Tag Archives: Sandra Park

2NE1 အဖွဲ့ဝင်တစ်ယောက်အဖြစ်ရှိစဉ်က အသုံးမကျတဲ့သူတစ်ယောက်လို့ခံစားခဲ့ရကြောင်းဝန်ခံကာ ငိုကြွေးခဲ့တဲ့ Dara

တစ်ချိန်ကလျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်ထိအောင်ပရိသတ်ရင်ထဲစွဲနေခဲ့တဲ့ ကေပေါပ့်အဖွဲ့တွေထဲမှာ 2NE1 ကထိပ်ဆုံးကပါပဲ။ ဒီအဖွဲ့ပျက်သွားခဲ့ရတာဟာ ပရိသတ်တွေကို အတော်လေးဝမ်းနည်းစေခဲ့တာပါ။ ပရိသတ်တွေကတော့ 2NE1 ကိုအဖွဲ့လိုက်မမြင်တွေ့ရပေမဲ့ တစ်ဦးချင်းဆီကို အခိုင်အမာအားပေးလျက်ပါပဲ။ 2NE1 ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ Dara ကတော့ Video Star အစီအစဉ်မှာ သူ့ရဲ့အခက်ခဆြုံးအချိန်တွေကို “အဖွဲ့ပျက်ခဲ့ပြီးနောက် ကိုယ့်ဘာသာရပ်တည်ဖို့လုပ်ခဲ့ရတယ်။ဘာဆက်လုပ်ရမလဲဆိုတာကို အရမ်းစိုးရိမ်ခဲ့တယ်။ အဲ့ဒီအချိန်ဟာအခက်ခဲဆုံးအချိန်ဖြစ်ခဲ့တယ်။ အဖွဲ့ဝင်တွေက တစ်ယောက်တစ်မျိုးစီထူးချွန်ကြတဲ့အခါ ကိုယ့်ကိုကိုယ်အသုံးမဝင်ဘူးလို့ ခံစားရတယ်။ ကျွန်မအနေနဲ့သီချင်းပိုဆိုရင် အဖွဲ့ကိုထိခိုက်စေမယ်ဆိုပြီးတွေးခဲ့တယ်။ မပျော်နိုင်ခဲ့ဘူး။ အဖွဲ့ပျက်သွားတော့ ဘာလုပ်ရမှန်းမသိခဲ့ဘူး။ယုံကြည်မှုတွေပျောက်ဆုံးပြီး ၂နှစ် ၃နှစ်လောက် အဆိုးမြင်တဲ့အတွေးတွေနဲ့ ယုံကြည်ချက်မဲ့နေခဲ့တယ်။ ဆက်သွယ်နေကျလူတွေက မဆက်သွယ်တော့ဘူး။ အဲလို ဆိုးဝါးတဲ့အခြေအနေမှာ ၂ နှစ်လောက်နေခဲ့တယ်။ တကယ်တော့ကောင်းပါတယ်။ ဘယ်သူကအစစ်အမှတ်သူငယ်ချင်းလဲဆိုတာ သိလာရတယ်။ အခုတော့ ပျော်နေပါပြီ။” ဆိုပြီး …

Read More »

နာမကျန်းဖြစ်နေတဲ့ ကလေးတွေအတွက် အလှူအတန်းတွေရက်ရောခဲ့ပြန်တဲ့ Dara

Dara လို့လည်း ပရိသတ်တွေသိကြတဲ့ Sandra Park ကတော့ 2NE1 အဖွဲ့ဝင်တစ်ယောက်အဖြစ်ပရိသတ်တွေသတိထားမိချိန်ကတည်းက အခုအချိန်အထိအနုပညာအလုပ်တွေတောက်လျှောက်လုပ်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားသူတစ်ယောက်ပါ။ Dara ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့အချမ်းသာဆုံး Idol တွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့Dara ကတော့ အခုလိုကပ်ဆိုးကြီးကိုရင်ဆိုင်ရချိန်မှာ ကလေးတွေအတွက် Mask (၃၀၀၀၀)ကို လှူဒါန်းပေးခဲ့ပါတယ်လို့ သိရပါတယ်။ ဒီ Mask တွေကိုတော့ အောက်တိုဘာလ(၆)ရက်နေ့မှာ နာမကျန်းဖြစ်နေတဲ့ ကလေးတွေအထောက်အပံ့ပေးနေတဲ့ Korea Children’s Incurable Disease Association၊ WE START နဲ့ the Korea Pediatric Cancer Foundation စတာတွေကို လှူဒါန်းခဲ့တာပါ။Dara ရဲ့အလှူအတန်းတွေကတော့ ဒါတင်မကသေးပါဘူး။ ဒီမတိုင်ခင်ကလည်း ဈေးတစ်ခုဖွင့်လှစ်ဖွင့်ရောင်းချခဲ့ပြီးရတဲ့အကျိုးအမြတ်တွေကို …

Read More »
x