ပရိသတ်ကြီးရေ .. ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့ကတော့ မင်္ဂလာပွဲ (၆) ပွဲတိတိပြုလုပ်ပြီး ကြီးကျယ်ခမ်းနာစွာလက်ထပ်ခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၀) နှစ်ပြည့် အမှတ်တရနေ့ရက်လေးပဲဖြစ်ပါတယ် ။ အူးတီနဲ့ အူဝဲတို့ နှစ်ယောက်ကတော့ ပရိသတ်တွေချစ်ခင် အားကျရတဲ့ နာမည်ကျော် ဆယ်လီစုံတွဲ ဇနီးမောင်နှံနှစ်ယောက် ဆိုလည်းမမှားပါဘူးနော် ။ အူးတီနဲ့ အူဝဲတို့နှစ်ယောက်က ဆယ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရအနေနဲ့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ချစ်ခြင်းမေတ္တာတွေကို အပြိုင်ဆိုင် ရေးသားဖော်ပြခဲ့ကြပါတယ် ။ ဒါ့အပြင် အိန္ဒြာကျော်ဇင်ကလည်း My Love က Surprise တိုက်ပြီးပေးတာ ipad pro လေးလိုချင်နေတာနဲ့ကွက်တိ ဆိုတဲ့ စာသားလေးကို သူမရဲ့ …
Read More »Tag Archives: Pyay Ti Oo
ကိုပေါက်ဆီက တကယ်ခင်မင်မှုနဲ့ အသိမှတ်ပြုခံရလို့ ကျေးဇူးတင်စကားဆိုခဲ့တဲ့ ပြေတီဦး
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက်ကတော့ ကိုဗစ်ကာလမှာ သူရောင်းချနေတဲ့ ဟင်းလျာတွေကို ချစ်သူခင်သူ အနုပညာရှင် တွေကို မေတ္တာလက်ဆောင် လိုက်လံပို့ဆောင်ပေးနေတာပါ ။ဒီတစ်ခါမှာတော့ ဒါရိုက်တာကိုပေါက်က သူငယ်ချင်းအရင်းကြီဖြစ်တဲ့ သရုပ်ဆောင်ပြေတီဦးထံ သူ့ရဲ့ဟင်းလျာတွေကို ပို့ဆောင်ပေးခဲ့ပါတယ် ။ ပြေတီဦးကလည်း ကျွန်တော့်ချစ်သူငယ်ချင်းကိုပေါက်ကပြောတယ်..သူ့ဘဝမှာသူတကယ်ခင်ပြီး စိတ်ထားကောင်းတဲ့သူတေကိုပဲ စားစရာတေပို့ပေးမယ်တဲ့..ခုတော့ကျွန်တော့်ဆီကို ကိုပေါက်ရဲ့ဟင်းတေရောက်ရှိလို့လာခဲ့ပါပြီ..ကျွန်တော့်ကိုတကယ်ခင်ခဲ့တဲ့အတွက်ရော စိတ်ထားကောင်းတယ်လို့သတ်မှတ်ပေးတဲ့အတွက်ရော ကျေးဇူးအထူးတင်ရပါတယ်ကိုပေါက်ရေ..ဆိုတဲ့စာသားလေးနဲ့အတူ ကိုပေါက်ဆီက တကယ်ခင်မင်မှု အသိမှတ်ပြုမှုကို ခံရတဲ့အတွက် ကျေးဇူးတင်ကြောင်းကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။ ဒါ့အပြင် ကိုပေါက်တယောက် ဒီထက်မကအောင်မြင်မှုများစွာရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းပေးထားပါသေးတယ် ။ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကတော့ ကိုပေါက် ကို ဘယ်တော့ဟင်းပို့မှာလည်းဆိုတဲ့ မှတ်ချက်တွေနဲ့ စနောက်ထားကြတာတွေ့ရပါတယ် ။ Source :Pyay Ti Oo …
Read More »ကိုဗစ်ရောဂါခုခံတိုက်ဖျက်ရေးအတွက် အသက်ရှူစက် (၅)လုံးလှူဒါန်းခဲ့တဲ့ ပြေတီဦး
အကယ်ဒမီဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော် ဇင်တို့ကတော့ ချစ်စရာကောင်းတဲ့ သားသား မီးမီးတို့နဲ့အတူ ဘဝကို သာယာအေးချမ်းစွာဖြတ်သန်းနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ် ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ သူတို့နှစ်ယောက်ကတော့ အလှူအတန်းဆိုရင်လည်း စိတ်တူကိုယ်တူ လက်မနှေးဘဲ လှူဒါန်းတတ်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူး ။ လတ်တလောမှာတော့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ ကိုဗစ်ရောဂါခုခံတိုက်ဖျက်ရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာဇော်ဝင်းမြင့်နဲ့ တိုင်ပင်ပြီး ရောဂါခံစားနေရသူတွေ အတွက် အမှန်တကယ်လိုအပ်နေတဲ့ အသက်ရှူစက် ၅ လုံးကိုထပ်မံလှူဒါန်းမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ပရိသတ်တွေကတော့ အခုလို လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းပေးနေတဲ့ ပြေတီဦးဖောင်ဒေးရှင်းရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ပြေတီဦးကလည်း ပြည်သူများအားလုံး ဒီရာဂါကပ်ဆိုးကြီးအန္တရာယ်မှအမြန်ဆုံးကင်းဝေးပြီး ပျော်ရွှင်ကျန်းမာတဲ့ …
Read More »ငွေသိန်းရာချီကို ဖောင်ဒေးရှင်းအတွက် အမည်မဖော်ဘဲ လှူဒါန်းပေးတဲ့သူတစ်ယောက်ကို ကျေးဇူးတင်စကားဆိုခဲ့တဲ့ ပြေတီဦး
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစီတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ပြေတီဦးကတော့ သူအရမ်းအောင်မြင်နေတဲ့အချိန်မှာ ပရိသတ်တွေကို ပြန်လည်ပေးဆပ်လိုတဲ့စိတ်နဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ချို့တဲ့ပြီး ထူးချွန်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်တိုက်ကူညီလာခဲ့တာ ယနေ့အချိန်ထိ လို့ဆိုရမှာပါ။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းကနေတဆင့် အနာဂတ်မျိုးဆက်သစ်လူငယ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုနှစ်ပေါင်းများစွာ ဆက်တိုက်လှူဒါန်းပေးလာနိုင်ဖို့ အလှူရှင်တွေရဲ့ပံ့ပိုးပေးမှုကလည်း အဓိကကျသလို ဒီတစ်ခေါက်မှာတော့ အလှူရှင်တစ်ယောက်က ဖောင်ဒေးရှင်းအတွက် ငွေသိန်းရာချီကို အမည်မဖော်ဘဲ လှူဒါန်းပေးသွားတယ်လို့ သိရပါတယ်။ ဒီအလှူလေးနဲ့ပတ်သက်ပြီး ပြေတီဦးကတော့ ခုလိုအစစ အရာရာခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိကို လာရောက်လှူဒါန်းသွားသော အမည်မဖေါ်လိုသည့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလို အစစအရာရာခက်ခဲနေတဲ့ကာလကြီးမှာတောင် …
Read More »ကိုဗစ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီစင်တာမှာ လှူဒါန်းပေးခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ဦးကတော့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ကာ ပညာထူးချွန်ပေမယ့် ငွေကြေးမတတ်နိုင်သူ ကျောင်းသား၊ကျောင်းသူများကို နှစ်စဉ်လှူဒါန်းပေးလျက်ရှိသူတွေပါ။ ဒီတစ်ခေါက်မှာလည်း လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။ ကိုဗစ်ရောဂါကာကွယ်ကုသရေးစင်တာတစ်ခုဖြစ်တဲ့ ဧရာဝတီစင်တာမှာ ပြေတီဦး+အိန္ဒြာကျော်ဇင် မိသားစုမှ အလှူငွေသိန်း(၂၀) အပြင် ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ(၁၀)သိန်း စုစုပေါင်းသိန်း(၃၀) တိတိ လှူဒါန်းပေးခဲ့ပါတယ်။ ပြေတီဦးကတော့ ဒီအလှူလေးကိုမျှဝေဖော်ပြရင်း ကျန်းမာရေးဝန်ထမ်းများနဲ့တကွ ရောဂါခံစားနေရသူများ၊(၇) ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်ပြီး ရောဂါကပ်ဆိုးကြီးကို အောင်မြင်စွာကျော်လွှားနိုင်ကြစေဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ အခုလို တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါကြီးကို မြန်မာနိုင်ငံအနေနဲ့လည်း ကာကွယ်ကုသရေးလုပ်နေချိန်မှာ အစိုးရထောက်ပံ့မှုတွေသာမက ပြည်သူချစ်အနုပညာရှင်တွေကိုယ်တိုင် ရှေ့ကဦးဆောင်လှူဒါန်းပေးနေတာကတော့ တကယ်ကို စိတ်ချမ်းသာစရာပဲမဟုတ်လား ပရိသတ်ကြီးရေ.. Source – Pyay Ti Oo Rainbow- …
Read More »ပြေတီဦးဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုတွေကို ဖြေရှင်းလာတဲ့ အိန္ဒြာကျော်ဇင်
ပရိသတ်အချစ်တော် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်ကတော့ နှစ်ကိုယ်တူ ဘဝတစ်ခုတည်ဆောက်ပြီးနောက်မှာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပေမယ့် ချို့တဲ့ တဲ့ ကျောင်းသားများကို ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်နဲ့ ပြေတီဦးဖောင်ဒေးရှင်းကို မတည် တည်ထောင်ခဲ့ပြီး ကူညီလာခဲ့တာ အခုဆိုဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီ လို့ ဆိုရမှာပါ။ ဒါပေမယ့် လတ်တလောထွက်ပေါ်နေတဲ့သတင်းအမှားတွေကြောင့် ဖောင်ဒေးရှင်းရဲ့နာမည်ဂုဏ်သိက္ခာထိခိုက်လာတာကြောင့် အိန္ဒြာကျော်ဇင်ကတော့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အသိပေးကြေညာခဲ့ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပညာထူးချွန်ပြီးကျောင်းဆက်တက်ရန် အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ခြင်းနဲ့အမှန်တကယ်အကူအညီလိုအပ်နေသော နေရာများတွင် တတ်နိုင်သမျှသွားရောက် လှူဒါန်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိပေမယ့် ယခုအခါမှာတော့ မသမာသူတွေက ငွေချေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့ သတင်းလွှင့်ပြီး ငွေချေးခြင်းကိစ္စများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မျှဝေခဲ့တဲ့အပြင် အခုလိုငွေချေးခြင်း ကိစ္စရပ်များသည် ပြေတီဦးပညာရေးဖောင်ဒေးရှင်းနဲ့ သက်ဆိုင်မှု လုံးဝမရှိပါကြောင်း၊ နောင်တွင်လည်း ငွေချေးခြင်းကိစ္စများ ပြုလုပ်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း အသိပေးကြေညာခဲ့ပါတယ်။ …
Read More »ပိုသူလှူ လိုသူကူ အစီအစဉ်အတွက် ငွေကျပ် (၅) သိန်းတိတိလှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်
အကယ်ဒမီဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီ စုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော် ဇင်တို့ကတော့ ချစ်စရာကောင်းတဲ့ သားသား မီးမီးတို့နဲ့အတူ ဘဝကို သာယာအေးချမ်းစွာဖြတ်သန်းနေကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ် ။ စိတ်တူကိုယ်တူ ဝါသနာတူတဲ့ သူတို့နှစ်ယောက်ကတော့ အလှူအတန်းဆိုရင်လည်း စိတ်တူကိုယ်တူ လက်မနှေးဘဲ လှူဒါန်းတတ်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူး ။ လတ်တလောမှာတော့ ပိုသူကူ လိုသူလှူ အစီအစဉ်အတွက် ငွေကျပ် ငါးသိန်း တိတိ လှူဒါန်းခဲ့ပါတယ် ။ ပိုနေလို့လှူတာမဟုတ်ပေမယ့် တကယ်လိုအပ်တဲ့ သူတွေအတွက် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ရဲ့ အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ သရုပ်ဆောင် ပြေတီဦးလည်း အခုလို အလှူမှမဟုတ်ဘဲ ရှုတင်ပြီးတိုင်း စက်အဖွဲ့သားတွေအတွက် လှူဒါန်းတဲ့အနေနဲ့ …
Read More »ရုပ်ရှင်လောကသားတွေရဲ့ ကလေးတွေအတွက် စာအုပ်ဒါဇင် ရာနဲ့ချီပြီး လှူဒါန်းပေးခဲ့တဲ့ ပြေတီဦး
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစီက မြန်မာ့ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ပြေတီဦးကတော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးအချိန်တွေမှာ အများကောင်းကျိုးပြန်ကြည့်တဲ့အနေနဲ့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ဖို့ ခက်ခဲနေတဲ့ကလေးတွေကို ဆက်တက်ဆိုသလို ကူညီခဲ့သူပါ။ အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာပေါင်းများစွာ ရှိလာပြီဖြစ်ပြီး ဒီနေ့မှာလည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့ရုပ်ရှင်လောကသားတွေအတွက်ပါ တစ်ဖက်တစ်လမ်းက ကူညီခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ အခြေခံပညာရေးကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေရဲ့ ကလေးသူငယ်တွေအတွက် စာအုပ်ဒါဇင်ပေါင်း (၃၀၀) ကို ကနဦးအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…. ကိုဗစ်ကာလစတင်ကတည်းက ရိုက်ကူးရေးတွေရပ်နားထားရတာကြောင့် ဝင်ငွေမရှိတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ တတ်နိုင်သမျှကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပြေတီဦးရဲ့မွန်မြတ်လှတဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။ Source – Pyay Ti …
Read More »အဖွားရဲ့ပြေတီဦးထက်ချောတယ်ဆိုတဲ့ စကားကြောင့် ကျေနပ်နေတဲ့ ကိုပေါက်
ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာကိုပေါက်ကတော့ လတ်တလောမှာ Tik Tok တွေဆော့ရင်း သူတတ်ကျွမ်းတဲ့ဟာသပညာနဲ့ ပရိသတ်တွေရဲ့ဘဝအမောတွေ ဖြေဖျောက်ပေးနေသူပါ။ ကိုပေါက်ရဲ့ ရယ်ရလွန်းတဲ့ Tik Tok တွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်တွေ များစွာရှိနေပြီ ဖြစ်ပြီး ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာ ပြေတီဦးကို ရန်စတဲ့ဗွီဒီယိုလေးတစ်ခုထပ်မံ မျှဝေခဲ့ပါတယ်။ သူကတော့ လတ်တလောမှာ မန္တလေးရောက်နေပြီး ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ မနေ့က YGW ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းရင်း အဘွားတစ်ယောက်နဲ့စကားလက်ဆုံကျခဲ့ရာက အဘွားကို ပြေတီဦးနဲ့ကျွန်တော် ဘယ်သူပိုချောလဲဆိုတဲ့မေးခွန်းလေးကို မေးခဲ့ပါတယ်. အဖွားကတော့ မင်းပိုချောတာပေါ့ လို့ ပြောခဲ့တာကြောင့် ကိုပေါက်ကတော့ ဒီ ဗွီဒီယိုလေးကို အရွှန်းဖောက်မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… ကိုပေါက်နဲ့ ပြေတီဦးတို့ကတော့ အရမ်းရင်းနှီးကျတဲ့သူငယ်ချင်းတွေပီပီ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးရင်းစနောက်လေ့ရှိသူတွေပါ။ …
Read More »