Tag Archives: Nyi Nyi Maung

မိသားစုအကြောင်းတွေ ပြန်တွေးရင်း တူလေးအတွက်စာတစ်စောင်ရေးခဲ့တဲ့ ညီညီမောင်

ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ်သလို ပရိသတ်အတွက်လည်း ပျော်စရာတွေအမြဲဖန်တီးပေးတတ်သူတစ်ယောက်ဖြစ်တာကြောင့် နောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက်လုပ်လာရတဲ့အထိ ပရိသတ်အားပေးမှုရလာခဲ့သူ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း နေ့စဉ်မရိုးနိုင်အောင် ပျော်စရာတွေမျှဝေပေးနေသူ သုသုကတော့ ဒီနေ့မှာ မိသားစုကိစ္စတချို့ကို ရင်ဖွင့်ရင်း ပရဟိတလုပ်နေတဲ့တူလေးအတွက် ရေးသားထားတဲ့စာတစ်စောင်ကို မျှဝေလာပါတယ်။ တူလေး ဆီရေးတဲ့စာ…. အမေ တို့ ညီအမ နှစ်ယောက် က သားတယောက်စီမွေးတယ်တစ်ယောက်က ယောကျာ်း… တစ်ယောက်က gay…. အကို ဝမ်းကွဲဆိုပေမယ့် မောင်နှမအရင်းတွေလိုပါပဲ (အခုထိတော့မတည့်ဘူး) မတည့်တာမမေးနဲ့ အဖြေတွေကရင်ထဲမှာ.. ယောင်းမ ဆရာမလုပ်ပြီးစာသင်တဲ့ငွေနဲ့ ကလေးနှစ်ယောက် သားကြီးက ရိုးရိုးအောင် ဆယ်တန်း,သမီးငယ်က (၄) ဘာသာ ဂုဏ်ထူးနဲ့ ဆယ်တန်းဒီနှစ်အောင် ကျေးဇူးအထူးတင်ပါတယ် …

Read More »

နှစ်စဉ်ကန်တော့မြဲထုံးစံအတိုင်း ဒီနှစ်မှာလည်း ညီညီမောင်ကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ အေးမြတ်သူ

မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ဓလေ့၊ ငယ်သူက ကြီးသူကို ရိုသေဂါရဝပြုလေ့ရှိတဲ့အချိန်အခါလေးဖြစ်တဲ့ သီတင်းကျွတ်ချိန်ခါမှာ ကန်တော့ကြတဲ့အလေ့အထလေးကတော့ မြင်သူတိုင်းကို ကြည်နူးပီတိဖြစ်စေမှာ အမှန်ပါ။ အနုပညာလောကမှာလည်း သီတင်းကျွတ်ကာလတလျှောက်လုံး တစ်ယောက်ကိုတစ်ယောက် လေးစားချစ်ခင်စိတ်အပြည့်နဲ့ သွားရောက်ဂါရဝပြုကန်တော့ကြတာကို တွေ့မြင်ရမှာပါ။ ဒီတစ်ခေါက်မှာလည်း ရုပ်ရှင်သရုပ်ဆောင်အေးမြတ်သူကတော့ သူမင်းသမီးဘဝအစကတည်းက ချစ်ခင်ရင်းနှီးလာရတဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကို သွားရောက်ဂါရဝပြုကန်တော့ခဲ့ပြီး ညီညီမောင်ကတော့ ပီတိဖြစ်ရတဲ့နေ့ …. ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ…. မိတ်ကပ်ပညာရှင် နဲ့ မင်းသမီး … အမေ နဲ့သမီး , အမနဲ့ညီမ လုပ်ဖော်ကိုင်ဖက် လို နေလာကြတာ နှစ်စဉ် ဝါကျွတ်ဂါရဝ လာပြုတဲ့ မမြတ်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကယ်ဒမီတွေ အများကြီးရပါစေ နော် ဆိုပြီး ရိုသေသိတတ်လွန်းတဲ့ …

Read More »

အဘိုးအဘွားတွေ သီတင်းကျွတ်ကန်တော့မယ့်သူ မရှိမဖြစ်ရလေအောင် သွားရောက်ကန်တော့ပြီး လှူဒါန်းပေးသွားမယ့် သုသု

အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်သလို အနုပညာအလုပ်တွေနဲ့လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ သုသုကတော့ လတ်တလော ကိုဗစ်ကာလမှာ ခက်ခဲနေသူတွေအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေသူပါ။ ဘဝတူမိန်းမလျာတွေရဲ့ဝမ်းရေးအတွက်လည်း ကူညီထောက်ပံ့ပေးနိုင်ခဲ့သလို ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက်လည်း We Love Yangon မှာ ကုတင်(၁၀) လုံး၊ စမ်းချောင်း Q Center အတွက် နေ့လည်စာ စတာတွေကို ဒီကာလအတွင်းမှာ လှူဒါန်းပေးခဲ့ပါတယ်။ အခုလို သီတင်းကျွတ်ကာလမှာလည်း မိဘတွေမရှိတော့တဲ့ သုသုကတော့ သီတင်းကျွတ်ဆိုတာနဲ့ ဆရာသမား၊ ဆွေမျိုး၊ ကျေးဇူးရှင်တွေကို နှစ်စဉ်ကန်တော့လေ့ရှိသူပီပီ ဒီနှစ်မှာတော့ ကိုယ်တိုင်သွားရောက်ပြီး မကန်တော့နိုင်တော့ပေမယ့် လက်ဆောင်တောင်းလေးတွေ စီစဉ်ကာ ကန်တော့ခဲ့တဲ့အပြင် မကြာခင်မှာလည်း စွန့်ပစ်ခံဘိုးဘွားတွေအတွက် အလှူလေးလုပ်ရင်း သွားကန်တော့မယ်လို့ သိရပါတယ်။ စောင့်ရှောက်မယ့် သားသမီး၊မြေးမရှိ စွန့်ပစ်ခံခဲ့ရတဲ့ အဘိုးအဘွားတွေအဖို့ …

Read More »

Covid ကင်းစင်ပြီးရိုးသားတဲ့တိုင်းရင်းသားတွေနေတဲ့ နယ်မြို့လေးကိုသွားချင်နေတဲ့ ညီညီမောင် (စမ်းချောင်း)

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအလှဖန်တီးရှင်တစ်ယောက် ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) ကတော့ ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ Stay Home ကာလတွေမှာ သုသုတစ်ယောက် သူမရဲ့ မေ့မရနိုင်တဲ့ အမှတ်တရလေးတွေ အကြောင်းကို မကြာခဏ ဆိုသလိုရေးသားဖော်ပြခဲ့ပြီး လတ်တလောမှာလည်း ကိုဗစ်ကင်းစင်တဲ့ ကယားမြို့လေးကိုသွားရောက်ခဲ့တဲ့ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဘဝမှာပြန်သွားချင်တဲ့နေရာထဲမှာ ဆို ထိပ်ဆုံးက သန့်ရှင်းတဲ့မြို့လေး ရိုးသားတဲ့တိုင်းရင်းသာများနဲ့ပြည့်နှက် နေတဲ့ ကျွန်မချစ်သော ဆိုတဲ့စာသားလေးနဲ့ သူမချစ်တဲ့မြို့လေးအကြောင်းကို ရေးသားဖော်ပြခဲ့တာပါ ။ ပရိသတ်တွေကလည်း ကမ္ဘာ့ကပ်ရောဂါ ဆိုးတွေ တစ်ခါမှ မကျရောက်ဘဲ …

Read More »

ထက်ထက်မိုးဦးနဲ့ ငယ်ဘ၀ အမှတ်တရတွေအကြောင်းပြောပြလာတဲ့ ညီညီမောင် (စမ်းချောင်း)

ပရိသတ်တွေ သုသုလို့ချစ်စနိုးခေါ်ရတဲ့ ညီညီမောင်စမ်းချောင်းကတော့ မြန်မာနိုင်ငံက ထိပ်တန်းအလှဖန်တီးရှင်သူတွေထဲက တစ်ယောက်အပါဝင်လို့ဆိုရမှာပါ ။ အနုပညာရှင်တော်တော်များများကို ပြင်ဆင်ခြယ်သ ပေးခဲ့ပြီး အနုပညာရှင်တွေ နဲ့တော်တော်လေး ရင်းနှီးကျွမ်းဝင်ခဲ့သူပါ ။ လတ်တလော ထက်ထက်ကိုဝေဖန်တိုက်ခိုက်နေသူတွေရှိတဲ့အတွက် ထက်ထက်ဘက်က အနုပညာရှင်တွေ အားပေးဝန်းရံခဲ့ကြပြီး သုသုကလည်းပါဝင်ဝန်းရံခဲ့ပါတယ် ။ အောင်မြင်မှုတွေ ယနေ့အချိန်ထိ အချိန် အကြာကြီးထိန်းသိမ်းထားတဲ့မင်းသမီး ပြည်သူ ချစ်တဲ့ အနုပညာရှင် ဆိုတဲ့စာသားလေးနဲ့အတူ သူမနဲ့ ထက်ထက်တို့ရဲ့အမှတ်တရ ပုံရိပ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပါ ။ ဆပ်ပြာမှုန့်ကြော်ငြာ အတွက် မာမီအောင်ကလိမ်းပေးတယ် တနေကုန် သု က လိုတာ လိုက်လုပ်ပေးပြုပြင်ပေးရတယ် မထက်နဲ့ အမှတ်တရပါပဲ ငယ်ဘဝ ရှုတင်လိုက်တဲ့ပုံရိပ်လေးပါ မိတ်ကပ်လည်းပြင်ပေးဘူးသလို ခုချိန်ထိ မထက် ပရိတ်သတ်ပါနော်ဆိုတဲ့စာသားလေးနဲ့လည်း …

Read More »

ဘာသာတရားအရ ဝဋ်ကြွေးပါလို့ အခြောက်ဖြစ်တယ်ဆိုပေမယ့် ဒီဘဝလေးကို မြတ်နိုးတယ်ဆိုတဲ့ ညီညီမောင်

ပရိသတ်တွေအတွက် ပျော်စရာဟာသလေးတွေအမြဲမျှဝေပေးနေသူ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း) ကတော့ ဒီနေ့မှာ ငယ်ဘဝပုံရိပ်လေးတွေနဲ့အတူ ကလေးဘဝကတည်းက အခုလိုမိန်းမလျာစိတ်ဖြစ်ခဲ့ကြောင်းကို မျှဝေလာပါတယ်။ ဇာတိကတော့ ပြတာပဲ ကလေးဘဝကတည်းက.. ပို့စ်တွေကိုမေးလိုက်တော့ ငယ်ခြောက်မလေးပါနော် ဆိုပြီး ကလေးဘဝက ဓာတ်ပုံလေးတွေကို မျှဝေခဲ့ပါတယ်။ ညီညီမောင်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ သူ့ဘဝဖြစ်တည်မှုကို ဝေဖန်တိုက်ခိုက်သူတွေ အမြဲလိုလိုကြုံတွေ့နေရပေမယ့် ပရိသတ်အတွက် ပျော်စရာတွေသာ ဖန်တီးပေးလိုစိတ် အပြည့်ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ဘဝရပ်တည်ချက်နဲ့ပတ်သက်ပြီး ပြောလာတဲ့သူတွေကိုလည်း ဘယ်သူကတော့ ခြောက်ချင်မှာလဲနော်.. မိန်းမဆိုလည်း မိန်းမစစ်စစ်၊ ယောကျ်ားဆိုလည်း ယောကျ်ားစစ်စစ် ဖြစ်ချင်ကြမှာပါ.. ဘာသာတရားအရ ဝဋ်ကြွေးပါလို့ အခြောက်ဖြစ်တယ်လို့ ပြောကြပေမယ့် ကျွန်မကျေနပ်တယ် မြတ်နိုးတယ် ဆိုပြီးတော့လည်း သူ့ခံယူချက်ကို မျှဝေခဲ့ပါတယ်။ သုသုကတော့ လူတော်တော်များများ ဝေဖန်တတ်ကြတဲ့မိန်းမလျာဘဝမျိုးပေမယ့် …

Read More »

ဘဝတူမိန်းမလျာတွေရဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးခဲ့တဲ့ သုသု

သုသုကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို အခက်အခဲ၊ အတိုက်အခိုက်များတဲ့မိန်းမလျာဘဝကနေ ဒီလိုအခြေအနေရောက်အောင် ကြိုးစားခဲ့ရသူမို့ မိန်းမလျာတွေရဲ့ စံပြတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့မှာတော့ လူနည်းစုဖြစ်တဲ့ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောရင်း သူတို့ရဲ့စားဝတ်နေရေးအတွက် တတ်နိုင်သမျှလှူဒါန်းပေးခဲ့ပါတယ်။ “ကျွန်မတို့မိန်းမလျာတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ဘယ်သူ့မှ ဒုက္ခမပေးကြပါဘူး.. မိသားစုထဲမှာလည်း အနှိမ်ခံရဆုံး လူမှုအသိုင်းအဝိုင်းမှာလည်း လှောင်ပြောင်ခံရပါတယ်.. ဒါပေမယ့် အဲ့မိန်းမလျာတွေကပဲ သမာဇီဝအလုပ်တွေနဲ့ မိသားစု ညီအစ်ကိုမောင်နှမ မိတ်ဆွေတွေကို စောင့်ရှောက်ကြတာပါ.. ဘယ်လို နှိမ်နှိမ် ဖိနှိပ်လည်း မိသားစုအတွက်ဆို အချိန်တန်ရင် ကျွန်မတို့က သူရဲကောင်းတွေပါပဲ.. မာမီစိန် ပြောဖူးတဲ့ စကားရှိပါတယ်.. ထမင်းငတ်သေတဲ့ မိန်းမလျာမရှိပါဘူး.. အားတင်းထားကြပါ.. ကြံ့ကြံ့ခံပေးကြပါ.. မကြာခင် လှပတဲ့လောကကြီးကို ကျွန်မတို့ရဲ့အတတ်ပညာတွေနဲ့ အလှဆင်ကြမယ်နော်” ဆိုပြီး ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောခဲ့ပါတယ်။ …

Read More »

ကိုဗစ် ကာကွယ်ကုသရေးလုပ်ငန်းစဉ်တွေအတွက် တစ်တပ်တစ်အားပါဝင်လှူဒါန်းလိုက်တဲ့ သုသု

မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေမှာ အစိုးရကသာမက ပရဟိတသမားတွေကပါ အင်တိုက်အားတိုက်ကူညီနေကြသလို ငွေကြေးတတ်နိုင်သူတွေကလည်း ငွေအားနဲ့ ဝိုင်းဝန်းကူညီပြီး ကိုဗစ်ကပ်ရောဂါကို တိုက်ထုတ်နိုင်ဖို့ ကြိုးစားနေကြတာကတော့ တကယ်ကို အားရစရာပါ။ ဒါ့အပြင် တနေ့တနေ့ လှူဒါန်းကြတဲ့အထဲမှာ ပြည်သူချစ်အနုပညာရှင်တွေ အများဆုံးပါဝင်လာကတော့ အားပေးနေတဲ့ပရိသတ်ကြီးကိုပါ ဝမ်းသာပီတိဖြစ်စေမှာ အမှန်ပါ။ ဒီနေ့မှာတော့ ထိပ်တန်းမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို ပြည်သူချစ်အနုပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့ သုသုကတော့ Fortune Plaza We Love Yangon Happy Covid-19 Center မှာထားရှိမယ့် ကုတင်(၆၀၀) ထဲကမှ (၁၀) လုံးစာ (၆) သိန်းကျပ်တိတိကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ သုသုကတော့ ဒီအလှူလေးနဲ့ပတ်သက်ပြီး “သုမိသားစု လုပ်ဖော်ကိုင်ဖက်တွေရဲ့အလှူပါ.. သု မိတ်ကပ်ပညာ သုအနုပညာက ရတဲ့ ငွေကြေးနဲ့လှူတာမို့ …

Read More »

မင်းသမီးဖြစ်ချင်တယ်လို့ထင်နေသူတွေအတွက် ရင်ထဲကခံစားချက်အမှန်တွေကို ဖွင့်ဟခဲ့တဲ့ သုသု

နာမညကွှီးမိတကွပပွညာရှငတွဈယောကဖွှဈတဲ့သုသုကတော့ သရုပဆွောငတွဈယောကမွဟုတစွဉအွခှိနကွတညွးက ဟာသTik Tok ဗှီဒီယိုတှနေဲ့ ပရိသတအွားပေးခစှခွငမွှုရရှိခဲ့သူပါ။ နောကပွိုငွးမှာတော့ ရုပရွှငဇွာတကွားကှီးတှမှောပါ ပါဝငသွရုပဆွောငလွာရတဲ့အထိ အောငမွှငမွှုရရှိလာသလို ကှောငွှာဗှီဒီယိုအတိုလေးတှလညွေး ဆကတွိုကရွိုကကွူးလာရသူပါ။ သုသုကတော့ ဒီနေ့မှာ သူ့ကို မငွးသမီးဖှဈခငှနွတယလွေို့ ထငနွသေူတခှို့ကို ဖှရှငွေးစကားပှောခဲ့ပါတယွ။ ” ကမှက မငွးသမီးမဖှဈခငှပွါဘူး ရူးလညွးမရူးရဲပါဘူး ကမှရုပနွဲ့…. သရုပဆွောငဖွှဈခငှတွာပါ။ သရုပဆွောငတွောငမွှ ဟာသ သရုပဆွောငပွဲဖှဈခငှပွါတယွ။ ကိုယွ့ကှောငွ့သူမှားပှောရွှှငသွှားတာ ရယမွောသှားတယဆွိုရငွ ကမှ အရမွးပှောပွါတယိ… လူတယောကကွို ငိုအောငလွုပရွတာလှယပွါတယြ။ တကယမွရယရွဘဲ ရယအွောငလွုပရွတာ တကယခွကခွဲပါတယွ။ အဲ့တာ အနုပညာပါပဲ ကမှ ဆကကွှိုးစားနမှောပါ ဟာသ သရုပဆွောငဖွှဈဖို့” ဆိုတဲ့စာသားလေးကို ရေးသားမှှဝလောပါတယွ။ သုသုကတော့ ဒီလိုအခှအနရေေောကဖွို့ ဘဝကိုခကခွကခွဲခဲရုနွးကနကွှိုးစားလာရသူဖှဈပမယွေ့ အကောငွးမှငစွိတရွှိသူတဈယောကပွါ။ ဝဖနမွှေုတှဘယလွေောကပွဲရှိရှိ လူတိုငွးကိုပှောစွလေိုတဲ့စိတနွဲ့ …

Read More »

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ အခွီရိုက်ကူးထားတဲ့ ကြော်ငြာဗွီဒီယိုလေး

ညီညီမောင်(စမ်းချောင်း)နဲ့ လင်းလင်းတို့ကတော့ မိတ်ကပ်ပညာရှင်တွေဖြစ်ပေမယ့် ကိုယ်စီအားပေးသူပရိသတ်အခိုင်အမာရရှိထားသူတွေပါ။ အမြဲတစ်တွဲတွဲတွေ့နေရတဲ့သူတို့နှစ်ယောက်ကတော့ မကြာခဏဆိုသလိုလည်း ပရိသတ်တွေပျော်ရွှင်ရအောင်လည်း ဟာသဗွီဒီယိုလေးတွေ၊ ဟာသဓာတ်ပုံလေးတွေ ရိုက်ကူးမျှဝေလေ့ရှိသူပါ။ နောက်ပိုင်းမှာ နှစ်ယောက်သားအတွဲလိုက်ရုပ်ရှင်တွေ ရိုက်ကူးလာရတဲ့အထိ ပရိသတ်အသိမှတ်ပြုအားပေးမှု ရရှိလာခဲ့ကြတဲ့သူတို့နှစ်ယောက်ကတော့ ဒီတစ်ခေါက်မှာလည်း ကြော်ငြာလေးတစ်ခုလက်ခံရိုက်ကူးဖြစ်ခဲ့ပြီး နှစ်ယောက်သားတွဲဖက်ညီညီ ပရိသတ်တွေဘဝအမောပြေရအောင် အခွီရိုက်ကူးကာ တင်ဆက်ပေးခဲ့ပါတယ်။ ပရိသတ်တွေပျော်ရွှင်ရအောင် အမြဲဖန်တီးပေးနေသူပီပီ ဒီကြော်ငြာလေးထဲမှာလည်း သူတို့နှစ်ယောက်ရဲ့ ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေနဲ့ အကောင်းဆုံးပျော်စရာတွေဖန်တီးပြီး သရုပ်ဆောင်ထားတာကို တွေ့မြင်ရမှာပါ ပရိသတ်ကြီးရေ… ကြည့်လိုက်တာနဲ့ ပါးစပ်မစိအောင် ရယ်နေရမယ့် သုသုနဲ့လင်းလင်းတို့ရဲ့ ဟာသဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Nyi Nyi Maung Rainbow- Cele Gabar

Read More »
x