Tag Archives: Saung Yoon San

ရည်ရွယ်ထားတဲ့အလှူလေး အထမြောက်သွားလို့ ပျော်နေတဲ့ ဆောင်းယွန်းစံ

ပရိသတ်ရဲ့အချစ်တော်မင်းသမီးလေး ဆောင်းယွန်းစံတစ်ယောက် လတ်တလောလိုအပ်ချက်များနေတဲ့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းပေးဖို့ စီစဉ်နေတာကိုတော့ ပရိသတ်ကြီးလည်း သိမှာပါနော်။ သိန်းကိုးဆယ်တန်ကြေးရှိတဲ့ လူနာတင်ယာဉ်တစ်စီးလှူဒါန်းနိုင်ဖို့ ပရိသတ်တွေလည်း တစ်ယောက်တစ်ထောင်ကျပ်နှုန်း ကုသိုလ်ပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့သလို သူရဲ့အင်္ကျီရောင်းရငွေအားလုံးကိုလည်း ထည့်ဝင်ခဲ့ပါတယ်။ အခုလို အင်တိုက်အားတိုက်ကြိုးပမ်းမှုကြောင့် သူ့ရဲ့လူနာတင်ယာဉ်လှူချင်တဲ့ ရည်ရွယ်ချက်လေးပြည့်မြောက်သွားပြီဖြစ်ကြောင်း ဒီနေ့မှာ မျှဝေလာပါတယ်။ ” အားလုံးအတွက် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုပါ.. ဆောင်း လွန်ခဲ့တဲ့ ရက်တွေက တစ်ယောက်ကို တစ်ထောင် အလှူခံခဲ့ပါတယ်.. ခုဆို မောင်လေး Han Lynn Htun ရဲ့ လူနာတင်ယာဉ်ကားလေးမှာ လှူဒါန်းနိုင်ခဲ့ပါပီနော်.. ဆောင်းကိုယုံကြည်စွာနဲ့ အလှူငွေလေးထည့်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်.. ဆောင်းနဲ့ ဆောင်းကိုချစ်တဲ့ သူတွေရဲ့ ကုသိုလ်ပါ.. အားလုံးကို အမျှပေးပါတယ် ” ဆိုပြီး …

Read More »

လူနာတင်ယာဉ်ဝယ်ဖို့ ကိုယ်ပိုင်အင်္ကျီလေးတွေရောင်းရင်း ရံပုံငွေရှာသွားမယ့် ဆောင်းယွန်းစံ

မြန်မာပြည်ရဲ့အွန်စောလို့ ပရိသတ်တွေချစ်စနိုးနဲ့သတ်မှတ်ထားတဲ့ မင်းသမီးလေးဆောင်းယွန်းစံကတော့ ပရဟိတအလှူတွေမှာလည်း လူအား၊ငွေအားနဲ့ တတ်အားသရွေ့ပါဝင်ကူညီလေ့ရှိသူတစ်ယောက်ပါ။ အခုတစ်ခေါက်မှာလည်း လတ်တလောလိုအပ်ချက်မြင့်မားနေတဲ့ လူနာတင်ယာဉ်တွေအတွက် တစ်စီးစာပါဝင်လှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ ပစ္စည်းအပြည့်အစုံနဲ့ လူနာတင်ယာဉ် Without တစ်စီးကို သိန်း(၉၀) ခန့်ကျသင့်မှာမို့ လူအယောက်(၉၀၀၀) သာ တစ်ယောက်တစ်ထောင်လှူဒါန်းပေးရင် လူနာတင်ယာဉ်တစ်စီးဝယ်နိုင်မှာပါ။ ဆောင်းယွန်းစံကတော့ အကောင့်ထဲက သူငယ်ချင်းတွေကို တစ်ယောက်ကိုတစ်ထောင်စီ လှူဒါန်းပေးကြဖို့နဲ့ ဒီအလှူလေးကို လူတိုင်းပါဝင်နိုင်အောင် မျှဝေပေးကြဖို့ တိုက်တွန်းခဲ့တဲ့အပြင် ဒီနေ့မှာတော့ နောက်ထပ်အစီအစဉ်လေးတစ်ခုနဲ့ ရံပုံငွေရှာသွားမယ့်အကြောင်း မျှဝေလာပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေထဲက ဒီဇိုင်နာချုပ်အင်္ကျီများကို (၁၀၀၀၀) (၁၅၀၀၀) ကျပ်လောက်နဲ့ရောင်းချပေးသွားမယ့်အပြင် တချို့အင်္ကျီလေးတွေကိုလည်း (၃၀၀၀)(၅၀၀၀) ကျပ်လောက်နဲ့ ရောင်းပေးသွားမှာဖြစ်ပြီး ရောင်းရငွေအားလုံးကို လူနာတင်ယာဉ်အတွက် အကုန်လှူဒါန်းပေးသွားမှာပါတဲ့ ပရိသတ်ကြီးရေ။ ဆောင်းယွန်းစံကတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လူနာတင်ယာဉ်တစ်စီးရအောင် …

Read More »

ပရိသတ်တွေရဲ့စုပေါင်းအလှူနဲ့အတူ ဂီလာနဘိုးဘွားရိပ်သာမှာအလှူပြုလုပ်ခဲ့တဲ့ဆောင်းယွန်းစံ

ဆောင်းယွန်းစံကတော့ ပရိသတ်တွေရင်းနှီးပြီးသားအနုပညာရှင်တွေထဲကတစ်ယောက်လို့ဆိုရမှာပါ။ တစ်ချိန်ကရွှေကြိုအဖြစ်ကနေပြီး လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် ပရိသတ်တွေသတိထားမိကြမယ်ထင်ပါတယ်။ ဆောင်းယွန်းစံတစ်ယောက်ကတော့ လိုအပ်တဲ့နေရာမှာအလှူဒါနတွေပြုလေ့ရှိသလို သူ့ရဲ့ပရိသတ်တွေကလည်း သဒ္ဓါတရားထက်သန်တဲ့သူတွေပါ။ ပရိသတ်တွေစုပေါင်းလှူပေးခဲ့တဲ့ သူ့ရဲ့အလှူအကြောင်းကို “မွန်မြတ်စိတ်ထား ခိုကိုးရာမဲ့ ဂီလာနဘိုးဘွားရိပ်သာမှာလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးများ ဆောင်းယွန်းရဲ့အလှူက ချစ်ရတဲ့ fans တွေရဲ့အလှူပါ..ကုသိုလ် အားလုံးကိုမျှဝေပါတယ်” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားကာ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ ဆောင်းယွန်းစံကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့အတူ အလှူပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေထားတာ အခြားသူတွေအတွက်လည်း ကြည်နူးစေပါတယ်။ဆောင်းယွန်းစံရဲ့ပရိသတ်တွေကတော့ ဆောင်းယွန်းစံလိုပဲစိတ်သဘောထားထပ်တူကျတဲ့သူတွေပါပဲနော်… Source : SaungYoonSan, Photo Crd:ThuRein

Read More »

တပ်မတော်ကုတင် (၅၀၀)အရိုးကုစစ်ဆေးရုံကြီးမှာ လူနာများအတွက် လိုအပ်နေတဲ့ပစ္စည်းတွေကို လှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

သရုပ်ဆောင်၊မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ရွှေကြိုတစ်ယောက်အဖြစ် စတင်သတိထားမိလာရာကအခုဆိုရင် အနုပညာအလုပ်တွေကိုတောက်လျှောက်လုပ်ကိုင်လာသူလေးပါ။ ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေလည်းလုပ်ရင်း လိုအပ်တဲ့နေရာတွေမှာ အလှူတွေလုပ်ဖို့ကို မမေ့တဲ့သူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့အလှူတစ်ခုကို “လေးစားရတဲ့ တပ်မတော် မိသားစုဝင် တွေအတွက် တတ်အားသမျှ လစဉ် အလှူလေးတွေထဲက တပ်မတော်ကုတင် (၅၀၀)အရိုးကုစစ်ဆေးရုံကြီး မှလူနာများအတွက် လိုအပ်နေသော ချိုင်းထောက် , Wheelchair အလှူလေး အတွက် နတ် လူ သာဓု ခေါ်ဆိုနိုင်ကြပါစေသတည်း အလှူလေးကို ဦးဆောင်ပေးတဲ့ အစ်ကိုကြီး ကိုခန့် လည်း ဒီထက်မက လှူဒါန်း ပေးကမ်းအောင်မြင်နိုင်ပါစေရှင်” ဆိုပြီးတော့ ရေးသားအသိပေးထားတာပါ။ ဆောင်းယွန်းစံကတော့သူ့ရဲ့မွေးနေ့အလှူအဖြစ် ဘားအံမြို့ကဘိုးဘွားရိပ်သာမှာ တစ်ကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ …

Read More »

မွေးနေ့အလှူအဖြစ် ဘားအံမြို့ဘိုးဘွားရိပ်သာမှာ အလှူဒါနပြုခဲ့တဲ့ ဆောင်းယွန်းစံ

အကယ်ဒမီရွှေကြိုအဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်အနုပညာအလုပ်တွေကိုလုပ်နေတဲ့ ဆောင်းယွန်းစံကိုတော့ ပရိသတ်တွေသိကြမှာပါ။ ရုပ်ရှင်ဇာတ်ကားတွေသာမက ကြေငြာတွေမှာလည်း မြင်ဖူးကြမယ်ထင်ပါတယ်။ ဆောင်းယွန်းစံကတော့ အနုပညာအလုပ်တွေကို ကြိုးစားနေသလို အလှူအတန်းတွေပြုလုပ်ဖို့ကိုလည်း မေ့မထားတဲ့သူတစ်ယောက်ပါ။ ဆောင်းယွန်းစံကတော့ ဘားအံမြို့ကဘိုးဘွားရိပ်သာမှာအလှူအတန်းပြုလုပ်ဖြစ်တဲ့အကြောင်းကို “၂.၇.၂၀၂၀ မွေးနေ့အလှူလေး.. ဒီနေ့ ဘားအံမြို့က ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတို့အတွက် တကိုယ်ရေလိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အလှူငွေ လှူဒါန်းဖစ်ခဲ့တယ်.. ဆောင်းလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမူ့ကို အားလုံးကို အမျှပေးပါတယ်…ဤသို့လှူဒါန်းရသောအကျိုးကြောင့် ဒီနေ့မွေးနေ့မှာ ကျရောက်တဲ့ ဆောင်းအကိုရော ပါဝင်ကူညီကျတဲ့ သူအားလုံးရော အဘိုးအဘွားတွေရော သက်ရှိသက်မဲ့ သတ္တဝါအားလုံး ကျန်းမာချမ်းသာလိုတိုင်းတရပါစေ..သက်ရှည်ကျန်းမာပါစေ…” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားတာပါ။ ဆောင်းယွန်းစံကတော့ ဘားအံမြို့လေးမှာ ကရင်ဝတ်စုံလေးဝတ်လို့ ကြည်ကြည်နူးနူးနဲ့အလှူဒါနပြုခဲ့တဲ့ပုံပါပဲ။ သူ့ရဲ့အလှူပုံရပ်လေးတွေကိုလည်း ပရိသတ်တွေသိအောင် မျှဝေပေးခဲ့ပါတယ်။ နောက်ထပ်နှစ်များစွာ အခုလိုအလှူဒါနတွေကို ပြုနိုင်ပါစေနော်… Source : …

Read More »
x