မင်းသား Ji Chang Wook ကတော့ နာမည်ကျော်မင်းသားတစ်လက်အဖြစ်နှစ်ပေါင်းများစွာရပ်တည်နေသလို မင်းသမီး Shin Hye Sun ကလည်းထူးချွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နာမည်ကြီးတဲ့မင်းသမီးတစ်လက်ပါ။ သူတို့နှစ်ဦးကိုတော့ ဒရမ်မာသစ်မှာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Glorious Entertainment က Ji Chang Wook ကတော့Welcome to Samdalri ဆိုတဲ့ဒရမ်မာအတွက်ကမ်းလှမ်းခံထားရပြီး အသေးစိတ်ကိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ် ။မင်းသမီး Shin Hye Sun ရဲ့ အေဂျင်စီ IOK Company ကလည်းပဲ Wax Doll ဆိုတဲ့ဒရမ်မာအတွက် ပြင်ဆင်နေကြောင်းနဲ့ Welcome to Samdalri ဒရမ်မာကိုကမ်းလှမ်းထားတာကိုတော့ ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ပြောကြားထားပါတယ်။ Welcome to Samdalri …
Read More »Tag Archives: Shin Hye Sun
Shin Hye Sun နဲ့ Ahn Bo Hyun တို့ကိုအဓိကဇာတ်ဆောင်အဖြစ်တွေ့ရမယ့် ဒရမ်မာသစ်
သရုပ်ဆောင်ရာမှာပီပြင်ကောင်းမွန်တယ်လို့နာမည်ကြီးတဲ့မင်းသမီးShin Hye Sun နဲ့ မင်းသား Ahn Bo Hyun တို့ကိုတော့ အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့ ဒရမ်မာသစ်မှာ တွေ့ရဦးမှာပါ။ သူတို့နှစ်ဦးကတော့ tvN ရဲ့ဒရမ်မာသစ်ဖြစ်တဲ့ See You In My 19th Life မှာပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ See You In My 19th Life ကတော့ Ban Ji Eun ဆိုတဲ့အမျိုးသမီးရဲ့ (၁၉) ခုမြောက် ဘဝအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Ban Ji Eun ဟာသူ့ရဲ့ အတိတ်ဘဝတွေကိုမှတ်မိနိုင်စွမ်းရှိသူဖြစ်ပြီးတော့ သူ့ရဲ့ကံကြမ္မာအရဆုံတွေ့ရမယ့်အမျိုးသား Moon Seo Haကို ရှာဖွေနေတာ ဖြစ်ပါတယ်။Moon Seo Ha အဖြစ်နဲ့မင်းသား …
Read More »ဇာတ်ကားသစ်ဖြစ်တဲ့ ‘Brave Citizen’ မှာတွဲဖက်သရုပ်ဆောင်ထားကြတဲ့ Shin Hye Sun နဲ့ Lee Jun Young တို့နှစ်ဦး ကိုဗစ်ကူးစက်ခံရ
မင်းသမီးချော Shin Hye Sun နဲ့တွဲဖက်သရုပ်ဆောင် Lee Jun Young တို့ရဲ့အေဂျင်စီတွေကတော့ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်းကို အတည်ပြုခဲ့ပါတယ်။Shin Hye Sun ကတော့ လက္ခဏာကြီးကြီးမားမားမရှိပေမဲ့ ကွာရန်တင်းစတင်ဝင်နေပြီဖြစ်ပါတယ်။ သူကတော့ ကာကွယ်ဆေးကို(၂)ကြိမ်တိတိထိုးထားတာလည်း ဖြစ်ပါတယ်။ မင်းသား Lee Jun Young ရဲ့အေဂျင်စီကလည်း ရောဂါပိုးကူးစက်ခံရတာကိုအတည်ပြုခဲ့ပါတယ်။ Lee Jun Young ဟာ အလုပ်အချိန်စာရင်းတစ်ခုကိုမတက်ရောက်ခင်မှာ ကိုယ်တိုင်စစ်ဆေးပြီး positive ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက် PCR စစ်ဆေးရာမှာလည်း ထပ်မံအတည်ပြုနိုင်ခဲ့ပါတယ်။ မင်းသားချောကလည်းပဲ ကာကွယ်ဆေးကိုဒုတိယအကြိမ်ထိုးထားတာလည်း ဖြစ်ပါတယ်။ သူကတော့ မူမမှန်တဲ့ ရောဂါလက္ခဏာတစ်ခုမှမရှိခဲ့ပါဘူး။ သူကတော့ ဆေးကုသမှုခံယူနေပြီး အိမ်မှာပဲကွာရန်တင်းဝင်နေတာလည်း ဖြစ်ပါတယ်။ Shin …
Read More »ဒရမ်မာဇာတ်လမ်းတွဲအသစ်အတွက် ရွေးချယ်နေတဲ့ Shin Hye Sun
Shin Hye Sun ကိုတော့နောက်ထပ်ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ မြင်တွေ့ရတော့မှာပါ။ ရုပ်ရှင်တစ်ကားမှာပါဝင်ခွင့်ရရင်ကို အရည်အချင်းတွေကိုထုတ်ပြနိုင်တဲ့သရုပ်ဆောင်တွေထဲမှာ Shin Hye Sun လည်း ပါဝင်ပါတယ်။ သူကတော့ ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုနဲ့အတူ အောင်မြင်မှုတွေရရှိလာသူပါ။ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှာတော့ Shin Hye Sun ဟာ Wax Doll ဆိုတဲ့ဒရမ်မာအသစ်အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်လမ်းမှာပါဝင်ဖို့ကိုလည်း သုံးသပ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ YNK Entertainment ကတော့ Wax Doll ဟာ Shin Hye Sun ကိုကမ်းလှမ်းထားတဲ့ ပရော့ဂျက်တွေထဲကတစ်ခုဖြစ်ပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။ မင်းသမီးချော Shin Hye Sun ကတော့ See …
Read More »မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားရတာကြောင့် စိတ်မလုံခြုံမှုကိုခံစားရတယ်ဆိုတဲ့ Shin Hye Sun
သရုပ်ဆောင်ပီပြင်တဲ့တောင်ကိုရီးယားမင်းသမီးချောShin Hye Sun ကိုတော့ ပရိသတ်တွေက သိပြီးသားဖြစ်မှာပါ။ My Golden Life ဆိုတဲ့ဇာတ်လမ်းတွဲနဲ့လူသိများခဲ့ပြီး The Hymn of Death (2018) နဲ့ Mr. Queen (2020–2021) ဆိုတဲ့ဇာတ်ကားတွေကတော့ ပရိသတ်တွေကြားရေပန်းစားတာလည်း ဖြစ်ပါတယ်။ သူကတော့ မြင့်မားတဲ့အရပ်နဲ့အတူသွယ်လျတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာတကြောင့် မော်ဒယ်လ်တစ်ယောက်လိုလှပနေတာက သတိထားမိစရာပါ။ ဒါပေမဲ့လည်း ဒီလိုမြင့်မားတဲ့အရပ်ကပဲ သူ့ကိုစိတ်မလုံခြုံမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ တီဗွီအစီအစဉ်တစ်ခုမှာတော့ “ကျွန်မရဲ့အရပ်နဲ့ပတ်သက်ပြီး စိတ်မလုံခြုံမှုကို ခံစားခဲ့ရတယ်။ အရင်တုန်းကတော့လူတွေက ကျွန်မကိုကြည့်ပြီး အရပ်ဘယ်လောက်လဲလို့ မေးကြတယ်။ ဒါကြောင့် ထောင့်မှာပဲကပ်နေမိတယ်။ ဒါပေမဲ့ အခုတော့ ဒါကိုကျေးဇူးတင်ပါတယ်။” လို့ဆိုပါတယ်။ Shin Hye Sun ကတော့ လက်ရှိမှာနာမည်ရမင်းသမီးတစ်လက်အနေနဲ့ရပ်တည်နေပြီး …
Read More »တစ်နေ့ကိုတစ်နပ်သာစားပြီး သွယ်လျတဲ့ကိုယ်အလှကိုထိန်းသိမ်းထားတဲ့ Shin Hye Sun
ကျရာဇာတ်ရုပ်ကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်လေ့ရှိတဲ့ Shin Hye Sun ကတော့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိလာတာလည်း ဖြစ်ပါတယ်။ သူကတော့ အနုပညာအလုပ်တွေစလုပ်ကတည်းက ချစ်စရာကောင်းတဲ့မျက်နှာလေးရှိနေပြီး အခုအချိန်ထိတောင်မပြောင်းလဲဘဲ လှပနေဆဲပါပဲ။ အင်တာဗျူးတစ်ခုမှာတော့ သူ့ရဲ့ကိုယ်အလေးချိန်ဟာ (49) kg ရှိတယ်လို့ ပြောဖူးပါတယ်။ နောက်ပြီးတော့လည်း ကိုယ်အလေးချိန်ထိန်းဖို့ကို တစ်နေ့ကိုတစ်နပ်သာစားတယ်လို့ ဆိုပါတယ်။ သူကတော့ လေ့ကျင့်ခန်းတွေလုပ်ဖို့ အစကတည်းကမစဉ်းစားခဲ့တာက ရှည်လျားတဲ့အရပ်ကြောင့်ပါ။ သူကတော့ မြင့်မားတဲ့အရပ်ကိုပိုင်ဆိုင်ထားပြီး (၁၇၂) စင်တီမီတာ(သို့) (၅) ပေ(၈)လက္မ ရှိပါတယ်။ ဒီလိုအရပ်ကြောင့်လည်း သူ့ရဲ့သွယ်လျတဲ့ကိုယ်လုံးကိုယ်ပေါက်ကို ဖြစ်နေစေတာအမှန်ပါပဲ။ သူကတော့ အိပ်ချိန်ကလွဲပြီး တစ်နေ့ကို (၁၃) နာရီကနေ (၁၅) နာရီအထိ ဘာမှမစားဘဲ အစာအိမ်ကိုအလွတ်ထားလေ့လည်း ရှိပါသေးတယ်။ အခုဆိုရင်တော့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို နည်းနည်းချင်းလုပ်နေတာပဲ …
Read More »