Tag Archives: Park Min Young
ရည်းစားဟောင်းကြောင့် ရဲတပ်ဖွဲ့မှစုံစမ်းစစ်ဆေးခြင်းခံခဲ့ရတာနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့ Park Min Young ရဲ့အေဂျင်စီ
နာမည်ကျော်မင်းသမီး Park Min Young ရဲ့အေဂျင်စီကတော့ ရည်းစားဟောင်းဖြစ်သူနဲ့ပတ်သက်ပြီးလက်ရှိမှာ စုံစမ်းစစ်ဆေးခံရတဲ့အကြောင်းကို စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ မင်းသမီးဟာ “Love In Contract” ဇာတ်လမ်းတွဲရိုက်ကူးနေချိန်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ဒိတ်နေတယ်ဆိုပြီး Dispatch မှ သတင်းထွက်ရှိလာခဲ့တာပါ။ သတင်းထွက်ရှိပြီးနောက်မှာ သူတို့နှစ်ဦးဟာ လမ်းခွဲခဲ့ကြပြီဆိုတဲ့အကြောင်းကို အေဂျင်စီဖြစ်တဲ့ Hook Entertainment မှ ထုတ်ပြန်ခဲ့ပါတယ်။ အခုအခါမှာ မင်းသမီးရဲ့ချစ်သူဟောင်းမစ္စတာကန်ဟာ စတော့တွေကိုတရားမဝင်ဈေးကစားတာကြောင့်ဖမ်းဆီးခံထားရတာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့မင်းသမီးPark Min Young ကိုပါ စုံစမ်းမေးမြန်းခြင်းပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှာ အေဂျင်စီမှ စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ “ကျွန်ုပ်တို့အေဂျင်စီရဲ့မင်းသမီး Park Min Young ဟာ စုံစမ်းစစ်ဆေးခြင်းခံနေရပြီး ပြည်ပထွက်ခွာခွင့်ပိတ်ထားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ရှင်းလင်းလိုပါတယ်။ Park Min Young ကတော့ …
Read More »
အင်စတာဂရမ်ပုံတင်ပြီးနောက် ကိုယ်အလေးချိန်တွေကျလာခဲ့တဲ့အကြောင်း လူပြောများခဲ့တဲ့ Park Min Young
မင်းသမီးချော Park Min Young ကတော့ ဇာတ်လမ်းတွဲများစွာမှာပါဝင်ဖူးတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်ပါတယ်။ သူကတော့သရုပ်ဆောင်ပိုင်းမှာတင်မက ဖက်ရှင်ပိုင်းမှာလည်းနာမည်ကြီးတဲ့မင်းသမီးတစ်လက် ဖြစ်ပါတယ်။ Park Min Young ကတော့ Love In Contract ဇာတ်လမ်းတွဲပြီးနောက်အနုပညာလှုပ်ရှားမှုတွေမရှိပေမဲ့ သူ့ရဲ့အင်စတာဂရမ်မှာပုံတစ်ပုံတင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အာရုံစိုက်မှုရရှိခဲ့ပါတယ်။ သူကတော့ ဂျင်းဘောင်းဘီနဲ့အပြာရောင်အကျီင်္လေးကိုဝတ်ဆင်ထားပြီး မှန်ရှေ့မှာရပ်နေတဲ့ပုံကိုရိုက်ခဲ့တာပါ။ သေးသွယ်တဲ့ခါးလေးနဲ့အတူ ပြုံးနေတဲ့မင်းသမီးကတော့ ဆွဲဆောင်မှုအပြည့်ပါပဲ။ မင်းသမီးရဲ့ပုံရိပ်ကိုသဘောကျတဲ့သူတွေရှိခဲ့ပြီး ကိုယ်အလေးချိန်တွေကျဆင်းခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး လူပြောများခဲ့ပါတယ်။ မင်းသမီးကတော့ (၂၀၂၂)ခုနှစ်အတွင်းမှာ ကြွယ်ဝချမ်းသာတဲ့ချစ်သူနဲ့ပြတ်စဲခဲ့တဲ့နောက်ပိုင်းမှာ 2022 Asia Artist Awards (AAA) ဆုပေးပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ ခက်ခဲတဲ့အချိန်တွေကိုကျော်ဖြတ်ခဲ့ရတဲ့မင်းသမီးကတော့ဆုပေးပွဲမှာ ပရိသတ်တွေကို အနာဂတ်မှာပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကိုပြသမယ်လို့ ကတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေနဲ့အဆက်မပြတ်အောင် အင်စတာဂရမ်ကိုအသုံးပြုတာလည်း တွေ့ရှိရပါတယ်။ Zawgyi ဖြင့်ဖတ်ရန် …
Read More »
Asia Artist Awards မှာ ထွက်ပေါ်ခဲ့တဲ့အရှုပ်တော်ပုံသတင်းတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောခဲ့တဲ့မင်းသမီး Park Min Young
(၂၀၂၂) ခုနှစ်ရဲ့ Asia Artist Awards ကိုတော့ ဂျပန်နိုင်ငံ နာဂိုယာမှာဒီဇင်ဘာလ(၁၃)ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲမှာတော့ မင်းသမီးချော Park Min Young ဟာ Best Artist Award နဲ့ Hot Trend Award ဆုနှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမတစ်ခါဆုလက်ခံစဉ်မှာတော့ “ဒီနှစ်အလုပ်နှစ်ခုဖြစ်တဲ့ Forecasting Love and Weather နဲ့ Love in Contract တို့နဲ့လူတိုင်းကိုနှုတ်ဆက်ခဲ့ပါတယ်။ ဒီဆုကတော့ ကျွန်မဟာဒီနှစ်အတွင်းမှာအရမ်းကြိုးစားခဲ့တယ်လို့ပြောနေသလို ခံစားရပါတယ်။” လို့ပြောခဲ့ပြီး “ကျွန်မကတော့ လူတိုင်းကို သရုပ်ဆောင်တစ်ယောက်အဖြစ်သာ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ ကောင်းမွန်တဲ့သတင်းတွေနဲ့ နှုတ်ဆက်ရလိမ့်မယ်” ဆိုပြီးတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာသတင်းတွေကို ခေါင်းကြီးပိုင်းမှာမပါစေလိုကြောင်းတစ်နည်းအားဖြင့် ဖော်ပြခဲ့ပါတယ်။ …
Read More »
ရဲတပ်ဖွဲ့က (၅) နာရီကြာစီးနင်းရှာဖွေခြင်းခံလိုက်ရတဲ့ Park Min Young ရဲ့အေဂျင်စီ
Hook Entertainment ဟာ ရဲတပ်ဖွဲ့က (၅) နာရီကြာစီးနင်းရှာဖွေခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့ ချွန်းဒမ်ဒုံမှာရှိတဲ့ Hook Entertainment ရဲ့ရုံးကို ရဲတပ်ဖွဲ့ရဲ့ပြင်းထန်တဲ့ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနက (၅)နာရီကြာဝင်ရောက်စီးနင်းရှာဖွေမှုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Entertainment အေဂျင်စီတွေကို ဝင်ရောက်ရှာဖွေတယ်ဆိုတာ ကြုံတောင့်ကြုံခဲအခြေအနေဖြစ်ပြီး ဘာကြောင့်အခုလိုဖြစ်တယ်ဆိုတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့အခုလိုဝင်ရောက်စီးနင်းမှုဟာ Vident ၊ Inbiogen ၊ Bucket Studio နဲ့ Bithumb Live စတဲ့လုပ်ငန်းတွေရဲ့ဥက္ကဌဟောင်းလည်းဖြစ်ပြီး မင်းသမီး Park Min Young ရဲ့ချစ်သူဟောင်းလည်းဖြစ်တဲ့ Kang Jong Hyun နဲ့သက်ဆိုင်မှုတွေရှိတယ်လို့ ထင်ကြေးပေးခံနေရတာပဲ ဖြစ်ပါတယ်။ Hook Entertainment ဟာ နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Lee Sun Hee၊ …
Read More »
Nam Goong Min နဲ့ Park Min Young တို့ကိုကျော်ပြီး ဒရမ်မာသရုပ်ဆောင်တွေထဲမှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့မင်းသမီး
ဒရမ်မာဇာတ်လမ်းတွဲများစွာကထုတ်လွှင့်ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုအပေါ်လိုက်ပြီး နိုဝင်ဘာလပထမအပတ်အတွက် ပေါ်ပြူလာဖြစ်တဲ့ဒရမ်မာသရုပ်ဆောင်စာရင်းထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းမှာတော့ Nam Goong Min နဲ့ Park Min Young တို့ကိုကျော်ပြီး ထိပ်ဆုံမှာရှိနေတာကတော့ မင်းသမီး Kim Hye Soo ဖြစ်ပါတယ်။ Good Data Corporation ကတော့ တီဗီမှာရေပန်းစားမှု ၊ အင်တာနက်အသုံးပြုတဲ့သူတွေရဲ့ရှာဖွေမှု၊ ဖျော်ဖြေရေးသမားတွေနဲ့ ပေါ်တယ်ဆိုက်တွေပေါ်ကအချက်အလက်တွေပေါ်မူတည်ပြီး ဒီလိုစာရင်းကိုထုတ်ပြန်တာပါ။ Under the Queen’s Umbrella ဒရမ်မာရဲ့ မင်းသမီး Kim Hye Soo ထိပ်ဆုံးနေရာမှာရပ်တည်နေတာ သီတင်းပတ်(၃) ပတ်ရှိခဲ့ပါပြီ။ သူ့ရဲ့နောက်မှာတော့ မင်းသား Nam Goong Min ၊ Yoo Sung Jae၊ …
Read More »
Park Min Young နဲ့ပတ်သက်တဲ့သတင်းတွေကို သီးသန့်အင်တာဗျူးမှာဖြေဆိုခဲ့တဲ့ ရည်းစားဟောင်းမစ္စတာကန်
Read More »
ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားနဲ့ လမ်းခွဲပြတ်စဲပြီသားဖြစ်ကြောင်းကြေညာခဲ့တဲ့ Park Min Young ရဲ့အေဂျင်စီ
မနေ့ကတော့ Dispatch ကနေပြီးတော့ Park Min Young ဟာ အလွန်ကြွယ်ဝချမ်းသာတဲ့အမျိုးသားKang နဲ့တွဲနေကြောင်းကို ထုတ်ဖော်ခဲ့ပါတယ်။ ဒီသတင်းတွေပြီးနောက်မှာတော့ Kang ဟာ တစ်ချိန်ကငွေကြေးအရှုပ်အရှင်းတွေကြောင့် ထောင်(၂) နှစ်ခွဲကျဖူးတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းတွေပြီးနောက်မှာတော့ မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Hook Entertainment ကတော့ Park Min Young ကတော့ ဒိတ်တင်သတင်းထွက်ရှိခဲ့တဲ့အမျိုးသားလမ်းခွဲပြတ်စဲခဲ့ပြီးသားဖြစ်ကြောင်း ၊ မင်းသမီးဟာ ငွေကြေးတစ်စုံတစ်ရာလက်ခံရရှိခဲ့တယ်ဆိုတာလည်း မဟုတ်ကြောင်းကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Park Min Young ရဲ့အစ်မဖြစ်သူဟာ မစ္စတာ Kang ပိုင်ဆိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ INBIOGEN မှာဒါရိုက်တာအဖြစ်ရှိနေတာဖြစ်ပြီး နှုတ်ထွက်ထားတယ်လို့ ဆိုပါတယ်။ Park Min Young ကတော့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ပြီး သူပါဝင်ထားတဲ့ …
Read More »
ချမ်းသာကြွယ်ဝတဲ့သူဌေးတစ်ဦးနဲ့တွဲနေတယ်လို့သတင်းထွက်လာတဲ့ မင်းသမီး Park Min Young
ဇာတ်လမ်းတွဲတွေနဲ့နာမည်ကျော်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ Park Min Young ကိုတော့ ပရိသတ်တွေသိကြမှာပါ။ Dispatch ကတော့ Park Min Young ဟာသူဌေးတစ်ဦးနဲ့တွဲနေကြောင်းကို ဒီနေ့မှာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ မင်းသမီးကတော့ Kang Jong Hyunလို့ခေါ်တဲ့တောင်ကိုရီယားနိုင်ငံအကြီးဆုံးcryptocurrency exchangeကုမ္ပဏီတစ်ခုဖြစ်တဲ့ Bithumb ရဲ့ဥက္ကဌဖြစ်သူနဲ့တွဲနေတာလို့သိရပါတယ်။ Park Min Young ကိုတော့ Kang Jong Hyun ရဲ့ဇိမ်ခံဗီလာထဲကနေ အလုပ်ကိုသွားတဲ့ပုံရိပ်တွေကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ မင်းသမီးကတော့ လက်ရှိရိုက်ကူးနေတဲ့ Love In Contract ဇာတ်ကားအတွက် ဘဲလေးသင်တန်းပြီးတဲ့အခါမှာလည်း Kang Jong Hyun ရဲ့ကားကိုစီးသွားတာကိုလည်း ဓာတ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။ Kang Jong Hyun ကတော့ သူ့ရဲ့ကုမ္ပဏီများစွာမှာအကြီးဆုံးရှယ်ယာရှင်တစ်ယောက်ဖြစ်သော်လည်း လျှို့ဝှက်စွာနေထိုင်တဲ့ဥက္ကဌတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အလွန်ကြွယ်ဝချမ်းသာတဲ့သူတစ်ယောက်ဖြစ်ပြီး …
Read More »
စတင်ထုတ်လွှင့်ပြသချိန်မှာတင် ကြည့်ရှုနှုန်းနံပါတ်တစ်နေရာမှာရှိနေတဲ့ ‘Love in Contract’
tvN ရဲ့ဒရမ်မာသစ်ဖြစ်တဲ့ ‘Love in Contract’ ကတော့ စတင်ထုတ်လွှင့်ပြသခဲ့ပြီ ဖြစ်ပါတယ်။ ဒီအချစ်ဟာသဒရမ်မာဇာတ်လမ်းတွဲလေးကိုတော့ ပရိသတ်တွေစောင့်မျှော်နေကြတာလည်းဖြစ်ပြီး ကြည့်ရှုနှုန်းကောင်းမွန်ခဲ့ပါတယ်။Nielsen Korea ကတော့ Love in Contract ဟာနိုင်ငံအတွင်းမှာကြည့်ရှုမှုန်း (၃.၉၉၂%) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ ပြသခဲ့တဲ့ Adamas ဇာတ်လမ်းတွဲမှာရရှိခဲ့တဲ့ (၃.၅%) ထက်တိုးတက်လာတာလည်း ဖြစ်ပါတယ်။‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပြီး Park Min Young ကတော့ Choi Sang Eun အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ …
Read More »
Press Conference မှာတွေ့ရတဲ့ ဇာတ်လမ်းတွဲသစ် Love in Contract ရဲ့ သရုပ်ဆောင်များ
စက်တင်ဘာလ(၁၉) ရက်နေ့က ဇာတ်လမ်းတွဲသစ် Love in Contract ရဲ့ သတင်းစာရှင်းလင်းပွဲကိုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ rom-com goddess လို့တင်စားခံရတဲ့ မင်းသမီးချော Park Min Young ကိုပြန်လည်မြင်တွေ့ရမယ့်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ‘Love in Contract’ကတော့ တစ်ကိုယ်တည်းသမားတွေအတွက် ပွဲအခမ်းအနားတွေတက်ရောက်တဲ့အခါမှာ ချစ်သူ၊ဇနီးအဖြစ် အခကြေးငွေယူပြီးဟန်ဆောင်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ အမျိုးသမီး Choi Sang Eun ရဲ့အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ။ Park Min Young ကတော့ Choi Sang Eun အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ မင်းသားနှစ်လက်ဖြစ်တဲ့ Go Kyung Pyo နဲ့ Kim Jae Young ကတော့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားတဲ့ …
Read More »
x