The Voice Myanmar ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ခင်ရတနာစိုးကတော့ ပြိုင်ပွဲတစ်လျှောက်လုံး နီနီခင်ဇော် ဦးဆောင်တဲ့ Team Ni Ni အဖွဲ့ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ ။ နီနီခင်ဇော်ရဲ့ သင်ကြားပြသမှုနဲ့ နွေးထွေးမှုတွေကြောင့် နီနီ့ကို လေးစားချစ်ခင်တဲ့ အထိမ်းအမှတ်နဲ့ နီနီခင်ဇော်ရဲ့ နာမည်လေးကို သူမရဲ့လက်မှာ တက်တူးထိုးခဲ့ပါတယ် ။ နီနီက သူမကို ဖိုင်နယ်မှာ ကြိုးပမ်းပေးခဲ့တာ အရမ်းကို မေတ္တာတရားကြီးမားလွန်းတဲ့အပြင် ငယ်ငယ်က မေမေကအနီးကပ်သင်ကြားပေးခဲ့ပြီး အသက်ကြီးလာတော့ မနီက မေမေ့လို မေတ္တာမျိုးကိုထပ်ပေးနိုင်တယ်လို့ ခင်ခင်က သူမရဲ့ခံစားချက်လေးတွေကို ဆယ်လီကမ္ဘာအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။ မနီအနားမှာကပ်ပြီးမချွဲတတ်ပေမယ့် မနီကိုတော့ သူမရဲ့ရင်ထဲမှာအရမ်းချစ်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။ တက်တူးလေးထိုးဖြစ်တာကလည်း နီနီရဲ့ …
Read More »Tag Archives: Ni Ni Khin Zaw
ချစ်သူကိုသတိရနေပြီး ဆောင်းတွင်းမှာတစ်ယောက်တည်းဆွေးနေရတဲ့သူတွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်စေမယ့် နီနီခင်ဇော်ရဲ့သီချင်းအသစ်
ပရိသတ်တွေချစ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ အခုလိုကိုဗစ်ကာလအတွင်းမှာလည်း အနုပညာဖန်တီးမှုတွေဆက်တိုက်လုပ်နေပုံပါပဲ။ နီနီခင်ဇော်ကတော့ ပါတီခင်ဇော် အယ်လ်ဘမ်ထွက်ရှိပြီးနောက် single သီချင်းတွေ ပရိသတ်တွေအတွက်ဖန်တီးပေးနေတာတွေ့ရပါတယ်။ အခုလည်း ဆောင်းရာသီနဲ့လိုက်ဖက်လွန်းတဲ့ အဆွေးသီချင်းလေးကို ဒီနေ့ညနေ(၆)နာရီမှာ ထွက်ရှိလာခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း “ဆောင်း… နီနီရဲ့ Official Youtube Channel မှာ ဦးဦးဖျားဖျားနားဆင်ပါ။ နီနီရဲ့အလုပ်တွေကိုအားတက်သရော(ချက်ချင်း)(အခုဆိုအခု)ဆောင်ရွက်ပေးသော အဖွဲ့ကိုကျေးဇူးတင်ပါတယ်။ ဒီသီချင်းက Call For Collaborationကရရှိထားတဲ့ မျိုးဆက်သစ်တေးရေးပါ။” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီသီချင်းလေးကတော့ ချစ်သူကိုသတိရနေပြီး ဆောင်းတွင်းမှာ တစ်ယောက်တည်းဆွေးနေရတဲ့သူတွေကတော့ ခံစားချက်နဲ့တိုက်ဆိုင်မှာ အသေအချာပါပဲ။ ပရိသတ်တွေနားဆင်လို့ရအောင် ပြန်လည်မျှဝေလိုက်ပါတယနော်… Source : NiNiKhinZaw
Read More »ပြိုင်ပွဲရဲ့နောက်ဆုံးညမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ရတဲ့အမှတ်တရတွေကိုပြောပြလာတဲ့ နီနီခင်ဇော်
နီနီခင်ဇော်ကတော့ ဂီတလမ်းကြောင်းမှာအောင်မြင်နေသူတစ်ယောက်ဖြစ်သလို The Voice Myanmar ပြိုင်ပွဲရဲ့ဒိုင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မနေ့ကတော့ ရဲ့ Season 3 ပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ Team RZN ရဲ့ ပြိုင်ပွဲဝင် N Oo L ကအနိုင်ရရှိသွားခဲ့တာဖြစ်ပြီး နီနီကတော့ အနိုင်ရရှိခဲ့တဲ့ N Oo L ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ဒါ့အပြင် Final ညမှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပုံဖော်ခဲ့တဲ့အကြောင်းကို “နီနီရွေးပေးတဲ့ နဂါးနီ နဲ့ သီချင်းတိုင်းကို ပုံဖော်သီဆိုပေးတဲ့ ခင်ခင့်ကိုကျေးဇူးတင်ပါတယ်.ခင်ခင့်ပရိသတ်တွေတယောက်ချင်းဆီကိုလည်း ကျေးဇူးပါတယ်.ကျမတို့ကြိုးစားတာတွေ အသိအမှတ်ပြုပေးလို့ကျေးဇူးပါရှင်.သူ့ဘဝရှေ့လျှောက်မှာပိုဝန်းရံပေးပါ.ခင်ခင်ဆိုတဲ့သီချင်းဟာကျမရဲ့ ကျွမ်းကျင်တဲ့ ဂီတအမျိုးအစားမဟုတ်တဲ့ အတွက် ပိုလို့ကြိုးစားစီစဉ်ပေးရပါတယ်.Semi Final ပြီးကထဲက တရက်မှမနား ခင်ခင်ဟာဆိုင်းပညာကို နေ့ ည သင်ကြားခဲ့ရပါတယ်. …
Read More »The Voice Myanmar Final ပြိုင်ပွဲမှာတွေ့မြင်ရတဲ့ မင်သက်သွားလောက်အောင်လှတဲ့ နီနီခင်ဇော်ရဲ့ ဝတ်စုံ
ပရိတ်သတ်ကြီးရေ Melody World အဆိုပြိုင်ပွဲကနေတစ်ဆင့် ဂီတလောကထဲစတင်လျှောက်လှမ်းလာတဲ့ နီနီခင်ဇော်ကတော့ အောင်မြင်တဲ့အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်နေသလို The Voice Myanmar ပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာတွေ့ရပါတယ် ။ ပွဲစဉ်တစ်လျှောက်လုံးမှာ သူမရဲ့အမိုက်စား ဖက်ရှင်တွေနဲ့ ပရိသတ်တွေကိုဖမ်းစားခဲ့တာပါ ။ ဒီနေ့ကတော့ The Voice Myanmar Season 3 Final Round မှာ ဝတ်ဆင်လာတဲ့ သူမရဲ့ ဖက်ရှင်ကြောင့် အားလုံး မင်သက်သွားခဲ့ရပါတယ် ။ နီနီဆိုတဲ့ အတိုင်း အနီရောင်တွေကို အများဆုံးဝတ်ဆင်တတ်တဲ့ နီနီခင်ဇော်ကတော့ ဒီ ဖိုင်နယ် ပြိုင်ပွဲမှာ အနီရောင် ချိတ် ထိုင်မသိမ်းလေးနဲ့ မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ မြင်တွေ့ရမှာဖြစ်ပြီး …
Read More »JOOX ရဲ့ နံပါတ်တစ်နေရာကိုရယူလိုက်တဲ့ နီနီခင်ဇော်ရဲ့Cover သီချင်း
နီနီခင်ဇော်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်ဂီတလောကရဲ့ကြယ်ပွင့်တစ်လက် ဆိုတာ ပရိသတ်တွေသိကြမှာပါ။ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေသလိုလက်ရှိထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar ပြိုင်ပွဲကြီးမှာလည်း ဒိုင်တစ်ယောက်အဖြစ်ပါဝင်ထားသူပါ။ နီနီကတော့ အနုပညာအလုပ်တွေအပြင် Super Red Cosmetics လုပ်ငန်းကိုလည်း တည်ထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ နီနီကတော့ မကြာသေးခင်က ထူးအိမ်သင်ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “မင်းမရှိတဲ့နောက်” ကို Cover ပြန်လည်သီဆိုခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့လည်း ထပ်တူကျခဲ့တာကြောင့် အားပေးသူလည်း များခဲ့ပါတယ်။ ဒါကြောင့်လည်း တေးချစ်သူတွေအသုံးပြုကြတဲ့ JOOX အပ်ပလီကေးရှင်းမှာတော့ ဒီတစ်ပတ်ရဲ့ Myanmar Top 10 Social Chart ရဲ့ အားပေးမှုအများဆုံး သီချင်း ၅ ပုဒ်ရဲ့ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ …
Read More »ဒီနေ့ည Battle Round မှာ တလက်လက်ထနေတဲ့ အနက်ရောင်ဝတ်စုံနဲ့ တွေ့မြင်ရမယ့် နီနီခင်ဇော်
မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အမျိုးသမီးအဆိုရှင်တစ်ယောက်ဖြစ်သူ နီနီခင်ဇော်ကတော့ အမိုက်စားအသံရှင်ပိုင်ရှင်တစ်ယောက်ဖြစ်ရုံမက ဖက်ရှင်ပိုင်းကိုလည်း သေချာဂရုစိုက်ဝတ်ဆင်တတ်သူတစ်ယောက်ပါ။ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးသီချင်းဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးရဲ့ ဒိုင်အဖြစ် သုံးနှစ်ဆက်တိုက် ဆောင်ရွက်နေရသူလည်း ဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကာလမှာ ပြန်လည်စတင်နေပြီဖြစ်တဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Blind Audition မှာတော့ နီနီကို နီနီခင်ဇော်ဆိုတဲ့နာမည်လေးအတိုင်း ပေါ့ပါးပြီး အမိုက်စားပေါ်လွင်နေတဲ့ အနီရောင်အင်္ကျီလေးနဲ့တွေ့မြင်ခဲ့ရမှာဖြစ်ပြီး ဒီနေ့ည Battle Round မှာ ဘယ်လိုဖက်ရှင်မျိုးနဲ့ တွေ့မြင်ရမလဲဆိုတာတော့ ပရိသတ်ကြီးလည်း စိတ်ဝင်စားနေလောက်ပြီလို့ ထင်ပါတယ်နော်။ နီနီကတော့ ဒီနေ့ညပြိုင်ပွဲမှာ တွေ့ရမယ့်နီနီရဲ့ပုံစံလေးကို ဗွီဒီယိုလေးနဲ့မျှဝေပြီး Battle Round ပြိုင်ပွဲကြီးကို စောင့်ကြည့်ကြဖို့ ဖိတ်ခေါ်လာပါတယ်။ စိန်ပွင့်တွေနဲ့ …
Read More »သူမအချစ်ရေးနဲ့ပတ်သက်ပြီး ခံစားချက်တွေ ဖွင့်ဟလာခဲ့တဲ့ နီနီခင်ဇော်
နီနီခင်ဇော် ကေ တာ့ Melody World သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ဂီတလောကထဲကို ဝင်ရောက်လာခဲ့သူပါ။ အခုဆို ရင်တော့ သူမဟာ ဂီတလောကရဲ့ Star တစ်ယောက် အဖြစ် အောင်မြင်စွာ ရပ်တည်နေပြီဖြစ်သလို အနုပညာအလုပ်အပြင် Super Red အလှကုန်ပစ္စည်းတွေကို ပါ ထုတ်လုပ်ရောင်းချနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ နီနီ့ရဲ့ ပရိသတ်တွေကတော့ စီးပွားရေးတစ်ဖက် အနုပညာအလုပ်တွေတဖက်နဲ့ မအားလပ်တဲ့ သူမရဲ့ အချစ်ရေးကိုလည်း အထူးစိတ်ဝင်စား နေခဲ့ကြပါတယ် ။ လတ်တလောမှာတော့ နီနီက မင်းက စ ချစ်တယ်လို့ဖွင့်ပြောခဲ့တာပါ တကယ်တမ်းကျ ဝေးပြီးတဲ့နောက်မှသိလာတယ် ကိုယ်ဟာ အချစ်ပိုခဲ့ရသူပါ နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရရင်တောင် ကိုယ်က ပိုဆုံးရှုံးရသူပေါ့ ဆိုတဲ့စာသားလေးကို …
Read More »ဒီနေ့မှာ အသက်(၂၉) နှစ်ပြည့်သွားပြီဖြစ်တဲ့ နီနီခင်ဇော်
နီနီခင်ဇော်ကတော့ မယ်လိုဒီဝေါလ် သီချင်းဆိုပြိုင်ပွဲကနေတဆင့် မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့သူပါ။ နီနီဆိုတဲ့နာမည်လေးအတိုင်းပဲ ရဲရင့်ပြတ်သားတဲ့ဟန်နဲ့ အားကောင်းတဲ့အသံပါဝါကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့သီချင်းကောင်းမြောက်များစွာကို သီဆိုထားသလို သီချင်းကောင်းတွေထပ်မံထွက်ရှိနိုင်ဖို့လည်း အစဉ်တစိုက်ကြိုးစားနေသူပါ။ လတ်တလောမှာတော့ The Voice Myanmar Season-3 ပြိုင်ပွဲကြီးမှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်နေပါတယ်။ ဒီနေ့ သူ့ရဲ့မွေးနေ့လေးမှာတော့ ” Happy 29th Birthday… ကျမအားငယ်နေတိုင်းကိုယ်ကိုကိုယ့်ထွေးပွေ့ထားနိုင်ဖို့ကျမမှာလက်အစုံရှိခဲ့တယ်… လဲကျတဲ့အချိန်တိုင်းပြန်ထဖို့ ခြေအစုံပိုင်ဆိုင်ထားတယ်…. အခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့ အဆင်ပြေသွားမှာပါဆိုတဲ့ အားပေးစကားပြောပေးဖို့ ကိုယ်ကိုယ်တိုင်ရှိခဲ့တယ်…. ဟိုးတိမ်လွှာတွေအထိပျံသန်းနိုင်ဖို့ ပရိသတ်ခွန်အားတွေနဲ့ တစတစစီပြုလုပ်ထားတဲ့ အတောင်အစုံရှိခဲ့တယ် “ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ရှိတယ်” (ယနေ့အချိန်အထိ ကောင်းရာတွေကို သင်ပြပေးခဲ့တဲ့ တည့်မတ်ပေးခဲ့တဲ့ မိဘ ၊ဆရာသမား ၊သူငယ်ချင်းများ၊ ပရိသတ်များကိုကျေးဇူးတင်လျက်)” …
Read More »ဖေ့ဘွတ်ခ်မှာ အားပေးဝန်းရံသူပရိသတ်(၂)သန်းပြည့်သွားတဲ့အတွက် ကျေးဇူးတုံ့ပြန်လာတဲ့ နီနီခင်ဇော်
နီနီခင်ဇော်ကတော့ အမြဲတက်ကြွပြီး အားအင်အပြည့်နဲ့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေသူတစ်ယောက်ပါ။သံစဉ်များနဲ့ကမ္ဘာပြိုင်ပွဲကနေပြီးတော့ ပေါ်ထွက်လာတဲ့ ဂီတလောကရဲ့ငွေကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ အခုဆိုရင်ဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်တဲ့ နီနီကတော့ အားပေးဝန်းရံသူတွေများခဲ့ပါပြီ။ နီနီခင်ဇော်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ Follower (၂)သန်းပြည့်ခဲ့တာကြောင့် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အစီအစဉ်တစ်ခုကို ပရိသတ်ကိုချပြခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”၂၉ နှစ်ပြည့်မွေးနေ့ အမှတ်တရနဲ့ Page 2M follower ပြည့်အအမှတ်တရအနေနဲ့ Super Red Cosmetics အခု ၂၉၀ကို Live Chat လုပ်ပြီး မဲဖောက်ပေးသွားပါမယ်။ မွေးနေ့က ၃၁ ရက်နေ့ဆိုပေမယ့် Sunday Night Live လုပ်ပါမယ် ၃၀ ရက်နေ့ ည ၇ နာရီ Live လုပ်ပါမယ် အားလုံးJoin ဖို့ …
Read More »Yangon Zoo က တိရိစ္ဆာန်လေးတွေကို အစာသွားကျွေးခဲ့တဲ့ မိစန္ဒီနဲ့ နီနီခင်ဇော်
နိုင်ငံကျော်ဒိတ်ဒိတ်ကြဲအဆိုတော်တွေဖြစ်ကြတဲ့ မိစန္ဒီနဲ့ နီနီခင်ဇော်တို့ကတော့ အချစ်ဆုံးသူငယ်ချင်း BFF တွေဖြစ်ကြပြီး အမြဲလိုလို အလှူတွေအတူတူပြုလေ့ရှိပါတယ်။ လက်ရှိမှာတော့ Covid ကာလမှာ ပိတ်ထားရတဲ့ Yangon Zoo က တိရိစ္ဆာန်လေးတွေကို အစာသွားကျွေးခဲ့တဲ့အကြောင်းကို “မနေ့က Mi Sandi ရဲ့ BFF လေး Ni Ni နဲ့အတူ အလှူလေးတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါက Yangon Zoo မှာ တိရိစ္ဆာန်လေးတွေကို အစာသွားကျွေးခဲ့တာပါ။ ယခု Covid ကာလမှာ Yangon Zoo က ပိတ်ထားတယ်ပေါ့နော်။ ဒါပေမဲ့ Yangon Zoo မှာ သွားရောက်လှူဒါန်းချင်ရင်တော့ Yangon Zoo ရဲ့ တာဝန်ရှိသူထံမှာ …
Read More »