Tag Archives: Shin Bone

မဲရုံကိုအရင်ဆုံးဝင်ရတဲ့အထိတက်ကြွခဲ့တဲ့ ရှင်ဖုန်းကိုချီးကျူးစကားဆိုလာတဲ့ ဟန်နီထွန်း

ဒီနေ့ကတော့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနေတာဖြစ်တာကြောင့် တစ်နိုင်ငံလုံးကပြည်သူတွေကတာ့ မနက်(၆)နာရီမှ ညနေ(၄)နာရီအတွင်း ဆန္ဒမဲပေးလျက်ရှိနေတာပါ။ အချို့ကတော့ မနက်(၆)နာရီမထိုးခင်ကတည်းက မဲရုံရှေ့ရောက်ရှိပြီး တက်ကြွစွာမဲပေးနေကြတာပါ။ အဲ့ဒီအထဲမှာရှင်ဖုန်းတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ရှင်ဖုန်းကတော့ အစောဆုံးသွားရောက်ခဲ့ပြီး အရင်ဆုံးမဲပေးတဲ့သူတစ်ယောက်ဖြစ်ခဲ့တာပါ။ အဲ့ဒီအကြောင်းကိုတော့ တစ်ချိန်ကပရိသတ်အချစ်တော်မင်းသမီးကြီးဟန်နီထွန်းက  “အနုပညာရှင်တွေထဲမှာ ချစ်စရာကောင်းတာက ညီမလေး ရှင်ဖုန်း မနက် သုံးနာရီခွဲထဲက မဲရုံရှေ့ရောက်ပြီး သူအရင်ဆုံး နံပါတ်(၁)ဝင်ရတာပဲတဲ့ ဂီတလောကသားတွေ အတက်ကြွဆုံးပဲ တက်ကြွလိုက်တာ ရုပ်ရှင်လောကကတော့ လူ အယောက်(၅၀)တောင်ပြည့်ပါ့မလားပဲ” ဆိုပြီးတော့သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ချီးကျူးစကား ဆိုထားခဲ့ပါတယ်။ ဒီနေ့မှာ အနုပညာရှင်တွေကသူတို့ရဲ့ဖေ့ဘွတ်ခ်အကောင့် တွေမှာ မှင်စွန်းနေတဲ့လက်သန်းတွေနဲ့အတူ တက်ကြွစွာမဲပေးခဲ့ကြောင်းကို အသီးသီးဖော်ပြလာကြတာပါ။ ရှင်ဖုန်းကတော့ အရင်ဆုံးမဲရုံကိုဝင်ခွင့်ရတဲ့အထိတကယ့်ကိုတက်တက်ကြွကြွနဲ့မဲပေးခဲ့တာပါ။ Source : HoneyHtun,ShinBone

Read More »
x