Tag Archives: Nattshine Ko

မွေးနေ့မှာ ချစ်ခင်ရသူတွေ အများကြီးဆုတောင်းပေးတာလိုချင်ပါတယ်ဆိုတဲ့ နက်ရှိုင်းကို

နက်ရှိုင်းကို ကိုတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပရိသတ်တွေစတင်သတိထားမိခဲ့ကြမှာနော်။ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေးတစ်ယောက်အဖြစ် ပရိသတ်အသိမှတ်ပြုအားပေးခြင်း ရရှိခဲ့တဲ့ နက်ရှိုင်းကိုကတော့ ” နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲထဲမှာလည်း အောင်အောင် ဇာတ်ကောင်ကို အကောင်းဆုံးပုံဖော်နိုင်ခဲ့ပါသေးတယ်။ ဒီနေ့ သြဂုတ်လ(၅) ရက်နေ့လေးကတော့ အောင်အောင်ရဲ့ မွေးနေ့ရက်မြတ်လေးပါ။ မွေးနေ့ရောက်ဖို့ အစောကြီးကတည်းက ကြိုရင်ခုန်နေခဲ့သလို ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာလည်း ချစ်ခင်ရသူတွေဆီက ဆုတောင်းစကားတွေ အများကြီးရဖို့ မျှော်လင့်နေပါတယ်တဲ့ ပရိသတ်ကြီးရေ.. “Happy Birthday To me အသက်တစ်နှစ်ကြီးလာပါပြီ… မွေးနေ့လေးမှာ ပျော်အောင်ထားပေးကြပါနော်… ချစ်ခင်ရသူလေးတွေရဲ့ BD Wish လေးတွေမျှော်လင့်လျက်” ဆိုပြီး မွေးနေ့မှာဖြစ်ချင်တဲ့အရာလေးကို မျှဝေခဲ့ပါတယ်။ ဒီနေ့မွေးနေ့လေးမှစပြီး ဒီထက်မက အနုပညာခရီးလမ်းမှာ အောင်မြင်မှုတွေများစွာနဲ့ လျှောက်လှမ်းနိုင်ပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကို …

Read More »
x