စိုးမြတ်နန္ဒာ ကတော့ အနုပညာမျိုးရိုးတစ်ယောက်လည်းဖြစ်သလို ကိုယ်တိုင်ကလည်း အကယ်ဒမီထပ်ဆင့်ရထားတဲ့အထိ အနုပညာထူးခွန်သူတစ်ယောက်ပါ။ ဒီနေ့ကတော့ ပရိသတ်တွေချစ်တဲ့ဒါဒါလို့ခေါ်တဲ့ စိုးမြတ်နန္ဒာရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီလိုအမှတ်တရနေ့လေးမှာတော့ နာမည်ကျော်ဒီဇိုင်နာကောင်းမြတ်က ကျက်သရေရှိပြီးလှပနေတဲ့ပုံရိပ်များနဲ့ birthday wish လုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော်တို့ Kaung Myat Couture အနေနဲ့ Photoshoot အသစ်လေး ကို ဟိုးအရင်တည်းက ချစ်ခင်လေးစားရတဲ့ အကယ်ဒမီများရှင် ချစ်မ မဒါဒါနဲ့ ရိုက်ကူးထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့လေးဟာ အစ်မ ရဲ့ မွေးနေ့ရက်မြတ်မင်္ဂလာလည်း ဖြစ်တော့ ဒီကနေပဲ ပုံအသစ်စက်စက်လေးတွေနဲ့ birthday wish လုပ်လိုက်ပါတယ်။ဒီမွေးနေ့ကစပြီး ချစ်တဲ့မိသားစုနဲ့အတူ သက်ထက်ဆုံးပျော်ရွှင်စွာနေနိုင်ပါစေနော် အစ်မရေ” ဆိုပြီးတော့ ကြည်နူးဖွယ်ရေးသားထားတာပါ။ ဒါဒါကတော့ ပရိသတ်တွေရှေ့ရောက်လာခဲ့တာဆယ်စုနှစ်(၂)ခုကျော်နေပြီဖြစ်သလို ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူ …
Read More »Tag Archives: Soe Myat Nandar
နာရီကြော်ငြာတစ်ခုကို စုံတွဲရိုက်ကူးခဲ့ကြတဲ့ သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာ
တစ်ချိန်တုန်းက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသမီးချော စိုးမြတ်နန္ဒာနဲ့ အဆိုတော် စိုးသူတို့ စုံတွဲကတော့ ပရိသတ်တွေချစ်ခင်ရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲပဲဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေကိုရပ်နားထားတယ်ဆိုပေမယ့် ပရိသတ်တွေကတော့ သူတို့နှစ်ဦးက ချစ်ခင်အားပေးနေကြဆဲပါပဲ ။ ဝေဖန်တိုက်ခိုက်မှုတွေကြားက တွဲလက်တွေမြဲခဲ့တဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့စုံတွဲ က မကြာသေးမီကမှ စန္ဒီမြင့်လွင်ရဲ့ သီချင်းသစ်လေးမှာ စုံတွဲပါဝင်သရုပ်ဆောင်ထားကြပါသေးတယ် ။ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ပြင်သစ်က တိုက်ရိုက် လာတဲ့ Versace နာရီလေးတွေနဲ့ Euro Branded Sale Myanmar ဆိုင် ကြော်ငြာလေးကို စုံတွဲရိုက်ကူးခဲ့ကြပါတယ် ။ သူမတို့စုံတွဲ နှစ်ယောက်ရဲ့ ကြော်ငြာရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးထားပြီး …
Read More »အသက်အရွယ်နဲ့လိုက်ဖက်တဲ့ဇာတ်လမ်းတွေကို သေချာပြင်ဆင်ကာရိုက်ကူးတယ်ဆိုတဲ့ စိုးမြတ်နန္ဒာ
စိုးမြတ်နန္ဒာကတော့ အနုပညာလောကမှာလျှောက်လှမ်းလာခဲ့တာ ဆယ်စုနှစ်(၂)စုကျော်ရှိနေပြီဖြစ်ပြီး အကယ်ဒမီဆုကြီး(၂)ဆုကိုလည်း လက်ခံရရှိထားသူပါ။ သူကတော့ ပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်တဲ့သူတစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကျဲလာခဲ့တာဖြစ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တွေရရှိနေဆဲပါ။ စိုးမြတ်နန္ဒာကတော့ စောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်တော့ အနုပညာအလုပ်တွေလုပ်နေတဲ့အကြောင်းကိုလည်း ပြောပြလာပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကိုယ့် အသက်အရွယ် နဲ့ လိုက်တဲ့ နေရာ ..ကိုယ် ခံစားလို့ရတဲ့ ဇာတ်လမ်း ဆိုရင် ..သေသေချာချာလေး ပြင်ဆင်ပြီး ရိုက်ပါတယ်..”ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ သူကတော့ ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်သူတစ်ယောက်ဖြစ်သလို သေချာပြင်ဆင်ရိုက်ကူးလေ့ရှိတာကို ပရိသတ်တွေကိုပြောပြလာခဲ့ပါပြီ။ မြန်မာဆန်ဆန်ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ပုံရိပ်လေးကြောင့် ပရိသတ်တွေကတော့ သိချင်စိတ်ပိုနေတော့မှာအမှန်ပါပဲ။ ပရိသတ်တွေချစ်ရတဲ့မင်းသမီးကြီးကတော့ တည်ငြိမ်ရင့်ကျက်တဲ့အလှတွေနဲ့ အကောင်းဆုံးသရုပ်ဆောင်ကာ ပရိသတ်တွေစိတ်ကျေနပ်စေဦးမှာ အမှန်ပါပဲနော်… Source : SoemyatNandar
Read More »ရွှေရတုတိုင်အောင် ရွှေလက်တွဲမြဲခဲ့တဲ့ မိဘနှစ်ပါးအတွက် အမှတ်တရစကားလေး မျှဝေလာတဲ့ စိုးမြတ်သူဇာ
ပရိသတ်ကြီးရေ ဒီနေ့ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်းရွှေရတုပြည့်နှစ်လေးပါ။ ပရိသတ်ရဲ့အချစ်တော်စိုးမြတ်သူဇာကတော့ မိဘနှစ်ပါးရဲ့ မင်္ဂလာသက်တမ်းနှစ်(၅၀) ပြည့်လေးမှာ မေမေက ရေးခိုင်းလို့ဆိုပြီး အရွှန်းဖောက်ကာ မင်္ဂလာအမှတ်တရစကားလေးကို မျှဝေလာပါတယ်။ ကနေ့က အဖေ နဲ့ အမေ ရဲ့ ရွှေရတု နှစ်ပတ်လည်နေ့ပါ…. အဖေ့လို မိသားစု ကို တန်ဖိုးထားပီး ချစ်မြတ်နိုးတတ်တဲ့ သူရဲ့ သားသမီး တွေဖြစ်ခွင့်ရတာ ကျမ တို့ မောင်နှမ လေးယောက် အတွက်ဂုဏ်ယူစရာ ဖြစ်သလို အမေကလည်း ဒီနေ့ထိ အဖေ့ကို သူ့အနားမှာအတူတူ ရှိနေအောင် ဆွဲဆောင်ထားနိုင်သည့် အစွမ်းက လည်း ကျမ တို့ ညီအမတွေ အတွက် ရင်သပ်ရူမော …
Read More »သူမကို ဝတယ်လို့မပြောကြဖို့အတွက် တောင်းဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ
ဒါဒါလို့ပရိသတ်တွေချစ်စနိုးခေါ်ခဲ့ကြတဲ့ စိုးမြတ်နန္ဒာကတော့ တစ်ခေတ်တစ်ခါက စိုးမြတ်နန္ဒာ ဆံပင်စတိုင်လ်ဆိုပြီး လိုက်ညှပ်ကြတဲ့အထိ ပရိသတ်အကြားရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပြီး အနုပညာအလုပ်တွေနဲ့ ကာလအတော်ကြာဝေးကွာနေခဲ့ ပေမယ့်လည်း ပရိသတ်တွေကတော့ သူမကိုချစ်ခင်နေကြဆဲပါ ..။ ချစ်ရတဲ့ သားလေး မြတ်သောမောင်ကို ပြုစုပျိုးထောင်ရင်း ညီမ(၄)ယောက် စုပေါင်းဖွင့်ထားတဲ့ “မင်းသမီး”ပိုးထည်တိုက်ကို ဦးစီးနေတာပဲဖြစ်ပါတယ် ။ တချိန်က ပိန်ပိန်ပါးပါးလေးနဲ့ အမိုက်စားမော်ဒယ်လ်မင်းသမီးလေးဖြစ်ခဲ့တဲ့ ဒါဒါကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဝလာတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့သလို ဒါဒါကိုချစ်တဲ့ ပရိသတ်တွေကလည်း ရှိနေဆဲပါ ။ လတ်တလောမှာတော့ ဒါဒါက သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပြီး ဝ နေတယ်လို့မပြောကြေးနော် … ကိုယ်ခံအားကောင်းအောင်စားနေရတာ… ကိုယ့်ဧည့်သည်တွေအတွက် အထည်လှလှလေးတွေထွက်အောင်လဲကူပေးနေရသေးတယ်နော် ဆိုတဲ့စာသားလေးကို ရေးသားဖော်ပြခဲ့ပါတယ် ။ …
Read More »အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေ သင်နေတဲ့ စိုးပြည့်သဇင်
ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေသင်နေခဲ့ပါတယ်။ စိုးပြည့်လေးကတော့ အချက်အပြုတ်တွေကို ဝါသနာပါတဲ့ သူတစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ဖြစ်မနေခဲ့ရင် စာဖိုမှုးတစ်ယောက်ဖြစ်မှာပါလို့တောင် ဆိုထားတဲ့အထိ အချက်အပြုတ်မှာ ဝါသနာကြီးတဲ့ သူတစ်ယောက်ပါ။ လစဉ် (၂၉)ရက်နေ့တိုင်းမှာလည်း သံဃာတော်ရှင်သူမြတ်တွေအတွက် ဆွမ်းထမင်း ဆွမ်းဟင်းတွေကို ကိုယ်တိုင်ချက်ပြုတ်လောင်းလှူလေ့ရှိပါသေးတယ်။ အစားအစာတွေကို ဖန်တီးတဲ့ နေရာမှာ ဝါသနာထုံလှတဲ့ စိုးပြည့်လေးကတော့ လတ်တလောမှာ အစ်မဖြစ်သူ စိုးမြတ်နန္ဒာဆီကနေ မုန့်လုပ်နည်းတွေကိုပါ ထပ်မံသင်ယူနေတဲ့အကြောင်း သူ့ရဲ့My Day ကနေ ဖော်ပြလာခဲ့ပါတယ်။ အစားအစာတွေကိုဖန်တီးရတာဝါသနာပါတဲ့ စိုးပြည့်လေးကတော့ အစ်မဖြစ်သူဆီကနေ မုန့်လုပ်နည်းတွေသင်နေရလို့ပျော်ရွှင်နေခဲ့ပြီး အစ်မဖြစ်သူ စိုးမြတ်နန္ဒာကလည်း ညီမလေးကို သေသေချာချာသင်ပေးနေပါတယ်။ CeleGabar ပရိသတ်ကြီးတွေရော ဒီလိုချစ်စရာကောင်းတဲ့ အစ်မတွေ …
Read More »သဲဖြူဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ စိုးညီအစ်မ(၄)ယောက်
ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိထားကြပြီး ညီအစ်မ(၄) ယောက်လုံးက ရုပ်ရည်ချောမောမှုလည်း အပြစ်ပြောစရာမရှိတဲ့အပြင် အနုပညာအရည်အချင်းပြည့်မှီတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်သရုပ်ဆောင်တွေလည်း ဖြစ်ကြပါတယ်။ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မလေးယောက်ကတော့ စီးပွားရေးလုပ်ငန်းတွေကို အတူပူးပေါင်းလုပ်ကိုင်ကြသလို ”မင်းသမီး ပိုးထည်တိုက် ” ဆိုတဲ့ဆိုင်လေးကိုလည်း အတူဖွင့်လှစ်ထားကြပါတယ်။လက်ရှိမှာတော့ ညီအစ်မ(၄) ယောက် စုပေါင်းကာ သဲဖြူဆရာတော်ဘုရားကြီးအား နေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့အကြောင်းကို “သဲဖြူဆရာတော်ဘုရားကြီးနေ့ဆွမ်းကပ်နှင့်ဝါဆိုသင်္ကန်းကပ်အလှူ” လို့ စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အလှူအမှတ်တရပုံရိပ်တွေကို ဝေမျှထားပါတယ်။ CeleGabar ပရိသတ်ကြီးရေ အနုပညာလောကရဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်အခိုင်အမာရရှိထားပြီး ပရိသတ်အချစ်တော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ …
Read More »