ပရိသတ်ကြီးရေ .. ရွှေပိုင်လေးကတော့ အရမ်းကိုလိမ္မာယဉ်ကျေးတဲ့ ကလေးလေးအဖြစ် ပရိသတ်တွေသိထားကြပြီး အားလုံးက ဝိုင်းချစ်နေရတဲ့ အဆိုတော် ဇော်ပိုင်ရဲ့ တစ်ဦးတည်းသော သားလေးပဲဖြစ်ပါတယ် ။ ဒီနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ သားလေး ရွှေပိုင်ရဲ့ အသက် (၉) နှစ်ပြည့် မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ် ။ ရွှေပိုင်လေးက မွေးနေ့မှာ တစ်နိုင်ငံလုံးက လေးစားကြည်ညိုရတဲ့ ဆရာတော် ဘုန်းဘုန်း အရှင်ဆန္ဒာဓိက ကိုသားသား သိလိုတာတွေမေးလျှောက်ခဲ့ပါတယ် ။ အသက် (၉) နှစ်ပဲ ရှိသေးတဲ့ သားသားလေးရဲ့ သိလိုတဲ့ မေးခွန်းလေးတွေကို ရိုးသားစွာမေးမြန်းခဲ့ပြီး ဆရာတော်ကြီးကလည်း သားသားနားလည်လောက်မယ့် စကားလုံးလေးတွေ ရွေးချယ်ပြီး ဖြေဆိုပေးခဲ့တဲ့ ဗီဒီယိုလေးကို …
Read More »Tag Archives: Poe Kyar Phyu Khin
ရုတ်တရက်လေဖြန်းသွားတဲ့အတွက် မုံရွာဆေးရုံကြီးမှာ ကုသနေရတဲ့ ဟာသ လူရွှင်တော် ဦးမိုးကျော်
ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေ အမြဲတိုက်ကျွေးခဲ့ပြီး သူတို့ချစ်တဲ့အနုပညာနဲ့နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ကြတဲ့ ဆိုနီ မိုးကျော် ဆိုတဲ့ လူရွှင်တော်ကြီး နှစ်ယောက်ကို ပရိသတ်တွေလည်းသိမှာပါ ။ (၄၁) နှစ်တာ အတွဲညီညီ ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြတဲ့ ဝါရင့် လူရွှင်တော် ကြီးတွေဖြစ်ပြီး ဦးဆိုနီကတော့ (၂၀၀၉) ခုနှစ်အောက်တိုဘာလ မှာ ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်သွားခဲ့ပါတယ် ။ ဒီနေ့မှာတော့ မုံရွာမြို့ကို ခေတ္တရောက်ရှိနေတဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးကျော် ဒီဇင်ဘာလ (၂၄) နံနက်ပိုင်းက မျက်နှာတစ်ခြမ်းလေဖြန်းသွားတဲ့အတွက် မုံရွာဆေး ရုံးကြီးသို့ တင်ပို့ထားရတယ်လို့သိရပါတယ် ။ ဒီနေ့ ညနေပိုင်းမှာတော့ ကျောက်ပန်တောင်းမှာနေထိုင်တဲ့ ဦးမိုးကျော်ရဲ့သမီးက ကျောက်ပန်းတောင်းကို လာရောက်ခေါ်ဆောင်မှာဖြစ်တယ်လို့လည်း လူရွှင်တော် ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို …
Read More »ဇာတ်ဝင်ခန်းတစ်ခုမှာ သရုပ်ဆောင်ကောင်းလွန်းလို့ ရှုတင်တဖွဲ့လုံး မျက်ရည်ဝဲတဲ့ထိ ဖြစ်ခဲ့ရတယ်ဆိုတဲ့ သာထက်တင်ဇော်
MRTV-4 ကနေပြသတဲ့ “9”ရုပ်ရှင်ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ သာထက်ဉာဏ်ဇော် ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ယောက်ပါ ။ လတ်တလောမှာတော့ သာထက်တင်ဇော်ပါဝင်ထားတဲ့ မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ပရိသတ်တွေအကြိုက်တွေ့နေကြပါတယ် ။ ဒိုက်ဆိုတဲ့ ကာရိုက်တာနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အတွက် ပရိသတ်တွေအရမ်းကိုအားပေးကြမ်းနေတဲ့ဇာတ်ကားလေးပါ ။ ဒီနေ့မှာတော့ ဒီဇာတ်လမ်းတွဲရိုက်ကူးခဲ့စဉ်က ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ပြီး cut လို့အော်ပြီးတာနဲ့ရှုတင်တဖွဲ့သားလုံး မျက်ရည်ဝိုင်းပြီး လက်ခုပ်ထတီးကြတာ ဘဝမှာ ဘာနဲ့မှလဲလို့မရတဲ့ ပျော်ရွှင်ခြင်း အနုပညာဖြစ်ခဲ့ရတယ်လို့သူ့ရဲ့မိုင်ဒေးမှာရေးသားဖော်ပြခဲ့ပါတယ် ။ ရှုတင်အဖွဲ့သားတွေရဲ့ ရင်ကိုတောင် လှုတ်ခတ်အောင်သရုပ်ဆောင်နိုင်ခဲ့တာ ပရိသတ်တွေရဲ့ ရင်ထဲကိုတော့ ပြောမပြတတ်အောင် ခံစားသွားစေရမယ့် သရုပ်ဆောင်ကွက်တွေ ဆိုတာကတော့ ပြောနေစရာတောင်လိုမယ်မထင်တော့ပါဘူး ။ သာထက်ဉာဏ်ဇော်ရဲ့ ပရိသတ်တွေရော ဒီဇာတ်ဝင်ခန်းကို …
Read More »ကိုယ်တိုင်ထုတ်လုပ်ရောင်းချတဲ့အင်္ကျီတွေရဲ့ အမြတ်ကိုပြန်လည်လှူဒါန်းသွားမယ်ဆိုတဲ့ ပိုးကြာဖြူခင်
ပရိသတ်ချစ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ပိုင်းမှာအရည်အချင်းအပြည့်အဝရှိတယ်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ အခုဆိုရင် ဂီတဘက်ကိုခြေလှမ်းလာသလို ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါတယ်။ ပရိသတ်တွေချစ်စနိုးနဲ့ဆိုင်းမိုင်လို့ခေါ်တဲ့ ပိုးကြာဖြူခင်ကတော့ Hoodie တွေကို ကိုယ်ပိုင်ထုတ်လုပ်ရောင်းချဖို့အတွက်လည်း ကြိုးစားနေတာပါ။ ဒီလိုရောင်းချရာမှာတော့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေလည်း ပါဝင်နေတာဖြစ်ပြီး “အင်္ကျီရောင်းရငွေရဲ့အမြတ်ကို Covid 19 ကုသရေးအတွက် အသုံးပြုလှူဒါန်းသွားပါမယ်ရှင် ဆိုင်းမိုင် အခု ဆိုင်းမိုင် ရဲ့ စိတ်ကူးလေးနဲ့ ဖန်တီးဖြစ်ခဲ့တဲ့ ပထမဆုံး ကိုယ်ပိုင် Hoodie လေးအကြောင်း ပြောပြချင်ပါတယ်…Hoodie ဆိုတာက ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ကြတဲ့ fashion တစ်ခုလည်းဖြစ်တာဆိုတော့ fans တွေအားလုံးနဲ့လည်း အဆင်ပြေနိုင်တာကြောင့် Hoodie Fashion လေး လုပ်ဖြစ်ခဲ့ပါတယ်…ဒါက ဆိုင်းမိုင်အနေနဲ့ ပထမဆုံးထုတ်ဖြစ်တာလည်း ဖြစ်တော့ ဆိုင်းမိုင်ကိုယ်တိုင်အတွက်ရော ပရိသတ်တွေအတွက်ရော …
Read More »ကြည်နူးစရာမွေးနေ့အမှတ်တရလေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ပိုးကြာဖြူခင်
ဆိုင်းမိုင်လို့ပရိသတ်တွေချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအသစ်လည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုလည်း ရယူထားနိုင်သူပါ။ ဒီနေ့ကတော့ ဆိုင်းမိုင်ရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့အတွက်ပြင်ဆင်ရင်း ညကတည်းကစိတ်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေလုပ်နေခဲ့တာဖြစ်ပြီး မွေးနေ့အမှတ်တရဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေလာတာလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ရဲ့မွေးနေ့မှာတော့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြတာပါ။ ဆိုင်းမိုင်တစ်ယောက် မွေးနေ့မှစပြီး များစွာသောအောင်မြင်မှုတွေရရှိပြီး အနုပညာလောကမှာတောက်ပတဲ့ကြယ်ပွင့်လေးအဖြစ်ဆက်လက်ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Source : PoeKyarPhyuKhin
Read More »အလုပ်တိုင်းဟာဂုဏ်ရှိတာကြောင့် အနုပညာအလုပ်လုပ်သလို ဈေးလည်းရောင်းတယ်ဆိုတဲ့ ပိုးကြာဖြူခင်
ဆိုင်းမိုင်လို့ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဆိုင်းမိုင်ကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့အနုပညာအလုပ်စတင်ခဲ့ပြီး အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသမီးတစ်လက်အနေနဲ့အောင်မြင်လာသူတစ်ယောက်ပါ။ ဆိုင်းမိုင်ကတော့ သရုပ်ဆောင်အလုပ်မှာလည်း အလွန်ကြိုးစားသလိုအခုလည်း သီချင်းတစ်ပုဒ်ထွက်ရှိထားကာ ပရိသတ်အားပေးမှုရရှိထားပါတယ်။ သူ့ရဲ့အလုပ်နဲ့ပတ်သက်တဲ့ခံယူချက်ကိုလည်း “ဂုဏ်ငွေပကာသနတွေ မမက်မောတတ်သူမို့ ငွေရေးကြေးရေးကို အဓိကမထားပဲ အလုပ်ကို စေတနာထားပြီး လုပ်ငန်းရှင်တွေကိုရော ပရိတ်သတ်တွေကိုရော စိတ်ချမ်းသာဖို့ အဓိက ထားပါတယ် သီချင်းလဲဆိုပါတယ် ရုပ်ရှင်လဲ ရိုက်ပါတယ် ကြော်ငြာလဲရိုက်တယ် ဈေးလဲရောင်းပါတယ် အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ကျမကတော့ အလုပ်လုပ်တဲ့သူ တိုင်း ကြိုးစားကြတဲ့သူတိုင်းကို လေးစားတန်ဖိုးထား လျှက်ပါ အားလုံးပဲ fighting” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။ ဆိုင်းမိုင်ကတော့ ကိုဗစ်ကာလမှာ အွန်လိုင်းက ဈေးရောင်းတာလည်း လုပ်နေသလို ပရိသတ်တွေကလည်း ချစ်ခင်အားပေးလျက်ရှိနေတာပါ။ အလုပ်နဲ့ပတ်သက်ပြီး …
Read More »Official Music Video ထွက်ရှိလာတဲ့ ပိုးကြာဖြူခင်ရဲ့သီချင်းအသစ်
ပိုးကြာဖြူခင်ကိုတော့ ဇာတ်လမ်းတွဲချစ်တဲ့သူတွေမသိသူမရှိလောက်ပါဘူးနော်။ ဆိုင်းမိုင်ဆိုတဲ့ချစ်စနိုးနာမည်လေးနဲ့အတူ သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့မင်းသမီးတစ်လက်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ မနေ့ညကပြီးခဲ့ပြီဖြစ်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြတာပါ။ ဇာတ်လမ်းတွဲပြီးသွားတဲ့နေ့မှာပဲ သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းရဲ့ Official Music Video လေးထွက်ရှိလာပါတယ်။ ဆိုင်းမိုင်ကတော့ အဆိုတော်စိန်လင်းနဲ့တွဲပြီးတော့ သီချင်းထွက်ရှိထားတာ ပရိသတ်အားပေးမှုလည်း ရရှိထားပါတယ်။ အခုလည်း အသည်းကွဲသီချင်းလေးကိုပရိသတ်တွေအတွက်ဖန်တီးပေးခဲ့ပြီး အားပေးမှုလည်း ရရှိထားတာပါ။ သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီးတော့ မင်းသားချောကျော်ထက်ဇော်ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေနားဆင်နိုင်အောင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်.. Source : PoeKyarPhyuKhin
Read More »ဒီနေ့မှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတဲ့ ပိုးကြာဖြူခင်
ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာပါ။ ဇာတ်ရုပ်များစွာကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို လက်ရှိအချိန်မှာလည်း MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အဏ္ဏဝါမုန်းဇာတ်ရုပ်နဲ့ ပရိသတ်တွေအားပေးမှု ရရှိထားပါသေးတယ်။ ပိုးကြာဖြူခင်ကတော့ စိန်လင်းနဲ့တွဲပြီးသီချင်းတွေသီဆိုရာမှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတာပါ။ ဒီနေ့မှာတော့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာပါတယ်။ သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီး JOOX မှာနားဆင်လို့ရပါတယ်။ လှည့်စားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ရေးထားတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းရဲ့Music Video ကိုတော့ မနက်ဖြန်ထွက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သီချင်းရဲ့ရိုက်ကွင်းနောက်ကွယ်ပုံရိပ်လေးတွေကို မျှဝေခဲ့ပါသေးတယ်။ ပိုးကြာဖြူခင်ရဲ့သီချင်းအသစ်လေးကို JOOX မှာ နားဆင်ခံစားကြည့်လိုက်ပါဦးနော်… Source : PoeKyarPhyuKhin, V7Entertainment
Read More »ပရိသတ်တွေရင်ခုန်စေမယ့် ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်မျာ
အနုပညာရှင်တွေကတော့ အနုပညာဖန်တီးမှုအသစ်တွေကို ဆက်တိုက်ကြိုးစားနေလေ့ရှိသလို ပရိသတ်တွေကိုလည်း ချပြလေ့ရှိတာပါ။ အခုလည်း ပိုးကြာဖြူခင်နဲ့ကျော်ထက်ဇော်တို့ကတော့ ပရိသတ်တွေကို ရင်ခုန်မျှော်လင့်နေစေမယ့် ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ Music Video အတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပြီး ပရိသတ်တွေကိုလည်း အသိပေးလာခဲ့တာပါ။ ပိုးကြာဖြူခင်ကတော့ “မိန်းကလေးတစ်ယောက်အတွက် MV shooting .. Coming soon” ဆိုပြီးတာ့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။ ဒီ Music Video ကိုတော့ V7Entertainment ရိုက်ကူးထုတ်လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးအောင်မြင်ခဲ့သလို လက်ရှိမှာလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားနေသူပါ။ ကျော်ထက်ဇော်ကလည်း ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ နာမည်ကြီးလျက်ရှိပြီး ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း လူကြိုက်များခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ …
Read More »ခွေးလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာတဲ့ ပိုးကြာဖြူခင်
မင်းသမီးချောပိုးကြာဖြူခင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြမှာပါ။ သူ့ကိုတော့ ပရိသတ်တွေကဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။ လက်ရှိ MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဆိုင်းမိုင်ကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းလေ့ရှိသူပါ။ စိတ်ထားနူးညံ့တဲ့မင်းသမီးချောလေးကတော့ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တိလေးချစ်သူတစ်ယောက်ပါ” ဆိုပြီးတော့ ခွေးလေးကိုချီထားတဲ့ပုံရိပ်လေးနဲ့အတူ ဖော်ပြလာတာပါ။ တချို့တွေကတော့အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြပြီး သားသမီးတွေလိုဂရုစိုက်ကာကျွေးမွေးစောင့်ရှောက်ကြတာပါ။ ဆိုင်းမိုင်ကတော့ တိလေးချစ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာပါပြီ။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာ တိလေးတွေကိုချစ်တဲ့သူတွေရှိလားနော်… Source : PoeKyarPhyuKhin
Read More »