အလှမယ်နန်းခင်ဇေယျာကတော့ မကြာခဏဆိုသလို ပရဟိတလုပ်ငန်းတွေမှာ လူအား၊ငွေအားနဲ့ တတ်အားသရွေ့ကူညီလေ့ရှိသူတစ်ယောက်ပါ။ ကိုဗစ်ကာလစတင်ကတည်းက မာလာရှမ်းကောစတင်ရောင်းချခဲ့ပြီး အဲ့ဒီက ရတဲ့အမြတ်လေးတွေကို ပြန်လည်လှူဒါန်းပေးနေတဲ့ နန်းခင်ကတော့ မကြာသေးခင်ကမှ မန္တလေးမြို့ သက်ကြီးအဘိုးအဘွားများအတွက် တတ်နိုင်သလောက်လှူဒါန်းပေးခဲ့သလို ဒီတစ်ခေါက်မှာတော့ ရခိုင်ပြည်နယ် ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်တာလေးတွေလှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။ […]

အလှမယ်နန်းခင်ဇေယျာကတော့ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း လူသားအကျိုးပြုအလုပ်တွေပါ လုပ်ကိုင်နေသူပါ။ စံပြအလှမယ်တစ်ယောက်အနေနဲ့ လူအား၊ငွေအားနဲ့ လိုအပ်တဲ့နေရာတိုင်းကို တတ်နိုင်သမျှကူညီနေသူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း မန္တလေးမြို့က သက်ကြီးအဘိုးအဘွားတွေအတွက် မွန်မြတ်တဲ့စေတနာအရင်းခံပြီး လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ နန်းခင်ကတော့ ကိုဗစ်ကာလစတင်ကတည်းက ရန်ကုန်မှာ မာလာရှမ်းကောရောင်းချခဲ့သူဖြစ်ပြီး နန်းခင်ရဲ့မာလာရှမ်းကောကတော့ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ […]