Jo Jung Suk နဲ့ Shin Se Kyung တို့နှစ်ဦးကတော့ သမိုင်းကြောင်းနောက်ခံဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ Sejak မှာပါဝင်ဖို့အတွက်ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေရင်းနှီးပြီးသား နာမည်ကြီးသရုပ်ဆောင်တွေလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ရှုပ်ထွေးတဲ့ နိုင်ငံရေးအာဏာနဲ့တော်ဝင်နန်းတော်ရဲ့အရေးကိစ္စတွေကြားမှာ ကြိုးစားနေရတဲ့ဘုရင်းတစ်ပါးနဲ့ လက်စားချေဖို့ရည်ရွယ်ချက်တဲ့ဘုရင်ဖြစ်သူကို ဆွဲဆောင်ဖို့ကြိုးစားတဲ့အမျိုးသမီးတစ်ဦးတို့ကြားကဇာတ်လမ်းကိုပုံဖော်ထားတာပါ။ လက်စားချေဖို့ရာကြိုးစားခဲ့တဲ့အမျိုးသမီးကို ဘုရင်ဖြစ်သူကအမှန်တကယ်ချစ်မြတ်နိုးသွားခဲ့တဲ့အခါမှာတော့ ဇာတ်လမ်းကဘယ်လိုမျိုးဇာတ်သိမ်းနဲ့တွေ့ကြုံရမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ Jo Jung Suk ကတော့ The Land of Happiness နဲ့ Pilot ဆိုတဲ့ဇာတ်ကားတွေကို ရိုက်ကူးထားပြီး မင်းသမီး Shin Se Kyung ကတော့ Arthdal Chronicles ဇာတ်လမ်းတွဲရဲ့ Season 2 မှာ ပါဝင်ထားပါတယ်။ …
Read More »Tag Archives: Shin Se Kyung
ဇာတ်ညွှန်းဖတ်ပွဲတွင်တွေ့ဆုံကြပြီး မကြာခင်ဒရမ်မာဇာတ်လမ်းတွဲရိုက်ကူးတော့မယ့် Lee Jun Ki နဲ့ Shin Se Kyung
ပရိသတ်တွေစောင့်မျှော်နေတဲ့ဇာတ်လမ်းတွဲရဲ့ Season 2 ကတော့ ထွက်ရှိလာတော့မှာပါ။ Lee Jun Ki ၊ Shin Se Kyung ၊ Jang Dong Gun နဲ့ Arthdal Chronicles 2 သရုပ်ဆောင်တွေကတော့ သြဂုတ်လ(၆)ရက်နေ့မှာ ဇာတ်ညွှန်းဖတ်ခြင်းလုပ်ခဲ့ကြပြီး ဒီလအစပိုင်းမှာပဲ ရိုက်ကူးရေးစတင်တော့မှာပါ။ Arthdal Chronicles ဇာတ်လမ်းတွဲကတော့ Arth ဆိုတဲ့ ဒဏ္ဍာရီလာနယ်မြေက သူရဲကောင်းတွေရဲ့ဇာတ်လမ်းတွေကိုပုံဖော်ထားတဲ့ ရှေးခေတ်ဒရမ်မာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ (၂၀၁၉) ခုနှစ်က tvN ကထုတ်လွှင့်ပြသခဲ့တာပါ။ လက်ရှိအချိန်မှာတော့ Arthdal Chronicles 2 ကိုထပ်မံရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အပြောင်းအလဲရှိခဲ့ပြီး Song Joong Ki နဲ့ …
Read More »Arthdal Chronicles ရဲ့ Season 2 မှာပါဝင်ဖို့ကမ်းလှမ်းထားခြင်းခံရတဲ့ Lee Joon Gi နဲ့ Shin Se Kyung
Arthdal Chronicles ဟာ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ စိတ်ကူးယဉ်ဒရမ်မာအမျိုးအစားလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ Arth ဆိုတဲ့ ဒဏ္ဍာရီလာနယ်မြေကိုအခြေတည်ပြီးဇာတ်အိမ်ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ နာမည်ကျော်တွေဖြစ်တဲ့ Song Joong Ki၊ Jang Dong Gun ၊ Kim Ji Won နဲ့ Kim Ok Bin တို့ကတော့ Season 1 မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် Season 2အတွက် သရုပ်ဆောင်တွေကို ရွေးချယ်နေပြီလည်း ဖြစ်ပါတယ်။ Season 2 မှာတော့ ဆယ်စုနှစ်ကျော်အကြာမှာဖြစ်ပျက်လာတဲ့ Arth ရဲ့အခြေအနေကို ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ မင်းသားချော Lee Joon Ki ရဲ့ …
Read More »ဝင်ငွေနည်းပါးတဲ့မိသားစုများကို လှူဒါန်းခဲ့တဲ့ Shin Se Kyung
တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Shin Se Kyung ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူးနော်။ သူကတော့ အောင်မြင်မှုတွေရရှိနေသလို အလှူအတန်းပြုလုပ်ဖို့ကိုလည်း မမေ့လျော့တဲ့သူပါ။ Shin Se Kyung ကတော့ You Tube ကနေရရှိတဲ့အမြတ်ငွေတွေကို ဝင်ငွေနည်းပါးတဲ့မိသားစုမှမိန်းကလေးများကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဝင်ငွေနည်းပါးတဲ့မိသားစုမှမိန်းကလေးများကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အိတ် နဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့တဲ့အကြောင်းကို Shin Se Kyung ရဲ့အေဂျင်စီမှ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုလှူဒါန်းတာဟာ (၃) နှစ်ဆက်တိုက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ Shin Se Kyung ကတော့ “သူဟာလူတွေအများကြီးဆီကနေချစ်ခြင်းမေတ္တာတွေရရှိနေပြီး အနည်းငယ်ကိုပဲဖြစ်ဖြစ်ပြန်လည်ပေးဆပ်နိုင်တာက အဓိပ္ပာယ်ရှိတယ်” ဆိုပြီးတော့ မှတ်ချက်ပြုခဲ့ပါတယ်။ စိတ်ထားလှတဲ့ Shin Se Kyung တစ်ယောက် ဒီထက်မကအောင်မြင်ပါစေနော်။
Read More »