ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်နေမင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်မို့ ပရိသတ်တွေရဲ့အသိမှတ်ပြုအားပေးခြင်းရရှိထားသူတစ်ယောက်ပါ။ ဒီနေ့ သြဂုတ်လ(၆) ရက်နေ့ကတော့ နေမင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေကတော့ နေမင်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ ဒါ့အပြင် နေမင်းရဲ့အမာခံပရိသတ်တွေကတော့ သူတို့ချစ်ခင်ရတဲ့အနုပညာရှင်အတွက် ပကာသနမဖက်တဲ့ တန်ဖိုးကြီးလက်ဆောင်တစ်ခုကို ပေးခဲ့ပါတယ်။ […]

ပရိသတ်တွေရဲ့အချစ်တော်နေမင်းတစ်ယောက် လမ်းဘေးမှာ ပန်းရောင်းနေကြတဲ့ကလေးတွေအတွက် သူထူးထူးခြားခြားလေးစဉ်းစားပြီး လုပ်ပေးဖြစ်ခဲ့တဲ့အလှူလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ မနက်ဆိုကျောင်းတက်၊ ညဆိုပန်းရောင်းရင်း ဘဝကိုအဆင်ပြေသလိုဖြတ်သန်းနေရတဲ့သူတို့လေးတွေအတွက် ပျော်ရွှင်စရာတစ်ရက်တာဖန်တီးပေးဖို့ ရည်ရွယ်ခဲ့ပြီး ရည်ရွယ်ထားတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ နေမင်းကတော့ ပန်းရောင်းတဲ့ကလေးတွေရဲ့ဘဝကို လေ့လာဖို့ ကိုယ်တိုင်အိမ်တိုင်ရာရောက်သွားရောက်ခဲ့ပြီး အဲ့လိုကိုယ်တွေ့သိမြင်လိုက်ရမှ သူထင်ထားတာထက်ပိုပြီးတော့ […]