ပရိသတ်အချစ်တော်အဆိုတော်မျိုးကြီးကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးပထမလှိုင်းဖြစ်ပွားချိန်မှာ ကူးစက်ခံခဲ့ရပြီး သက်သာပျောက်ကင်းခဲ့သူပါ။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကိုစနစ်တကျကုသပြီး သက်သာပျောက်ကင်းသွားသူ (၂၆၈၁) ယောက်ရှိနေပြီဖြစ်ပါတယ်။ အခုလိုသက်သာပျောက်ကင်းသွားသူတွေထဲက အဆိုတော်မျိုးကြီးတို့ဇနီးမောင်နှံနဲ့ အဆိုတော်နီတာတို့ကတော့ သွေးရည်ကြည်ကုထုံးအတွက် သူတို့ရဲ့သွေးကိုပြန်လည်လှူဒါန်းပေးခဲ့တာ နှစ်ကြိမ်မြောက်ရှိနေပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးဖြစ်ပွားပြီး ပြန်လည်သက်သာပျောက်ကင်းလာသူတွေရဲ့သွေးထဲမှာ ဒီရောဂါပိုးကို […]