ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူအတန်းရက်ရောလွန်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေလည်း သိကြမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ဒီဇိုင်နာတစ်ဦးအနေနဲ့လည်း ရပ်တည်နေပါသေးတယ်။ မကြာခဏဆိုသလိုအလှူလုပ်လေ့ရှိတဲ့မျိုးမင်းစိုးကတော့ ငွေကြေးမတတ်နိုင်တဲ့ကင်ဆာရေဂါသည်တစ်ယောက်ကို “ဒီနေ့ပီတိဖြစ်ခဲ့တဲ့အလှူလေးတစ်ခု ကင်ဆာရောဂါဝေဒနာခံစားရပြီးဆေးသွင်းကုသဖို့ငွေကြေးအခက်အခဲဖြစ်နေတဲ့ညီမငယ်လေးတစ်ဦးအတွက် ကျနော်တတ်နိူင်တဲ့ငွေလေးနဲ့ လှုဒါန်းဖြစ်ခဲ့တာလေးပါ။ မိတ်ဆွေသူငယ်ချင်းများလည်းတတ်အားသရွှေ့လှုနိုင်ပါကြောင်း နိုးဆော်ပေးရပါတယ်။ အကျိုးဆောင်ပေးတဲ့ချစ်ညီမလေး Dr WaiMon Thant ကိုလည်းကျေးဇူးအထူးတင်ပါတယ်နော်…. […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားသူဖြစ်သလို စိတ်စေတနာကောင်းမွန်သူလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေရက်ရက်ရောရောပြုသူတစ်ယောက်ဖြစ်တာကြောင့် ဘွဲ့တံဆိပ်တွေလည်း ရရှိထားသူပါ။ အခုလည်း မထင်မှတ်ဘဲနဲ့အိမ်မှာရှိတဲ့ဆန်တွေနဲ့ အလှူပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဒီနေ့ကျန်တော့်ဆိုင်ရှေ့မှာလမ်းခင်းကြတဲ့စည်ပင်မှဝန်ထမ်းလုပ်သား(၃၁)ဦးကို တစ်ဦးလျှင် ဆန်တစ်ပြည်၊ ငွေတစ်သောင်းကျပ်( ၁၀၀၀၀ကျပ်) ရေသန့်ဗူး မုန့်များ ကို […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာအဖြစ်ရပ်တည်နေသလို ရရှိသမျှဝင်ငွေတွေကိုလည်း အမြဲလိုလိုလှူဒါန်းမှုပြုနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏလှူဒါန်းမှုတွေပြုခဲ့ပြီး အခုလည်း ကိုဗစ်ကြောင့်စားဝတ်နေရေးအခက်ကြုံနေတဲ့မိသားစုတွေကို လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူအကြောင်းကိုသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့အလှူ ၂၃-၁၂-၂၀၂၀ ဆန်(၂၄)ပြည်အိတ် ( ၃၄၀ )အိတ် ၊PPE ဝတ်စုံ၂၀၀၊ ခေါက်ဆွဲခြောက်ထုတ် (၉၀၀) […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူမတူတဲ့ဒီဇိုင်းလက်ရာတွေကြောင့်နာမည်ကျော်သလို အလှူအတန်းရက်ရက်ရောရောပြုလေ့ရှိတာကြောင့်လည်း လူသိများပါတယ်။ မျိုးမင်းစိုးကတေ့ာ အလှူအတန်းတွေမကြာခဏပြုလေ့ရှိသူဖြစ်ပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေလည်း ရရှိထားတဲ့သူတစ်ယောက်ပါ။ အခုလိုကိုဗစ်ကာလမှာလည်း အလှူရေစက်လက်နဲ့မကွာ ဆက်လက်လှူဒါန်းလျက်ရှိနေပါတယ်။ ဒါကြောင့်လည်း ဂုဏ်ပြုလွှာလက်မှတ်တစ်ခုထပ်မံရရှိခဲ့ပြန်ပါပြီ။ အဲ့ဒီအကြောင်းကိုလည်း “ကျန်တော့်ရဲ့စေတနာလေးကိုအခုလိုပြန်ပြီးတန်ဖိုးထားအသိအမှတ်ပြုပေးလို့မဟာအောင်မြေမြို့နယ်အရှေ့ရပ်ကွက်မှရပ်မိရပ်ဖများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့မှတာဝန်ရှိသူများကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မာရေးသားထားပါတယ်။ မျိုးမင်းစိုးကတော့ ရပ်ကွက်အတွင်းမှာနေထိုင်ကြသူတွေရဲ့ ကျန်းမာရေးနဲ့စားဝတ်နေရေးကိစ္စတွေအတွက် […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကျော်ဒီဇိုင်နာဖြစ်တာကြောင့် ပရိသတ်တွေသိကြမှာပါ။ သက်ဆိုင်ရာနယ်ပယ်မှာထူးချွန်တဲ့အပြင် စိတ်စေတနာကောင်းမွန်တဲ့ ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လေးစားခံရသလို လူချစ်လူခင်ပေါလှတာပါ။ မျိုးမင်းစိုးရဲ့ဝန်ထမ်းတွေကတော့ သီတင်းကျွတ်အစဉ်အလာမပျက်ကန်တော့ခဲ့ကြပါတယ်။ မျိုးမင်းစိုးကလည်း မုန့်ဖိုးလည်းပေးသလို ဆုတွေလည်း ပေးရင်းအချိန်ကုန်ဆုံးခဲ့တဲ့ကြည်နူးစရာအမှတ်တရလေးပါ။ အဲ့ဒီအကြောင်းကိုလည်း ပြန်လည်မျှဝေရင်း ပရိသတ်တွေကိုလည်း အပျော်တွေကူးစက်စေခဲ့ပါတယ်။ […]

မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပြောင်မြောက်တဲ့ဖန်တီးမှုလက်ရာတွေအပြင် အလှူအတန်းများစွာပြုလေ့ရှိတဲ့ ပရဟိတစိတ်အပြည့်ရှိသူဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတာပါ။ မျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာပီသစွာဖက်ရှင်အမြင်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ခေတ်မှီနေဆဲဖြစ်တဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေလာတာပါ။ အဲ့ဒီအကြောင်းကိုတော့ “လွန်ခဲ့သော(7)နှစ်က ASEAN Fashion Week (2013)ပွဲတုန်းက ဂျပန်မှာ […]

ဒီဇိုင်နာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ဒီဇိုင်နာမျိုးမင်းစိုးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေ အားပေးချစ်ခင်မှုအပြည့်အဝရရှိထားသူတစ်ယောက်ပါ။ သူကတော နောက်ပိုင်းမှာ ကြော်ငြာလေးတွေပါ ရိုက်ကူးလာပြီး အလှူအတန်းရက်ရောသူပီပီ ရလာတဲ့အနုပညာကြေးကို ပြန်လည်လှူဒါန်းပေးနေပါတယ်။ လတ်တလောကိုဗစ်ကာလ ဆိုင်တွေပိတ်ထားရတဲ့အချိန်မှာ အွန်လိုင်းကနေ အနုပညာရှင်တွေ Live လွှင့်ဈေးရောင်းတာကတော့ ခေတ်စားနေသလို […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်းလက်ရာကောင်းတွေကိုဖန်တီးလေ့ရှိတဲ့မန္တလေးမြို့ရဲ့ နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်သလို အလှူရေစက်လက်နဲပမကွာလှူတန်းလေ့ရှိတာကတော့ မျိုးမင်းစိုးရဲ့စေတနာသဒ္ဓါတရားထက်သန်တဲ့စိတ်ဓာတ်ကြောင့်လို့ ဆိုရမှာပါ။ အလှူအတန်းရက်ရောလွန်းတာကြောင့် ဘွဲ့တံဆိပ်တွေလည်းရထားတဲ့မျိုးမင်းစိုးကတော့ ဓာတ်ပုံရိုက်ကူးရင်းနဲ့တောင်မှ လမ်းကြုံရင်အလှူလုပ်လေ့ရှိတဲ့သူပါ။ အခုလည်း မန္တလေးအနီးတစ်ဝိုက်ဓာတ်ပုံလေးတွေရိုက်ရင်း အကျိုးရှိအောင်အလှူလှူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူသွားတဲ့နေရာမှာတော့ လူသူနည်းပြီး နွားကျောင်းသူတွေပဲရှိလို့ ဆန်၊ဆီနဲ့ Mask […]

တစ်ခေတ်တစ်ခါက ကြော်ငြာဘုရင်မလို့ ပရိသတ်တွေတင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ထက်ထက်ကတော့ ပရိသတ်တွေနဲ့ နှစ်အနည်းငယ်လောက်ကွာဝေးခဲ့ပြီးနောက် အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်နဲ့ ပြန်လည်ရောက်ရှိလာသူပါ။ လတ်တလော အနုပညာရှင်တွေအကုန်လုံး ရိုက်ကူးရေးတွေရပ်နားထားရချိန်မှာတောင် ထက်ထက်ကတော့ နေ့တိုင်းဆိုသလို စိန်ရွှေရတနာဆိုင်တွေနဲ့ ကုန်ပစ္စည်းအမျိုးမျိုးကို Live လွှင့်ဈေးရောင်းဖို့ ကမ်းလှမ်းခြင်း ခံနေရသလို […]

အလှူအတန်းနဲ့ပတ်သက်ပြီး ဘယ်တော့မှ လက်မနှေးတတ်တဲ့ပရိသတ်အချစ်တော် ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီတစ်ခေါက်မှာလည်း မိတ်ကပ်ဆူးရဲ့အလှူလေးမှာ ပါဝင်အားဖြည့်ခဲ့ကြောင်း မျှဝေလာပါတယ်။ မိတ်ကပ်ဆူးကတော့ အခုလိုကိုဗစ်ကာလ အလုပ်အကိုင်ပွဲလမ်းသဘင်တွေအကုန် ရပ်နားထားရတဲ့အချိန်မှာ ခက်ခဲနေကြမယ့် အငယ်တန်းမိန်းမလျာလေးများအတွက် အလှူတစ်ခုလုပ်ပေးနိုင်ဖို့ စီစဉ်နေသူပါ။ မန္တလေးနဲ့ မေမြို့အနီးအနားမှာရှိတဲ့ ခက်ခဲနေတဲ့မိန်းမလျာအငယ်လေးများအတွက် အကျီၤတချို့လှူဒါန်းပေးဖို့ […]