Tag Archives: Nay Lin Kyaw

MV လေးအပြီးသတ်ရိုက်ကူးနေပြီမို့ မကြာခင်မှာ သီချင်းလေးတွေထွက်ရှိလာတော့မယ့် နေလင်းကျော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် နေလင်းကျော်ကတော့ သူ့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းလေး ထွက်ရှိလာဖို့ ကြိုးပမ်းနေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။ နေလင်းကျော်ကတော့ သူ့အတွက် ပထမဆုံးသီချင်းလည်းဖြစ်သလို အားပေးနေကြတဲ့ အမာခံပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကို ဖန်တီးပေးချင်တာကြောင့် အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။ နေလင်းကျော်က ပရိသတ်တွေ စောင့်မျှော်နေတဲ့ သူ့ရဲ့ပထမဆုံးသီချင်းလေးကို MV လေးနဲ့ တခါတည်း ထွက်ရှိလာမှာဖြစ်ပြီး လတ်တလောမှာ MV လေးကို အပြီးသတ်ရိုက်ကူးနေပြီဖြစ်တာကြောင့် လာမယ့် သြဂုတ်လမှာ သီချင်းလေးထွက်ရှိလာတော့မယ့်အကြောင်းကို ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိတ်တွေကို အသိပေးကြေညာလိုက်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “အလွမ်းနဲ့ မိုး” လို့အမည်ပေးထားပြီး နေလင်းကျော်ကိုယ်တိုင် ရေးသားထားတာပါ။ ဒီသီချင်း MV လေးမှာ ပါဝင်ကူညီပေးတဲ့ တစ်ယောက်ချင်းစီကိုလည်း နေလင်းကျော်ကကျေးဇူးတင်ကြောင်းပြောထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ နေလင်းကျော်ရဲ့ …

Read More »

အခက်အခဲ အတိုက်အခိုက်တွေကြားကနေ သူ့အတွက် အများကြီးကြိုးစားပေးခဲ့တဲ့ မန်နေဂျာကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ နေလင်းကျော်

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးတဲ့အဆိုတော်တစ်ယောက်ဖြစ်လာခဲ့သူ နေလင်းကျော်ကတော့ ပြိုင်ပွဲမဝင်ခင်က လူမှုရေးပြဿနာအချို့ကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူပါ။ အားပေးသူရှိသလို အပုတ်ချသူတချို့ကြောင့်လည်း နေလင်းကျော်ကတော့ ခက်ခက်ခဲခဲရုန်းကန်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီနေ့မှာတော့ ဒီလိုအခက်အခဲတွေကြားကနေ အနုပညာအလုပ်တွေရှေ့ဆက်နိုင်ဖို့ အကောင်းဆုံးကူညီပေးခဲ့တဲ့ သူ့ရဲ့မန်နေဂျာကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” ကျွန်တော် နဲ့ ကျွန်တော့် မန်နေဂျာ အလုပ်အတူတွဲလုပ်လာတာ Myanmar Idol ပြီးတည်းက အခုဆို (၈) လရှိပြီ… ဒီကြားကာလတွေမှာ အခက်အခဲတွေ အတိုက်အခိုက်တွေကြားထဲကနေ အလုပ်တွေ သီချင်းတွေလည်း ကြိုးစားလုပ်ခဲ့တယ်… ကျွန်တော့်အလုပ်တွေ Case တွေအတွက် အတူကြိုးစားပေးခဲ့လို့ ကျေးဇူးပါ ဂျာကြီးရေ … ရှေ့ဆက်ပြီးတော့လည်း အလုပ်တွေ အများကြီး ဆက်လုပ်ကြတာပေါ့ … Whatever …

Read More »

ချစ်စမ်းမောင်နဲ့အတူတူ သီချင်းတွေဖန်တီးနေတဲ့ နေလင်းကျော်

နေလင်းကျော်ကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူတစ်ယောက်ပါ။ လက်ရှိမှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်အောင်ကြိုးစားနေပြီး ကိုယ်ပိုင်သီချင်းတွေ ထွက်ရှိလာဖို့ကိုလည်း နေလင်းကျော်က အင်တိုက်အားတိုက် ကြိုးစားနေပါသေးတယ်။ လတ်တလောမှာတော့ နေလင်းကျော်က သီချင်းကောင်းလေးတွေကို ဆရာ ချစ်စမ်းမောင်နဲ့ အတူ ဖန်တီးနေတဲ့ အကြောင်း သူ့ရဲ့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ “ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်။ ကျွန်တော် ငယ်ငယ်တည်းက ခုချိန်ထိ လေးစားအားကျခဲ့ရတဲ့ ကျွန်တော့်ရဲ့Guitar Hero ဆရာချစ်စမ်းမောင်နဲ့ အတူ အလုပ်တွဲလုပ်ခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ် “လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ နေလင်းကျော်ရဲ့ ကိုယ်ပိုင်သီချင်းလေးတွေက Mixing ပြီးသွားပြီဖြစ်တဲ့အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးတွေထဲက …

Read More »

ပရိသတ်တွေသဘောကျနေခဲ့တဲ့ နေလင်းကျော်ရဲ့ နှစ်ယောက်တစ်အိပ်မက် သီချင်း Cover သီဆိုမှု

နေလင်းကျော်ကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ နေလင်းကျော်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Cover သီချင်းသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးခဲ့ပါတယ်။ နေလင်းကျော်က နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ “နှစ်ယောက်တစ်အိပ်မက်” ဆိုတဲ့ သီချင်းလေးကို ကိုယ်တိုင်ဂစ်တာတီးပြီး Cover Song ပြန်လည်သီဆိုခဲ့တာပါ။ ဒီသီဆိုထားတဲ့ Cover Song သီဆိုမှုဗီဒီယိုဖိုင်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ပရိသတ်တွေ နားဆင်လို့ရအောင်တင်ဆက်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ နေလင်းကျော်ရဲ့ Cover Song သီဆိုမှုကို နားဆင်ပြီးတဲ့နောက်မှာ သဘောကျနှစ်သက်ကြောင်းမှတ်ချက်ပေးနေခဲ့ကြပါတယ်။ နေလင်းကျော်ရဲ့ “နှစ်ယောက်တစ်အိပ်မက်” သီချင်း Cover သီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးကို CeleGabar ပရိသတ်ကြီးတွေထဲက နေလင်းကျော်ရဲ့ ပရိသတ်တွေရော နားဆင်ပြီးကြပြီလား။ …

Read More »
x