မြန်မာလူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအတိုင်း အခါကြီးရက်ကြီးတွေမှာ အလှူအတန်းတွေ ပြုလုပ်ကြတာတော့ ရိုးရာမပျက် အစဉ်လာပါပဲ ပရိသတ်ကြီးရေ ..။ အနုပညာရှင်တွေ နဲ့ တခြားသော အလှူရှင်တွေကလည်း တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူပစ်ပြီး လှူဒါန်းနေကြတာတွေ့ရပါတယ် ။ ပရဟိတအလုပ်တွေဆို လက်မနှေးဘဲ အမြဲလှူဒါန်းနေသလို ခက်ခဲနေတဲ့ သူတွေကိုလည်း တတ်နိုင်သလောက် အနုပညာကြေးလေးတွေနဲ့လှူဒါန်းနေတဲ့ ဖြူဖြူထွေးတစ်ယောက်လည်း တန်ဆောင်မုန်းညရဲ့ ပံံ့သကူအလှူလေးမှာ မပါမဖြစ် ပါပဲ ပရိသတ်ကြီးရေ ..။ ဒီနေ့ည ပံ့သကူအလှူလေးမှာ ဖြူဖြူထွေးပစ်မယ့် ပံံသကူအလှူလေးကတော့ ငွေကျပ် (၁၀)သိန်းနဲ့ မြန်မာဝမ်းဆက်ရယ် ၊ ဆန်တွေရယ်ပဲဖြစ်တယ်လို့သိရပါတယ် ။ ဘယ်နေရာလဲဆိုတော့ မပြောထားပေမယ့် ရှိတဲ့သူရော မရှိတဲ့သူရော ပံ့သကူလေးတွေ ကောက်ရပြီး ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော် ။ …
Read More »Tag Archives: Phyu Phyu Htwe
ရိုက်ကူးရေးလုပ်ပြီး အနုပညာရှင်တွေကို ကန်တော့ရတဲ့ ပီတိက ဘာနဲ့မှမလဲနိုင်ဘူးဆိုတဲ့ ဖြူဖြူထွေး
ကျောင်းကပွဲတစ်ခုကနေတဆင့် ဖေ့ဘုတ်စ် ဆယ်လီတစ်ယောက်အဖြစ်နာမည်ကျော်လာတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေ ဇာတ်လမ်းတိုတွေရိုက်ကူးရင် ပရိသတ်အားပေးမှု အတော်လေးရလာခဲ့ပြီဖြစ်ပါတယ် ။ မကြာခဏ ဆိုသလို သူမရရှိတဲ့ အနုပညာကြေးလေးနဲ့ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး ပရိသတ်တွေ လေးစားချစ်ခင်နေကြရတဲ့ အနုပညာရှင် တစ်ယောက်လို့တောင်ပြောရမှာပါ ။ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ အနုပညာရှင် ဇာတ်ပို့ဇာတ်ရံတွေကို သူမရိုက်ကူးရေးမှာ ပါဝင်စေပြီး အနုပညာကြေးအဖြစ် ရိုက်ကူးရေးပြီးတိုင်း ကန်တော့ တတ်တဲ့ သူမရဲ့အကျင့်လေးကတော့ တကယ်ကိုချစ်စရာပါ ပရိသတ်ကြီးရေ ..။ လတ်တလောမှာတော့ ရိုက်ကူးရေးတွေနဲ့ လူလဲပင်ပန်း စိတ်လဲပင်ပန်းပေမယ့် ပီတိလေးတွေက ရင်ထဲကိုအေးချမ်းစေတယ် ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကူးရေးအပြီး အနုပညာရှင်တွေကို ကန်တော့နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။. ဖြူဖြူထွေးရဲ့ အမာခံ …
Read More »ဖြူဖြူထွေးကို ဖေ့ဘွတ်ခ်မှာ see first လုပ်ထားတယ်ဆိုတဲ့ သီဟအောင်
တက်သစ်စမင်းသားချောလေးတွေထဲမှာအနုပညာမျိုးဆက်တစ်ယောက်ဖြစ်တဲ့ သီဟအောင်ကလည်း မဒီလေးတွေရဲ့အားပေးဝန်းရံမှုကိုရရှိထားသူတစ်ယောက်ပါ။ သီဟအောင်ကတော့ အခုဆိုရင် Photoshoot တွေ ကြော်ငြာ်တွေ Music Video တွေ ဆက်တိုက်ရိုက်ကူးနေရတာပါ။ မကြာသေးခင်ကတော့ သီဟအောင်တစ်ယောက် ဖြူဖြူထွေးနဲ့အတူရိုက်ကူးရေးပြုလုပ်ခဲ့ပါတယ်။ သွက်လက်ပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကြော်ငြာတွေကို ရိုက်ကူးနေတာဖြစ်ပြီး အတော်လေးကိုအောင်မြင်နေတာပါ။ သီဟအောင်နဲ့ဖြူဖြူထွေးတိုနှစ်ယောက်ကတော့ အခုမှပထမဆုံးအနုပညာအလုပ်အတူတူလုပ်ဖူးတာဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ မီဒီယာတွေနဲ့အင်တာဗျူးရာမှာတော့ သီဟအောင်က ဖြူဖြူထွေးရဲ့သတင်းတွေအမြဲလိုလိုကြည့်ဖြစ်တာဖြစ်ပြီး ဖြူဖြူထွေးရဲ့ဖေ့ဘွတ်ခ်အကောင့်ကို see first လုပ်ထားတယ် ဆိုတဲ့အကြောင်းနဲ့ ဖြူဖြူထွေးကသူ့ရဲ့ Idol တစ်ယောက်လို့လည်း ဆိုပါတယ်။ လူတော်တော်များများကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်၊သတင်းပေချ့်တွေစသဖြင့်ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို အရင်ဆုံးမြင်ရအောင်လို့ see first လုပ်ထားလေ့ရှိတာပါ။ သီဟအောင်ကတော့ ဖ့ဘွတ်ခ်အကောင့်ကို see first လုပ်ထားတယ် လို့ဆိုတာကြောင့် …
Read More »အကူအညီလာတောင်းတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ဦးကို ချက်ချင်း နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး
ကိုယ်ကိုယ်တိုင်အောင်မြင်မှုရရှိလာတာနဲ့အမျှ အခြားသူတွေကိုပါလက်တွဲခေါ်ယူဖို့ ဝန်မလေးသူလေးကတော့ ဖြူဖြူထွေးပါ။ ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တွေကို သူရထားတဲ့ ကြော်ငြာတွေမှာ ထည့်သုံးပေးပြီး တစ်ဖက်တစ်လမ်းက ကူညီနေသလို ကြော်ငြာရိုက်ကူးပြီးချိန်မှာလည်း ဂါဝရတရားရှေ့ထားပြီး ကန်တော့လေ့ရှိသူပါ။ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ ဖြူဖြူထွေးကတော့ မနေ့ကတော့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ကို နိုင်သလောက် လှူဒါန်းပေးဖြစ်ခဲ့တဲ့ သူ့ရဲ့အလှူလေးကို ရေးသားမျှဝေခဲ့ပါတယ်။ ” ရိုက်ကူးရေးကပြန်ရောက်ရောက်ချင်း….. လေးလေးကအိမ်ထဲထိဝင်လာတယ်…. လေးလေး ဘာများပြောစရာရှိလို့လဲဆိုတော့? ကဒ်လေးပြပြီးအခက်အခဲ ဖြစ်နေကြောင်းပြောတယ်….. ဖြူဖြူလည်း တတ်နိုင်သလောက် ကန်တော့ခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ဖြူဖြူထွေးကတော့ တကယ်ခက်ခဲနေသူတိုင်းကို မညာဘဲနဲ့ ဖြစ်နေတဲ့အခြေအနေကို အမှန်အတိုင်းပြောရင် ကူညီဖို့ အသင့်ပါပဲလို့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိသူပါ။ မနေ့ကတော့ ရှူတင်ကပြန်ရောက်ရောက်ချင်း ယုံယုံကြည်ကြည်နဲ့ အကူအညီလာတောင်းခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ကို …
Read More »ပရိသတ်ကြီးအတွက် ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေ ချပြလာတဲ့ ဖြူဖြူထွေး
အချိန်တိုအတွင်းမှာ ပရိသတ်တစ်ခဲနက်အားပေးမှုရရှိပြီး အောင်မြင်လာသူကတော့ ဖြူဖြူထွေးပါ။ အညာသူလေးပေမယ့် နာမည်နဲ့လိုက်အောင်ဖြူဖွေးတဲ့အသားအရည်ကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ ရုပ်ရည်ကြောင့် မဟုတ်ဘဲ စိတ်ဓာတ်အရင်းခံလေးကြောင့် ပရိသတ်အချစ်ကို သိမ်းပိုက်နိုင်ခဲ့သူလို့ ဆိုရမှာပါ။ ပကာသနမရှိ သွက်လက်ပြီး ရိုးသားပွင့်လင်းတဲ့စကားပြောဟန်လေးကြောင့် ပရိသတ်တွေအချစ်ပိုနေရသလို လူအများကို ကူညီလိုတဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်လည်း လုပ်သမျှအလုပ်တိုင်း အောင်မြင်လာသူလို့ ဆိုရမှာပါ။ အခုဆိုရင် ဖြူဖြူထွေးကတော့ ကြော်ငြာတွေဆက်တိုက်ရိုက်နေရသလို သူ့ရဲ့ကိုယ်ပိုင်ဇာတ်ညွှန်းနဲ့ ကြော်ငြာလေးတွေကိုလည်း အားပေးသူ သန်းချီရှိနေပြီဖြစ်ပါတယ်။ အခုလိုပရိသတ်အချစ်တော်ဖြစ်လာတဲ့ဖြူဖြူထွေးကတော့ ဒီနေ့မှာ သူ့ရဲ့ငယ်ဘဝအမှတ်တရပုံရိပ်လေးတချို့ကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ….ငယ်စဉ်ထဲက အသက်ပါတဲ့အပြုံးလေးတွေရဲ့ပိုင်ရှင် ဖြူဖြူထွေးရဲ့ ကလေးဘဝကပုံရိပ်လေးတွေကို မြင်တွေ့ချင်နေတဲ့ ပရိသတ်ကြီးအတွက် ဆယ်လီကမ္ဘာမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Phyu Phyu Htwe Rainbow- …
Read More »တနေ့တာအချိန်လေးကို အလှူတွေဆက်တိုက်လုပ်ပြီး ဖြတ်သန်းခဲ့တဲ့ ဖြူဖြူထွေး
ဖြူဖြူထွေးကတော့ ရိုးသားတဲ့ဂုဏ်စားမကုန် ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ ရိုးသားဖြူစင်မှုကြောင့် ပရိသတ်တွေ တဖြည်းဖြည်းတိုးလို့ အချစ်ပိုလာရသူတစ်ယောက်ပါ။ အချိန်တိုအတွင်း ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်လာသလို ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ကြော်ငြာရိုက်ကူးရေးမရှိတဲ့အချိန်တွေမှာလည်း ချို့တဲ့သူတွေကို ဆက်တိုက်ကူညီနေသူဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း လေဖြတ်ပြီးကိုယ်တစ်ခြမ်းသေ သွားတဲ့ ခေတ်ဟောင်းလူကြမ်းသရုပ်ဆောင် ဦးတင်မြင့်ဆီသွားကာ ဆန်၊ဆီ၊ စားသောက်ကုန်တွေနဲ့ အလှူငွေနှစ်သိန်းသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ငွေကြေးချို့တဲ့ပေမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဝါးတရာကျေးရွာက ညီမလေးမိုးမိုးဆီသွားပြီးတော့လည်း အလှူငွေနဲ့ စားသောက်ကုန်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။ ဦးတင်မြင့်နဲ့ ညီမလေးမိုးမိုးဆီသွားပြီး လှူဒါန်းပေးခဲ့တဲ့အပြင် ဝါးတရာကျေးရွာက ကလေးလေးတွေအတွက်လည်း ငွေကြေးလှူဒါန်းပေးခဲ့ပြီး ဒီနေ့ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အလှူလေးတွေကို ဗွီဒီယိုလေးနဲ့ မျှဝေဖော်ပြခဲ့ပါတယ်။ “ပီတိဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ” ဆိုတဲ့စာသားလေးနဲ့အတူ ဖြူဖြူထွေးရဲ့ပီတိအပြုံးလေးတွေနဲ့ လှူဒါန်းပေးခဲ့တဲ့ အလှူဗွီဒီယိုလေးကို …
Read More »မြင်တွေ့နေကျမဟုတ်တဲ့ပုံစံလေးနဲ့ရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ်လေး
ဖြူဖြူထွေးကတော့ အချိန်တိုအတွင်းမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိကာ အောင်မြင်လာသူတစ်ယောက်ပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေမရှိချိန်မှာတောင် နေ့စဉ်ရက်ဆက်ဆိုသလို ကြော်ငြာတွေ ရိုက်ကူးနေရတာဖြစ်ပြီး သူ့ရဲ့ကြော်ငြာလေးတွေကိုတော့ ကြည့်ရှုသူတွေမပျင်းရအောင် အမျိုးမျိုးသောဇာတ်အိမ်လေးတွေနဲ့ တင်ဆက်ပေးနေတာကို တွေ့မြင်ရမှာပါ။ ဒီနေ့မျှဝေလိုက်တဲ့ ကြော်ငြာလေးမှာလည်း မြင်တွေ့နေကျပုံစံမဟုတ်တဲ့ ရေပေါ်အိမ်လေးမှာ လှေနဲ့သံဃာတွေကိုဆွမ်းကပ်ပုံလေးတွေ ၊ လှေလှော်တာလေးတွေကို ထည့်သွင်းရိုက်ကူးထားပြီး မောင်နှမနှစ်ယောက်ရဲ့ ချစ်စဖွယ်ဇာတ်အိမ်လေးကို ဖန်တီးထားပါတယ် ပရိသတ်ကြီးရေ… မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်လေးတွေ ပါအောင် ထည့်သွင်းရိုက်ကူးလေ့ရှိတဲ့ ဖြူဖြူထွေးရဲ့ ဒီကြော်ငြာလေးကိုလည်း ပရိသတ်တွေသဘောကျဦးမှာ အမှန်ပါပဲနော်။ ဒါ့အပြင် ဒီတစ်ခေါက်မှာတော့ ဇာတ်ပို့ဇာတ်ရံတွေသာမက ပရိသတ်ရဲ့အချစ်တော်ဒီဇိုင်နာမျိုးမင်းစိုးလည်းဖြူဖြူထွေးရဲ့ကြော်ငြာလေးမှာ ပါဝင်အားဖြည့်ထားတာကို တွေ့မြင်ရမှာပါ။ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ် အသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်လေးတွေနဲ့ ရိုက်ကူးထားတဲ့ ချစ်စရာကြော်ငြာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Phyu …
Read More »ကြော်ငြာရိုက်ကွင်းနောက်ကွယ်က ချစ်စရာပုံရိပ်လေးတွေကိုမျှဝေလာတဲ့ မျိုးမင်းစိုးနဲ့ဖြူဖြူထွေး
လက်ရှိအချိန်မှာကြော်ငြာဘုရင်မလေးဖြစ်နေတဲ့ဖြူဖြူထွေးက ပရိသတ်အားပေးမှုကို များစွာရရှိနေတာလည်း ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေများစွာလုပ်တဲ့ မြန်မာနိုင်ငံရဲနာမည်ကြီးဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့မျိုးမင်းစိုးကိုလည်း ပရိသတ်တွေချစ်ခင်အားပေးကြတာပါ။ သူတို့နှစ်ဦးကတော့ မကြာသေးခင်ကချစ်စရာကောင်းတဲ့ Tik Tok လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ်။ အခုလည်း သူတို့နှစ်ဦးရဲ့အတွဲညီညီရိုက်ကူးထားတဲ့ကြော်ငြာပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေခဲ့ပါသေးတယ်။ မျိုးမင်းစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ” ဖြူဖြူထွေးနဲ့ ရွှေမြင်းပုသိမ်ဟာလဝါနဲ့ သူဌေးမုန့် ကြော်ငြာလေး မနက်အစောကြီးထဲကရိုက်နေပါတယ်နော်။” ဆိုပြီးတော့ ရေးသားထားပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ ပုသိမ်ဟာလဝါရိုက်ကူးနေတဲ့ ကြော်ငြာလေးဖြစ်ပြီး ပရိသတ်တွေကတော့ သဘောကျနေကြတာဖြစ်ပါတယ်။ ဖြူဖြူထွေးနဲ့မျိုးမင်းစိုးတို့ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသလို ကြော်ငြာရိုက်ကူးနေတော့လည်း ပရိသတ်တွေက အားပေးနေကြတာပါ။ သူတို့နှစ်ဦးရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကိုကြည့်ပြီး ကြော်ငြာလေးတွေကို ပရိသတ်တွေကစိတ်ဝင်စားနေကြတာတော့အမှန်ပါပဲနော်… Source : MyoMinSoe
Read More »ပျော်ရွှင်စရာရိုက်ကွင်းလေးဆီကို အလည်တစ်ခေါက်ခေါ်လိုက်တဲ့ ဖြူဖြူထွေး
အသားဖြူဖြူ အညာသူလေး ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာအပြည့်အဝ ရရှိထားသူတစ်ယောက်ပါ။ ဖြူစင်ပွင့်လင်းတဲ့စကားပြောဟန်နဲ့ စိတ်ကောင်းစေတနာရှိသူလေးမို့ ပရိသတ်တွေ တစ်စထက်တစ်စ တိုးလို့အချစ်ပိုနေရသူလေးလို့ ဆိုရမှာပါ။ နေ့စဉ်နေ့တိုင်း ကြော်ငြာဗွီဒီယိုလေးတွေကို ဇာတ်အိမ်လေးတွေနဲ့ ဟာသဖောက်ကာ မျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ ရိုက်ကွင်းနောက်ကွယ်က လက်တွေ့ဘဝကို စိတ်ဝင်စားနေမယ့် ပရိသတ်ကြီးအတွက် သူ့ရဲ့ရှူတင်လေးကို အလည်တစ်ခေါက်ခေါ်ခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ သီချင်းဗွီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လတ်တလောမှာ ပြင်ဦးလွင်မြို့ကို ရောက်ရှိနေပြီး သူ့ရဲ့တနေ့တာလေးကို ဗွီဒီယိုလေးလုပ်ကာ ပရိသတ်ကြီးအတွက် မျှဝေပေးခဲ့ပါတယ်။ ဒီဗွီဒီယိုလေးထဲမှာတော့ သူ့ကို အားပေးနေကြတဲ့ချစ်ပရိသတ်ကြီးနဲ့လည်း ရင်းရင်းနှီးနှီး ဖက်လှဲတကင်း ဆက်ဆံလေ့ရှိတဲ့ ဖြူဖြူထွေးကို တွေ့မြင်ရမှာပါ။ အမြဲတမ်းပျော်စရာတွေကိုပဲ ဖန်တီးလေ့ရှိတဲ့ ဖြူဖြူထွေးတစ်ယောက် ဒီဗွီဒီယိုလေးထဲမှာရော ဘယ်လိုတွေတက်ကြွပျော်ရွှင်နေလဲသိနိုင်ဖို့ ဖြူဖြူထွေးရဲ့ ရိုက်ကွင်းဆီ အလည်တစ်ခေါက် …
Read More »ဈေးဝယ်ဝါသနာပါတဲ့ ပရိသတ်ကြီးအတွက် အလုပ်မရှုပ်စေမယ့်နည်းလမ်းလေး မျှဝေလိုက်တဲ့ ဖြူဖြူထွေး
ရိုးသားသွက်လက်ပြီး ပကာသနမရှိတဲ့ဖြူဖြူထွေးကတော့ တစ်နေ့တခြားတိုးများလာတဲ့ အမာခံပရိသတ်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနား၊ ကြော်ငြာရိုက်ကူးရေးစတာတွေမှာ အများဆုံးတွေ့မြင်လာရတဲ့အပြင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ကြော်ငြာလေးတွေကိုလည်း နေ့စဉ်နဲ့အမျှတွေ့မြင်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ဈေးဝယ်ရတာဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် အချိန်မကုန်၊ အလုပ်မရှုပ်၊ ကိုဗစ်ကြောက်စရာမလိုဘဲ အိမ်မှာပဲထိုင်နေရင်း အမျိုးစုံဝယ်လို့ရတော့မယ့်အကြောင်းကို ကြော်ငြာလေးနဲ့ မျှဝေခဲ့ပါတယ်။ သူအမြဲကြော်ငြာပေးလေ့ရှိတဲ့ rgo47 ဈေးဝယ်အပလီကေးရှင်းကနေပြီးတော့ မကြာခင်မှာ Facebook Live လွှင့်ကာ ဈေးရောင်းချတော့မှာဖြစ်ပြီး အစားအသောက်၊အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာ တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်တော့မှာပါ။ ဘာကြော်ငြာလေးပဲရိုက်ရိုက် ကိုယ်ပိုင်ဇာတ်ညွှန်း၊ ဇာတ်အိမ်လေးနဲ့ ရိုက်တတ်တဲ့ဖြူဖြူထွေးကတော့ ဒီတစ်ခေါက်မှာ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်သူ ဂွမ်းပုံကြီးနဲ့ ဒီကြော်ငြာလေးကို ရိုက်ကူးကာ မျှဝေခဲ့ပါတယ် ။ ရောဂါပိုးရန်ကို ကြောက်ပြီး အပြင်ထွက်ဈေးမဝယ်ဖြစ်တော့တဲ့ …
Read More »