Tag Archives: Nay Ye

သားငယ်နေရဲအတွက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ခင်လှိုင်

အနုပညာလောကမှာ ကာလအတော်ကြာပရိသတ်အချစ်ကို သိမ်းပိုက်ခဲ့တဲ့ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့သာမက အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ပရိသတ်အသိမှတ်အားပေးခြင်းရရှိလာသူပါ။ ဒါ့အပြင် သားဖြစ်သူနေရဲနဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်တို့ကတည်း ဖခင်ရဲ့အနုပညာအရည်အချင်းတွေကို ဆက်ခံကာ အနုပညာလောကထဲလျှောက်လှမ်းလာခဲ့ပြီး သူတို့မိသားစုလေးကတော့ ပရိသတ်တွေချစ်ခင်နေရတဲ့မိသားစုလေး ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဒီနေ့ စက်တင်ဘာလ(၂၄) ရက်နေ့လေးကတော့ ခင်လှိုင်ရဲ့သားငယ် နေရဲ ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ခင်လှိုင်ကတော့ သားဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ” ဖေဖေချစ်တဲ့သားငယ်လေး နေရဲ ဒီနေ့ကျရောက်သောမွေးနေ့ရက်မြတ်မင်္ဂလာမှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် သားချစ်သောမိသားစုကြီးနှင့်ပျော်ရွှင်စွာနေထိုင်နိုင်ပြီး သားမြတ်နိုးတန်ဖိုးထားတဲ့အနုပညာခရီးကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ … သားလိုချင်တဲ့မွေးနေ့လက်ဆောင် ဆိုင်ကယ်ကြီးကတော့ ကိုမြင့်နိုင်ကြီးပြီးမှဝယ်ပေးမယ်နော် အာဘွား” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ခင်လှိုင်တို့မိသားစုလေးကတော့ အရမ်းကိုစည်းလုံးချစ်ခင်ကြတဲ့မိသားစုလေးဆိုတာတော့ ပရိသတ်တွေလည်း တွေ့မြင်ကြမှာပါနော်။ သားသမီးတွေအကုန်လုံးကလည်း မိဘအပေါ်သိတတ်နားလည်သလို မိဘတွေကလည်း သားသမီးတွေလိုအပ်တာ …

Read More »
x