို့သားအမိနှစ်ယောက်စလုံးလည်း ယုန်လေးရဲ့ Challenge ကိုလက်ခံကာ ပတ်ဝန်းကျင်မှာရှိတဲ့အခြေခံလူတန်းစားတွေကို ပိုက်ဆံနဲ့ထီလက်မှတ်တွေ လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။ အခုလိုကာလကြီးမှာ အစိုးရက ချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်း နေထိုင်ဖို့ကလည်း အရေးကြီးသလို …
Read More »မရမ်းကုန်းမြို့နယ်က အခြေခံလူတန်းစားတွေအတွက် ဆန်အိတ်နဲ့ ဆီဘူးတွေလှူဒါန်းပေးခဲ့တဲ့ မြင့်မြတ်
မြန်မာနိုင်ငံမှာ ကိုဗစ်ကာလစတင်ကတည်းက အလုပ်တချို့ရပ်သွားတာကြောင့် ခက်ခဲနေတဲ့အခြေခံလူတန်းစားတွေကို တတ်နိုင်သူတွေက ကူညီပေးခဲ့ကြပြီး ကိုဗစ်ပထမလှိုင်းကို အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ အခုလို လှူဒါန်းကြတဲ့သူတွေထဲမှာ ငွေကြေးတတ်နိုင်သူတွေသာမက ပြည်သူချစ်အနုပညာရှင်တွေပါ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် အလုပ်တွေပြန်စပြီး ခဏအကြာမှာပဲ ဒုတိယလှိုင်းစတင်ခဲ့ပြန်တာကြောင့် အလှူရှင်တွေ လှူဒါန်းနိုင်ပါ့တော့မလား စိုးရိမ်နေကြရတဲ့ အနေအထားရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုလို ကိုဗစ်ဒုတိယလှိုင်းမှာ မြင့်မြတ်ကတော့ ပထမဆုံးအကြိမ်လှူဒါန်းမှုစတင်ခဲ့ပြီ ဖြစ်ပါတယ်။ မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်က အခြေခံလူတန်းစားတွေအတွက် ဆန်အိတ်နဲ့ ဆီများကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။ အခုလို လူတော်တော်များများ ခက်ခဲနေတဲ့ကာလကြီးမှာ ရှိတဲ့သူက မရှိတဲ့သူကို ကူညီဖေးမရင်း ဒီကာလဆိုးကြီးကို ဖြတ်သန်းဖို့ကြိုးစားနေကြတာကတော့ တကယ်ကို မင်္ဂလာတစ်ပါးပါပဲ ပရိသတ်ကြီးရေ… လူအား၊ငွေအားနဲ့ တတ်နိုင်သမျှကူညီနေကြတဲ့လူတွေကြားမှာ သရုပ်ဆောင်မြင့်မြတ်လည်း …
Read More »ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ မြင့်မြတ်နဲ့ သားလေးမြတ်သူ
ပရိသတ်ကြီးရေ ဒီနေ့သြဂုတ်လ(၇) ရက်နေ့လေးကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်နဲ့ သားလေး မြတ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ အချိန်တိုအတွင်းမှာ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူဖြစ်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အချစ်၊ အလွမ်း၊ အကြမ်း၊ ဟာသ ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့မြင့်မြတ်ကတော့ ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားသလို ချစ်ဖို့ကောင်းတဲ့ ဇနီးလေး၊ သားလေးမြတ်သူနဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ကြုံတောင့်ကြုံခဲမွေးနေ့ရက်ခြင်းတူတဲ့ ဖေဖေမြင့်မြတ်နဲ့သားလေးမြတ်သူရဲ့မွေးနေ့ရက်မြတ်လေးကိုတော့ မွေးနေ့မနက်အစ(၁၂)နာရီတိတိမှာ ချစ်ရတဲ့မိသားစုနဲ့အတူ မွေးနေ့ကိတ်လေးခွဲရင်း စတင်ခဲ့ပါတယ် ပရိသတ်ကြီးရေ… ဒုတိယရင်သွေးလေးလည်း ပိုင်ဆိုင်တော့မှာဖြစ်တဲ့ ဖေဖေမြင့်မြတ်တစ်ယောက် ဒီနေ့မွေးနေ့လေးကစပြီး ဒီထက်မကပျော်ရွှင်စရာတွေကြုံတွေ့ရပြီး လာမယ့်အကယ်ဒမီပေးပွဲကြီးမှာလည်း ရုပ်ရှင်ထူးချွန်ဆုတွေ ထပ်မံပိုင်ဆိုင်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ Source – Myat …
Read More »ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြတဲ့ မြင့်မြတ်မန်နေဂျာနဲ့ မြတ်သူလေးရဲ့ ကြည်နူးဖွယ်အလှူလေး
ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သလို သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် လူကြီးလူငယ်မရွေး သဘောကျတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မြင့်မြတ်က မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းတတ်တဲ့ သဒ္ဒါတရားထက်သန်တဲ့ မင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး ပရိသတ်ကြီးရေ ..။ ဒီနေ့ ဇူလိုင်လ (၄) ရက်နေ့မှာတော့ သရုပ်ဆောင်မြင့်မြတ်ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်တွေကို အမြဲမျှဝေပေးနေတဲ့ မြင့်မြတ်မန်နေဂျာဖြစ်တဲ့ ကိုမြတ်ဝေထွန်းက ဂျူနီယာ ဂျင်းကောင်လေး မြတ်သူနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပန်ဆင်၍ ဝါဆိုသင်္ကန်းကပ်လှူဒါန်း ကုသိုလ်ကောင်းမှုများပြုခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ် ။ မြင့်မြတ်ရဲ့ …
Read More »