Tag Archives: Pann Phyu

တချိန်တုန်းက နာမည်ကြီးမင်းသမီးတွေ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားအသစ်လေးကို ပြသပေးမယ့် Smile အွန်လိုင်းရုပ်ရှင်ရုံ

အခုလို ကိုဗစ်ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားတဲ့ကာလကတော့ ရုပ်ရှင်ချစ်သူတွေအတွက် တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ကာလပါ။ ဒါပေမယ့် စမိုင်းလ်ကတော့ အိမ်မှာနေရင်းကြည့်လို့ရမယ့် Smile အွန်လိုင်းရုပ်ရှင်ရုံ Application ကိုမိတ်ဆက်ပေးခဲ့ပြီး ပထမဆုံးဇာတ်ကားအနေနဲ့ သူကိုယ်တိုင်ပါဝင်ရိုက်ကူးထားတဲ့ ဂယက်တွေပါဟယ် အသစ်စက်စက်ရုပ်ရှင်ဇာတ်ကားကြီးကို ပြသသွားမယ်လို့ သိရပါတယ်။   ဒီဇာတ်ကားကတော့ နှစ်ပေါင်းများစွာအနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့တဲ့ စမိုင်းလ်ရဲ့ ပထမဆုံးပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်သလို ပရိသတ်နဲ့ အလှမ်းဝေးနေပြီဖြစ်တဲ့ ကြည်လဲ့လဲ့ဦးနဲ့ ပန်းဖြူ တို့နှစ်ဦးလည်း ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတာတော့သုံးနှစ်ခန့်ရှိနေပြီဖြစ်ပေမယ့် ရုံတင်ရက်စောင့်နေရတာကြောင့် ပရိသတ်ရှေ့မရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ အိမ်မှာနေရင်းပျင်းနေကြမယ့် ပရိသတ်ကြီးကိုတဒင်္ဂပြုံးပျော်နိုင်ဖို့ ဒီဇာတ်ကားကြီးကို အားပေးကြဖို့ တောင်းဆိုထားသလို ဒီဇာတ်ကားကြီးကိုကြည့်ပြီး ကံစမ်းမဲတွေဖောက်ပေးမယ့် ပျော်စရာအစီအစဉ်တွေလည်း ရှိပါသေးတယ်တဲ့ ပရိသတ်ကြီးရေ.. လူမင်း၊ …

Read More »

ကလောမြို့ အရိယာဝါသဓမ္မစင်တာမှာ ဆရာလေးမင်္ဂလဂဝေသီဘဝနဲ့ (၁၁) ရက်ကြာ တရားအားထုတ်ခဲ့တဲ့ ပန်းဖြူ

တချိန်တုန်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်ပန်းဖြူကတော့ အခုဆိုရင် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့သူမို့ အားပေးချစ်ခင်သူပရိသတ်တွေကတော့ ယနေ့ထက်တိုင်ရှိနေဆဲဖြစ်ပြီး ပန်းဖြူကတော့ ချစ်ခင်ရတဲ့ပရိသတ်တွေအတွက် သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်ရဲ့အချစ်တော်ပန်းဖြူတစ်ယောက် ကလောမြို့ အရိယာဝါသဓမ္မစင်တာမှာ (၁၁)ရက်ကြာ ဆရာလေးဘဝနဲ့ ဝိပသနာတရားအားထုတ်ဖြစ်ခဲ့ကြောင်းကို မျှဝေလာပါတယ်။ ဆရာလေး မင်္ဂလဝဝေသီဘွဲ့နဲ့ တရားအားထုတ်စဉ်မှာ လိုလေသေးမရှိ ဆွမ်းကျောင်းပြည့်စုံစေသော၊ ရုပ်နာမ်တို့၏ အချိန်တိုင်း ဖြစ်ပျက် ပျက်စီးနေပုံကို သိရှိစေရန် ဝိပသနာဉာဏ်အလင်းပြပေးသော ၊ သီလ၊သမာဓိ၊ ပညာနှင့်ပြည့်စုံသော ဆရာတော်ကြီးများကို ဖူးမြှော်ခွင့်ရအောင် စီစဉ်ပေးသော ကျောင်းတိုက်မှ ဆရာလေးကိုလည်း ကျေးဇူးတင်ကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ ဒါ့အပြင် ဆရာလေးရဲ့လမ်းညွှန်ဆုံးမမှုအတိုင်း ငါစွဲတွေကို ဖြတ်နိုင်အောင် ကြိုးစားသွားမယ့်အကြောင်း …

Read More »
x