သွက်လက်ပွင့်လင်းတဲ့မော်ဒယ်လ်၊မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ မြန်မာ့ကိုယ်စားပြုအလှမယ်အဖြစ်နဲ့ နိုင်ငံရပ်ခြားမှာပြိုင်ပွဲတွေသွားရောက်ခဲ့ဖူးသလို အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရွှေအိမ်စည်ကတော့ အမိုက်စားမော်ဒယ်လ်တစ်ယောက်အနေနဲ့လည်း လူသိများပြီး အချိုးအစားကျနတဲ့ကိုယ်ခန္ဓာအလှကြောင့်လည်း ပုရိသတွေဝန်းရံခြင်းခံရသူလေးပါ။ ရုပ်ရှင်ဇာတ်ကားတွေမှာသရုပ်ဆောင်လာပြီဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ခပ်မိုက်မိုက်ကာရိုက်တာတွေနဲ့လည်း ပရိသတ်ကိုဖမ်းစားနိုင်တာတွေ့ရပါတယ်။ အနုပညာအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ရွှေအိမ်စည်ကတော့ အခုဆိုရင်အဆိုပိုင်းမှာလည်း […]