tvN ကထုတ်လွှင့်တဲ့ “Twenty Five, Twenty One” ဇာတ်လမ်းတွဲကတော့ လူကြိုက်များရေပန်းအစားဆုံးဒရမ်မာဆိုတဲ့နေရာကို ရယူထားနိုင်ပါတယ်။ နှစ်ပတ်ဆက်တိုက်ပြသပြီးနောက်မှာတော့ Good Data Corporation ရဲ့အပတ်စဉ်စာရင်းမှာ လူကြိုက်အများဆုံးဒရမ်မာဆိုပြီး နံပါတ်တစ်နေရာကိုရယူထားနိုင်ပါတယ်။ ဒီလိုစာရင်းတွေကတော့ အပတ်စဉ် သတင်းဆောင်းပါး ၊ အင်တာနက်အသုံးပြုသူတွေကြားကသတင်းအချက်အလက်တွေနဲ့ ဗီဒီယိုတွေအပေါ်မှာ အခြေခံပြီးဆုံးဖြတ်တာလည်းဖြစ်ပါတယ်။ Twenty Five, Twenty One ဇာတ်လမ်းတွဲသာလူကြိုက်အများဆုံးဖြစ်နေတာမဟုတ်ဘဲ ပါဝင်သရုပ်ဆောင်ထားတဲ့ Kim Tae Ri ၊ Nam Joo Hyuk နဲ့ Bona တို့ကတော့ ရေပန်းစားတဲ့သရုပ်ေတောင်စာရင်းမှာ နံပါတ်တစ်၊နှစ်နဲ့ ခုနှစ်နေရာတွေမှာ အသီးသီးရှိနေပါတယ်။ သူ့ရဲ့နောက်မှာတော့ Forecasting Love and Weather ဒရမ်မာကဒုတိယနေရာကလိုက်ပြီး Song …
Read More »