ပရိသတ်ကြီးရေ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်သလို ကြည်လင်ပြတ်သားတဲ့အသံနဲ့ အသည်းကွဲ သီချင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနေတဲ့ တေးသံရှင် အာဇာနည်ကတော့ လတ်တလောမှာ The Voice Myanmar အဆိုပြိုင်ပွဲရဲ့ ဒိုင်အဖြစ်ပါဝင် ဆောင်ရွက်နေတာ အားလုံးသိပြီးဖြစ်မှာပါ ။အဆိုကောင်းတဲ့ မျိုးဆက်သစ် လူငယ်တွေကို သူ့မှာရှိသမျှ ပညာတွေ မချွင်းမချန်အားလုံး သင်ကြားပြသပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက် ဆိုလည်းမှားမယ်မထင်ပါဘူး ။ မနေ့ကတော့ Final ပွဲကြီးကို ယှဉ်ပြိုင်ပြီးစီးခဲ့ပြီး Team R Zarni အဖွဲ့က N Oo L က Winner ဆုရှင်ဖြစ်ခဲ့တဲ့အတွက် အာဇာနည်ရဲ့ပရိသတ်တွေရော The Voice Myanmar ပရိသတ်တွေရော ပျော်ရွှင်ခဲ့ရတဲ့ ညလို့ ဆိုရမှာပါ …
Read More »Tag Archives: R Zar Ni
ဧရာဝတီစင်တာအတွက် အလှူငွေ (၁၀)သိန်းလှူဒါန်းခဲ့တဲ့ အာဇာနည်တို့မိသားစု
ပရိသတ်ကြီးရေ ဦးဇော်ဇော် ဦးဆောင်တဲ့ ဧရာဝတီစင်တာဟာ Covid-19 ကာလမှာ လိုအပ်နေတဲ့ နေရာတွေကို သိန်းပေါင်းများစွာ အကုန်ကျခံပြီး လှူဒါန်းမှုတွေ ပြုလုပ်နေတာပါ ။ လိုအပ်နေတဲ့ နေရာတွေအတွက် စက်ပစ္စည်းတွေ အစားသောက်တွေ နဲ့ တခြားလိုအပ်နေတာတွေကို လှူဒါန်းနေပြီး တခြားသော စေတနာရှင်တွေကလည်း ပါဝင်လှူဒါန်းနေကြတာပဲဖြစ်ပါတယ် ။ အခုလို လှူဒါန်းမှုမှာ အနုပညာရှင်တွေလည်း အားတက်သရောပါဝင်လှူဒါန်းခဲ့ကြပြီး ဧရာဝတီစင်တာအတွက် အဆိုတော် အာဇာနည်နဲ့ ဝမ်းတို့မိသားစုက အလှူငွေ (၁၀)သိန်းကျပ်တိတိကို လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ ဧရာဝတီဖောင်ဒေးရှင်းက အဓိက ပံံ့ပိုးကူညီဦးဆောင်မှုနဲ့ Covid-19 လူနာများကို လက်ခံကုသပေးမယ့် ဧရာဝတီစင်တာအတွက် အခုလိုလှူဒါန်းခဲ့တဲ့ အာဇာနည် တို့မိသားစုရဲ့အလှူလေးကို ဧရာဝတီဖောင်ဒေးရှင်း ပေ့ချ်ကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် …
Read More »Stay Home ကာလမှ မိသားစုကို အချိန်ပေးရင်းပျော်ရွှင်နေတဲ့ အာဇာနည်
ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အာဇာနည်ကတော့ သာယာတဲ့မိသားစုဘဝလေး တစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန် ဆိုတဲ့ သားလေး နှစ်ယောက်နဲ့ မစ်မစ်တုန် ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပြီး လူတိုင်းအားကျရတဲ့ မိသားစုဘဝလေးကို ရရှိထားတာပါ ။ မကြာသေးမီကမှ သမီးအငယ်ဆုံးလေး မစ်မစ်ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာကျင်းပခဲ့ပြီး မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ အာဇာနည်တစ်ယောက် Stay Home ရင်း ချစ်ရတဲ့ မိသားစုကို အချိန်ပေးရင်းပျော်ရွှင်နေတဲ့ မိသားစု ပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလာခဲ့ပါတယ် ။ ဒီနေ့လေးမှာ ချစ်လေးကိုကိုယ်တိုင်ဂတုံးတုံးပြီး မစ်လေးက လေးလမှာပထမဆုံးရေစိမ် …
Read More »