Tag Archives: Po Po

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ ပိုပိုတစ်ယောက် ကျန်းမာရေးလိုက်စားပြီး အားကစားလိုက်စားနေတာကို ပရိသတ်တွေလည်းသိပြီးဖြစ်မှာပါနော် ..။   လတ်တလောမှာတော့ မိန်းမ တစ်ယောက်ရဲ့ သဘာဝ ဆန်တဲ့ အလှများပေါ့ ဆိုတဲ့စာသားလေးနဲ့အတူ ပိုပိုက သူမလေ့ကျင့်ခန်းလုပ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပိုက နုနု ရွရွ လေးလည်း နေတတ်တယ် သန်မာပြီး စိတ်ဓါတ် ပြင်းထန်တဲ့ သူ တစ်ယောက်လိုလည်းနေတတ်တယ် ဒါပေမယ့် ချစ်သူ ရှေ့ကျရင်တော့ နူးညံ့တဲ့ ကောင်မလေးဖြစ်သွားအောင် မောင့်အပြုံးတွေနဲ့ …

Read More »

ဘဝမှာဘယ်သူမှမရှိလည်း ဂီတနဲ့ပျော်မွေ့နေသူတစ်ယောက်ဆိုတာ ပရိသတ်တွေကိုပြောပြလာတဲ့ ပိုပို

အဆိုတော်ပိုပိုကတော့ သူချစ်တဲ့ဂီတတွေကိုဖန်တီးရင်းပျော်နေတဲ့သူတစ်ယောက်ပါ။ ကိုယ်ပိုင်ဂီတွေကိုတွေဖန်တီးရေးသားသီဆိုကာ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဘဝကို အောက်ခြေကနေပြီတစ်ယောက်တည်းရုန်းကန်ကာ အခုဆိုရင်အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်ရပ်တည်လာနိုင်တဲ့ပိုပိုကတော့ လေးစားအားကျစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပိုပိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အတွေးအခေါ်တွေကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေတဆင့်မျှဝေလေ့ရှိသူပါ။ အခုလည်း သူ့ဘဝမှာဂီတကိုချစ်မြတ်နိုးတဲ့အကြောင်းကို ရေးသားဖော်ပြလာပြန်ပါတယ်။ ပိုပိုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘဝ ဆိုတာ ပျော်အောင်နေတတ်ဖို့ အရေးကြီးဆုံး မင်းဘေးမှာ ဘယ်သူမှ မရှိနိုင်ဘူး။ မရှိလဲ အေးဆေး Music ရှိတယ်” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ ပိုပိုကတော့သူ့ရဲ့ပုံရိပ်တွေကိုလည်းပရိသတ်တွေကိုမျှဝေပေးခဲ့ပြီး တစ်ယောက်တည်းပျော်ရွှင်နေတဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။ ပိုပိုကတော့ အမြဲလိုလိုသီချင်းအသစ်တွေဖန်တီးနေသူဖြစ်ပြီး ဘယ်သူမှမရှိလည်း ဂီတနဲ့ပျော်မွေ့နေသူတစ်ယောက်ဆိုတာ ပရိသတ်တွေကိုပြောပြလာခဲ့ပါပြီ။ Source : ဝတ်ရည်မိုး

Read More »

ဇာတ်ဝင်တေးသီချင်းကို ပထမဆုံးရေးသားဖို့အတွက်စိတ်လှုပ်ရှားနေတဲ့ ပိုပို

ပိုပိုကတော့ ကိုယ်ပိုင်ဟန်နဲ့ရေးသားသီဆိုတဲ့သီချင်းတွေကြောင့် လူကြိုက်များပြီး အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလည်း သီချင်းအသစ်တွေဆက်တိုက်ဖန်တီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ပိုပိုကတော့ ဇာတ်ဝင်တေးသီချင်းကို ရေးသားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဘဝမှာ ပထမဆုံး ရေးပေးရမဲ့ ဇာတ်ဝင်သီချင်းဖြစ်မှာပါ ။ဆိုပြီးသားသီချင်း ကိုသုံးမှာမဟုတ်ပဲ။ ဝတ္တု ဇာတ်ကောင် ဖြိုးနေလင်းရဲ့ ခံစားချက်ကို သုံးပြီးရေးရမဲ့ ရုပ်ရှင် ဇာတ်ဝင်တေးဖြစ်ပါတယ်။ တာဝန် ကြီးသလို ခံစားရပါတယ်။ သေချာ ဖတ်ပြီး အကောင်းဆုံးကြိုးစားပေးပါမယ်အကို စေတနာမောင်ရေ မိန်းကလေး တေးရေးကို ယောကျားလေး ဆိုမဲ့ သီချင်းရေးခိုင်းတာကိုက တာဝန်ပိုကြီးတာပါပဲ ။ ကြိုးစားပါ့မယ် ကျေးဇူးပါ။ ရတဲ့ အနုပညာကြေး ကိုလဲ မဟာဝိဟာရ ဘုန်းကြီး ကျောင်း တစ်နေ့လုံးစာအတွက် လှူပါမယ်။ တေးရေးခ …

Read More »

သီဆိုထားခဲ့တဲ့သီချင်းတွေနဲ့ပတ်သက်ပြီး FM တွေကမလွှင့်ဖို့ကိုအခြားသူတွေက ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြတ်ပြတ်သားသား ပြောလာတဲ့ပိုပို

ပိုပိုကတော့ ပထမဆုံးအယ်လ်ဘမ်ထွက်ရှိချိန်ကတည်းက ပရိသတ်တွေကြားမှာရေပန်းစားကာ စတင်အောင်မြင်လာသူတစ်ယောက်ပါ။ အခုဆိုရင်မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပြီလည်းဖြစ်သလို သီချင်းကောင်းများစွာကိုလည်း ထွက်ရှိခဲ့ပါတယ်။ ပိုပိုကတော့ သူကိုယ်တိုင်ရေးသားထားတဲ့သီချင်းတွေနဲ့ပတ်သက်ပြီး “ဒီ စာကတော့ FM Radio တွေ ဖြစ်နေတဲ့ ပြသနာအတွက်ပါ။ ပိုပို ရဲ့ ထွက်ထားသမျှ သီချင်းတွေကို ပိုပို ပဲ ပိုင်ပါတယ် ။ အကယ်လို့ အတွဲခွေ တွေထဲက သီချင်းတွေကလဲ ဒဏ် နဲ့ မငိုပါနဲ့ ကလေးလေးရယ် ကလွဲလို့ ကျန်တာက producer က မလွှင့်ဖို့ သူတစ်ယောက်တည်း တားပိုင်ခွင့်မရှိပါ။ တေးရေး တေးဆို ပိုပို ဖြစ်နေလို့ပါ။ အခု FM တွေ က မလွှင့်ဖို့ တားထားတာက ဒုက္ခ …

Read More »

ရွေးကောက်ပွဲမှာမဲသွားပေးရင်း ဖူးစာဆုံခဲ့တယ်ဆိုတဲ့ ပိုပို

ပိုပိုကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်သလို သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကိုဖမ်းစားထားနိုင်သူပါ။ ကိုယ့်ဒူးကိုယ်ချွန်ပြီးတော့အောင်မြင်လာသူတစ်ယောက်ဖြစ်သလို ပရိသတ်တွေကို အနုပညာဖန်တီးမှုအသစ်တွေနဲ့မရိုးစေတဲ့သူလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ရွေးကောက်ပွဲနေ့ဖြစ်ပြီး ပိုပိုကိုယ်တိုင်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ မနက်စောစောထပြီး မဲသွားပေးခဲ့တယ်လို့ ဆိုပါတယ်။ မဲသွားပေးရင်းနဲ့ဖူးစာဆုံခဲ့တယ်ဆိုပြီးတော့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ” I Voted မဲပေးပြီးပါပြီ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပါပြီရှင် .. ဪ ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ ရွေးကောက်ပွဲ ဖူးစာပေါ့” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ပိုပိုကတော့ မင်းသားချောအလင်းရောင်နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံလေးကိုလည်း တင်ထားခဲ့ပါသေးတယ်။ ပိုပိုကတော့ မကြာသေးခင်က သီတင်းကျွတ်ဖူးစာ ဆိုတဲ့ သီချင်းလေးကိုထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုလည်း ရရှိထားပါသေးတယ်။ တဲ့ပိုပိုကတော့ ဒီနေ့မှာလည်း ရွေးကောက်ပွဲဖူးစာဆိုပြီးအရွှန်းဖောက်စနောက်လာပါတယ်ပရိသတ်ကြီးရေ… Source : ပိုပို

Read More »

သီတင်းကျွတ်မှာ ပိုပို့ကိုသွားရောက်ကန်တော့ခဲ့ကြတဲ့ ချယ်ရီသင်းနဲ့ ဖူးဖူး

ပရိသတ်အချစ်တော် တေးသံရှင်ပိုပိုရဲ့ မကြာသေးမီကမှ ထွက်ရှိထားတဲ့ သီတင်းကျွတ်သီချင်းလေး ကို ပရိသတ်တွေတော်တော်လေး နှစ်ခြိုက်သဘောကျနေကြတာကိုတွေ့ရပါတယ် ။ လတ်တလောမှာတော့ အပျိုကြီးပိုပိုကို အနုပညာရှင် ဂျူနီယာ ညီမလေး နှစ်ယောက်က သွားရောက်ကန်တော့ခဲ့ကြတယ်လို့သိရပါတယ် ။ တေးသံရှင် ချယ်ရီသင်းနဲ့ ဖူးဖူးတို့က သီတင်းကျွတ်အနေနဲ့ ဂါရဝထားပြီး သူမကို သွားရောက်ကန်တော့ခဲ့ကြတာပဲဖြစ်ပါတယ် ။ ချစ်ညီမ ချယ်ရီသင်းနဲ့ မိဖူးတို့က လာကန်တော့တာတဲ့ သူ့အစ်မ ကို လိုအင်ဆန္ဒများ အားလုံး ပြည့်စုံပြည့်ဝပါစေရှင့် မနှစ်က L ဇာတာကြည်ဖြူ ဒီနှစ် ချယ်ရီနဲ့ မိဖူး (ဪ ကန်တော့ခံအရွယ်ရောက်ပြီ ) ဆိုတဲ့စာသားလေးနဲ့အတူ ပိုပိုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပရိသတ်တွေကို မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ L ဇာတာကြည်ဖြူကလည်း …

Read More »

မကြာခင်မှာ ရောက်ရှိတော့မယ့် သီတင်းကျွတ်လပြည့်ညအတွက် ပိုပိုရဲ့ သီတင်းကျွတ်ဖူးစာသီချင်းလေး

ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီဆိုဟန်တွေနဲ့ ဂီတခရီးလမ်းပေါ်မှာ လျှောက်လှမ်းနေသူ အဆိုတော်ပိုပိုကတော့ ပထမဆုံးတေးစီးရီးအခွေမှာကတည်းက ပရိသတ်အားပေးမှုအခိုင်အမာနဲ့ ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ သီချင်းတွေကို ကိုယ်တိုင်ရေးတဲ့အပြင် ရင်ထဲထိရှစေတဲ့ ပိုပိုရဲ့သီချင်းစာသားတွေကတော့ ဘယ်အချိန်နားထောင်နားထောင် မရိုးနိုင်အောင် ဆွဲဆောင်မှုရှိနေတယ်လို့လည်း ဆိုရမှာပါ ပရိသတ်ကြီးရေ… ဒီတစ်ခေါက်မှာလည်း ပိုပိုကတော့ ချစ်ခင်အားပေးနေတဲ့ပရိသတ်ကြီး သီတင်းကျွတ်ကာလကို သူ့ရဲ့သီချင်းလေးနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် သူကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းဟောင်းလေးဖြစ်တဲ့ သီတင်းကျွတ်ဖူးစာဆိုတဲ့ သီချင်းလေးကို ပြန်လည်ဆန်းသစ်ထားပြီး သီချင်းဗွီဒီယိုလေး ရိုက်ကူးကာ မျှဝေလာပါတယ်။ သီတင်းကျွတ်လပြည့်ညမှာ ဆုံတွေ့ခဲ့ရတဲ့ကောင်လေးတစ်ယောက်အကြောင်းကို စိတ်ကူးယဉ်ချင်စရာကောင်းလောက်အောင် ရေးစပ်သီဆိုထားသလို သီတင်းကျွတ်ကာလရဲ့ အငွေ့အသက်တွေအများကြီး ပါဝင်တဲ့ သီချင်းဗွီဒီယိုလေးကလည်း ပရိသတ်ကြီးကို သဘောကျစေမှာ အမှန်ပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်တော့ သီတင်းကျွတ်ကာလမှာ ရှိုးပွဲတွေ၊ စင်တာတွေတိုင်းမှာ မီးရောင်စုံတွေ၊ ပျော်ရွှင်စွာ သွားလာလှုပ်ရှားနေတဲ့သူတွေ၊ …

Read More »

ပိုပိုမှ ပိုပို ဆိုသူတွေအတွက် သတင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ပိုပို

မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ Stay Home ကာလမှာပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် အစီအစဉ်လေးတစ်ခုလုပ်ထားကြောင်း မျှဝေလာပါတယ်။ ပိုပိုမှ ပိုပိုဆိုတဲ့ ကိုကိုတွေ၊ မောင်မောင်တွေ၊ ပိုပိုကိုချစ်တဲ့ ပရိသတ်တွေအားလုံးအတွက် သတင်းကောင်းလေး ဆိုရင်လည်း မမှားပါဘူးနော်။ သီတင်းကျွတ်ကာလကို Stay Home ရင်းအိမ်တွင်းပုန်းနေရမယ့်ပရိသတ်ကြီးအတွက် Po Po VIP Fan Club Group လေးကိုမိတ်ဆက်ပေးခဲ့ပြီး ဘယ်မှမသွားရ ဘာမှမလုပ်ရလို့ စိတ်ဓာတ်ကျနေကြတဲ့ပရိသတ်ကြီး အားလုံးအပြုံးတွေနဲ့ဖြစ်သွားအောင် သီတင်းကျွတ်လပြည့်နေ့ည အောက်တိုဘာ(၃၁) ရက်နေ့မှာ Live Streaming At Home Concert လေးတစ်ခုပြုလုပ်ပေးသွားမှာပါ။ ပိုပိုရဲ့ သီချင်းတွေကို တစ်ဝကြီးနားထောင်ရမယ့် ဒီအစီအစဉ်လေးအတွက် Group ထဲဝင်လိုသူတွေအနေနဲ့ ၀၉၄၂၀၂၄၄၈၂၉ …

Read More »

သာသနာ့ဝန်ထမ်း(၁၀၀) အတွက် ကိုယ်တိုင်ချက်ဟင်းတွေနဲ့ ကုသိုလ်ယူခဲ့တဲ့ ပိုပို

ပရိသတ်ရဲ့အချစ်တော် အဆိုတော်ပိုပိုကတော့ ဂီတလောကမှာအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်သလို တက်သစ်စအဆိုတော်တွေကိုလည်း လက်တွဲခေါ်ယူလေ့ရှိသူတစ်ယောက်ပါ။ စိတ်ကောင်းစေတနာအပြည့်နဲ့ ဘဝကိုရပ်တည်ဖို့ကြိုးစားနေသလို ဘာသာ၊သာသနာရေး၊ကုသိုလ်ရေးဘက်မှာလည်း အားစိုက်ထုတ်သူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ လတ်တလောကိုဗစ် Stay Home ကာလမှာတော့ ကပ်ဆိုးကြီးကိုကျော်လွှားဖို့ ရိသတ်ကြီးနဲ့အတူတူ အဓိဌာန်တွေပြုလုပ်နေသလို အဆင်ပြေရင်ပြေသလိုလည်း အလှူလေးတွေပြုလုပ်နေပါတယ်။ ဒီနေ့မှာတော့ ကိုယ်တိုင်အပင်ပန်းခံပြီး သာသနာ့ဝန်ထမ်းတွေအတွက် ဆွမ်းကပ်ခဲ့တဲ့အလှူလေးကို ကြည်နူးပီတိနဲ့ မျှဝေလာပါတယ်။ သံဃာတော်၊သီလရှင်နဲ့ ယောဂီအပါး(၁၀၀) စာအတွက် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ပြည်ကြီးငါးဟင်း၊ ငါးခြောက်ဖုတ်နဲ့ ချဉ်ပေါင်ကြော်တို့ကို တပည့်မလေးတစ်ယောက်နဲ့အတူ တစ်နေကုန်ချက်ပြုတ်ပြီး လှူဒါန်းပေးခဲ့တဲ့အပြင် အခြားစားသောက်ကုန်တွေကိုပါ လှူဒါန်းပေးခဲ့ပါတယ်။ ဒီအလှူလေးကတော့ ပိုပိုရဲ့ သီချင်း Ringtune ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကြောင့် ရရှိလာတဲ့အနုပညာကြေးတွေကို ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပိုပိုကတော့ အလှူတွေလုပ်နေရရင် ပျော်နေတာပဲ ဆိုတဲ့စာသားလေးနဲ့အတူ …

Read More »

မြင်တွေ့နေကျပုံစံမျိုးမဟုတ်တဲ့ အေးချမ်းတဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရှေ့ကိုရောက်လာတဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ သူမရဲ့ သီချင်းတွေကို ပရိသတ်တွေအားပေးကြသလို သူမရဲ့ အမိုက်စား ဖက်ရှင်တွေကိုလည်း ပရိသတ်တွေက အားပေးခဲ့ကြတာပါ ။ လတ်တလောမှာတော့ ပိုပိုတစ်ယောက် သူမရဲ့ ပုံစံနဲ့မတူ ကွဲထွက်နေတဲ့ ဖက်ရှင်တစ်ခုနဲ့ ပရိသတ်တွေရှေ့ကိုရောက်ရှိလာခဲ့ပါတယ် ။ အဖြူရောင် မြန်မာဝတ်စုံလေးနဲ့ မြန်မာဆန်ဆန်ထုံးဖွဲ့ ဆင်ယင်ထားတဲ့ ပိုပိုရဲ့ ပုံစံကတော့ မြင်နေကျပုံစံတွေနဲ့မတူဘဲ အရမ်းကိုတည်ငြိမ်ရင့်ကျက်တဲ့ အလှတွေနဲ့ သူမရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ဒါ့အပြင် ” မောင်က မြန်မာ ဆန်ဆန် …

Read More »
x