ဆယ်ကျော်သက်မင်းသားတစ်လက်ဖြစ်တဲ့ Nam Da Reum ကိုတော့ ပရိသတ်တွေသိကြမှာပါ။ နာကလေးသရုပ်ဆောင်အနေနဲ့ အနုပညာအလုပ်တွေစလုပ်ခဲ့ပြီး နာမည်ကျော်ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါ။ The Great Shaman Ga Doo Shim ဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ခဲ့ဖူးပါတယ်။ Nam Da Reum ကတော့နောက်အပတ်ကစတင်ပြီး စစ်မှုထမ်းတော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေဆီကို ဖေဖော်ဝါရီလ(၈)ရက်နေ့ကစပြီး စစ်မှုထမ်းဆောင်တော့မယ့်အကြောင်းကို ပြောပြခဲ့ပါတယ်။ မင်းသားကတော့လက်ရှိအသက်(၁၉ နိုင်ငံတကာအသက်) ကိုရီးယားအသက်နဲ့ဆိုရင်တော့ (၂၁) နှစ်သာရှိသေးတာဖြစ်ပြီး စစ်မှုထမ်းဆောင်ဖို့မလိုအပ်သေးပါဘူး။ ဒီလိုစောစီးစွာစစ်မှုထမ်းဆောင်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ Nam Da Reum ကတော့ သူဟာ ကိုရီးယားအသက်နဲ့ဆိုရင်(၂၀) ကတည်းကမသွားနိုင်ပေမယ့် (၂၁) နှစ်မှာသွားနိုင်တာကြောင့် စိတ်သက်သာရာရတယ်လို့ဆိုပါတယ်။လူကြီးတစ်ယောက်အနေနေဲ့ရော သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ပိုမိုကောင်းမွန်တဲ့ဗားရှင်းကိုဖြစ်လာဖို့ကြိုးစားမယ်လို့ဆိုပါတယ်။ …
Read More »