ဒီတစ်ခေါက်မှာတော့ ဒရမ်မာဇာတ်လမ်းတွဲသစ်မှာ ဒိတ်ဒိတ်ကြဲမင်းသမီးချောနှစ်ဦးကပါဝင်သွားမှာမို့ ပရိသတ်တွေအတွက်စိတ်လှုပ်ရှားစရာပါ။ သူတို့နှစ်ဦးကတော့ မင်းသမီး Song Hye Kyo နဲ့ Han So Hee တို့ပဲ ဖြစ်ပါတယ်။ မင်းသမီး Song Hye Kyo နဲ့ Han So Hee တို့ဟာ ဒရမ်မှာသစ်မှာအတူပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ နာမည်ကျော်နှစ်ဦးပါဝင်ထားတဲ့ ဒရမ်မာဟာ “The Price of Confession” ဖြစ်တယ်လို့ မီဒီယာတွေမှ ထုတ်ပြန်ထားပါတယ်။ “The Price of Confession” ဒရမ်မာဟာ လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေတဲ့အမျိုးသမီးနှစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ Song Hye Kyo ကတော့ ပန်းချီဆရာမတစ်ယောက်နေရာကနေ ပါဝင်ထားတာဖြစ်ပြီး Han …
Read More »Tag Archives: Song Hye Kyo
The Glory Part 2ရဲ့ ပိုစတာပုံရိပ်တွေနဲ့အတူ ပရိသတ်တွေကိုဆွဲဆောင်နေခဲ့တဲ့ Song Hye Kyo
ထိပ်တန်းမင်းသမီး Song Hye Kyo ကတော့ ဒရမ်မာဇာတ်လမ်းတွဲ The Glory နဲ့အတူ အောင်မြင်မှုတွေရရှိနေပြန်တာပါ။ ဒီဇာတ်လမ်းတွဲကတော့ Part 1 ထုတ်လွှင့်ပြီးနောက်ပိုင်းမှာ ဇာတ်လမ်းဇာတ်ကွက်အပြင် ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေကြားရေပန်းစားတဲ့အထိအောင်မြင်မှုများခဲ့ပါတယ်။ မတ်လမှာထုတ်လွှင့်ပြသသွားမယ့် The Glory ဟာ ပိုစတာပုံရိပ်တွေနဲ့အတူ Teaser ထွက်ရှိလာခဲ့ပါတယ်။ ဒီပိုစတာတွေမှာတော့ ကလဲ့စားချေလိုမှုတွက်စိတ်အားထက်သန်နေတဲ့အမျိုးသမီးမွန်းဒုံအွန်းအဖြစ် Song Hye Kyo ကိုမြင်တွေ့ရတာ ပရိသတ်တွေကို မကြည့်ဘဲမနေနိုင်အောင်ဆွဲဆောင်လိုက်သလိုပါပဲ။ Part 1 ဟာလည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အစွမ်းကုန်ရယူခဲ့ပြီးသလို ဘယ်လိုဇာတ်သိမ်းမှာလဲဆိုတဲ့ စာရေးဆရာမ Kim Eun Sook ရဲ့လက်ရာက စိတ်ဝင်စားစရာပါပဲ။ The Glory ဟာ ငယ်ရွယ်တဲ့အထက်တန်းကျောင်းသူအရွယ်မှာ ရွယ်တူသူငယ်ချင်းတွေဆီကနေ အကြမ်းဖက်မှုနဲ့ …
Read More »လက်တွေ့ဘဝမှာလည်း အချောမောဆုံးအဖြစ်သတ်မှတ်ခံရတဲ့ ကိုရီးယားကြယ်ပွင့်များ
တောင်ကိုရီးယားနိုင်ငံကတော့ ဒရမ်မာစီးရီးတွေအပြင် ချောမောလှပတဲ့ဆယ်လီတွေကို မွေးထုတ်ပေးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့Lee Jin Ho ကတော့ သူ့ရဲ့ You Tube မှာ လူချင်းတွေ့ဆုံရာမှာ အလှပဆုံးနဲ့အချောမောဆုံးလို့ထင်တဲ့ ဆယ်လီဘရစ်တီတွေကိုဖော်ပြခဲ့ပါတယ်။ အမျိုးသမီးဆယ်လီတွေထဲမှာတော့ အလှအပနဲ့ပတ်သက်ပြီးနာမည်ကျော်တဲ့ Song Hye Kyo ကို အလှပဆုံးအဖြစ်ရွေးချယ်ခဲ့ပါတယ်။ သူကတော့ ဆယ်လီများစွာကိုအင်တာဗျူးခဲ့ဖူးပြီး Song Hye Kyo ရဲ့အလှအပလောက်အံအားသင့်စေတာမျိုးမတွေ့ခဲ့ဖူးဘူးလို့ ဆိုထားပါတယ်။ မကြာသေးခင်ကတော့ The Glory ဇာတ်ကားမှာအိုနေတယ်ဆိုတဲ့မှတ်ချက်မျိုးရခဲ့ပြီး မင်းသမီးကတော့ မွန်းဒုံအွန်းရဲ့နာကျင်ခံစားရမှုတွေကိုဖော်ပြဖို့လိုအပ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Song Hye Kyo ကိုအလှဆုံးအဖြစ်သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး အလှအပမှာနာမည်ကြီးတဲ့မင်းသမီး Jun Ji Hyun ထက်တောင်မှပိုလှတယ်လို့ ခံစားရကြောင်းပြောပြခဲ့ပါတယ်။အမျိုးသားဆယ်လီတွေထဲမှာတော့ အချောမောဆုံးအဖြစ်နဲ့ နာမည်ကျော်မင်းသား So …
Read More »ဒရမ်မာတစ်ခုရဲ့အပိုင်းတစ်ပိုင်းအတွက် မင်းသမီး Song Hye Kyo ရဲ့သရုပ်ဆောင်ကြေး
မင်းသမီး Song Hye Kyo ကတော့ နိုင်ငံတကာမှာပါနာမည်ကျော်ကြားတဲ့မင်းသမီးတစ်လက်ပါ။ အံ့သြလောက်စရာများပြားလှတဲ့မင်းသမီးရဲ့သရုပ်ဆောင်ကြေးကိုတော့ သိရှိခဲ့ရပါတယ်။ သတင်းထောက် Ahn Jin Yong ကတော့ You Tube မှာ ဝင်ငွေအမြင့်ဆုံးကိုရီးယားနိုင်ငံရဲ့ကြယ်ပွင့်တွေဖော်ပြခဲ့ပါတယ်။ဗီဒီယိုထဲမှာတော့ သတင်းထောက်ဟာ ဇာတ်လမ်းတစ်ခုရဲ့အပိုင်းတစ်ပိုင်းမှာရရှိတဲ့သရုပ်ဆောင်ကြေးကို ဖော်ပြခဲ့ပါတယ်။ မင်းသားများဟာ သရုပ်ဆောင်ကြေးပိုမိုရရှိတာဖြစ်ပြီး Song Joong Ki ၊ Lee Jong Seok နဲ့ Ji Chang Wook တို့ကတော့ ဇာတ်လမ်းတွဲတစ်ခုရဲ့အပိုင်းတစ်ပိုင်းမှာပါဝင်သရုပ်ဆောင်ကြေးအနေနဲ့ ကိုရီးယားဝမ်သန်း(၃၀၀) ခန့် ရရှိတာဖြစ်ပြီး အဲ့ဒီထက်တောင်မှပိုနိုင်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲတစ်ခုမှာ အပိုင်း(၁၆) ပါဝင်လေ့ရှိတာဖြစ်တာကြောင့် ဇာတ်လမ်းတွဲတစ်ခုအတွက် ဝမ် (၄.၈) ဘီလီယံရရှိတာလည်း ဖြစ်ပါတယ်။ Lee Min …
Read More »ရုတ်တရက်အိုလာတယ်ဆိုတဲ့မှတ်ချက်အပေါ်တုံ့ပြန်ခဲ့တဲ့ Song Hye Kyo
မင်းသမီးချော Song Hye Kyo ကတော့ ELLE Korea နဲ့ရိုက်ကူးရေးလုပ်ခဲ့ပြီး အင်တာဗျူးကိုဖြေဆိုခဲ့ပါတယ်။ မင်းသမီးကတော့ သူပါဝင်ခဲ့တဲ့ဇာတ်ကားတွေထဲမှာမှ The Glory ဇာတ်ကားထဲမှ မွန်းဒုံအွန်းဇာတ်ရုပ်ဟာ အခက်ခဲဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသမီးကတော့ “ဒုံအွန်းဇာတ်ကောင်ရဲ့စိတ်ခံစားချက်ကိုဖော်ပြရာမှာသုံးဖက်မြင်အခြေအနေမျိုးတွေအများကြီးရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဇာတ်လမ်းရဲ့ဒုတိယပိုင်းမှာပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်။ ဒီဇာတ်ရုပ်ကိုသရုပ်ဆောင်ရတာအရမ်းခက်ခဲခဲ့တယ်။ အရင်ကတစ်ခါမှမလုပ်ခဲ့ဖူးတဲ့ခံစားချက်မျိုးတွေကိုဖော်ပြရတာကို ပျော်ရွှင်ပါတယ်။ဒုတိယပိုင်းက ပိုပြီးတော့တောင်မှ ကြည့်လို့ကောင်းပါလိမ့်မယ်” ဆိုပြီးတော့ ဖြေခဲ့ပါတယ်။ Song Hye Kyo ကတော့ ရုတ်တရက်အိုသွားတယ်ဆိုတဲ့ ပြောဆိုချက်အတွက်အချိန်ယူပြီးတော့မှ မှတ်ချက်ပေးခဲ့ပါတယ်။ “ဒီမှာ Song Hye Kyo ဟာ ရုတ်တရက်အိုသွားတယ်လို့ပြောထားတာလည်း ရှိပါတယ်။ ဟုတ်တာပေါ့ ကျွန်မက အိုလည်းအိုသွားပါပြီ” လို့ ခပ်အေးအေးပဲဆိုခဲ့ပါတယ်။ Zawgyi ဖြင့်ဖတ်ရန် …
Read More »ပရိသတ်ကိုစိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ The Glory 2 ရဲ့Teaser အသစ်
ပရိသတ်တွေကြားနာမည်ကြီးနေတဲ့ The Glory 2 ကတော့ ထုတ်လွှင့်ပြသဖို့လိုသေးပေမဲ့ Teaser ကိုပရိသတ်တွေကိုချပြခဲ့ပါတယ်။ ဒီ Teaser မှာတော့ Song Hye Kyo ဟာ ဇာတ်ကြောင်းကိုပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကို စိတ်ဝင်စားမှုမြင့်တက်စေခဲ့ပါတယ်။Teaser အသစ်မှာတော့ အဓိကဇာတ်ဆောင်မွန်းဒုံအွန်းအဖြစ်ပါဝင်ထားတဲ့ Song Hye Kyo ကတော့ဇာတ်လမ်းရဲ့အဓိကဗီလိန်ဖြစ်တဲ့ဘတ်ယွန်းဂျင်အတွက်ရေးသားထားတဲ့စာတစ်စောင်ကို ဖတ်ပြခဲ့ပါတယ်။ စာထဲမှာတော့ “လွမ်းရတဲ့ယွန်းဂျင်ရေ…ယွန်းဂျင်ရေဒီအကြောင်းကိုငါနေ့တိုင်းတွေးမိတယ်။ ဘယ်နေရာမှာငါတို့ပြန်တွေ့မလဲ? နင်နဲ့ထပ်တွေ့တဲ့အခါ နင့်မျက်နှာနဲ့နာမည်တွေကိုမေ့နေဖို့မျှော်လင့်ပါတယ်။ ငါနင့်ကိုသိတာလား ဆိုပြီးတော့ မေ့နေစေချင်တယ်။ အခြားသူကိုနာကျင်စေတဲ့နင့်ခြေထောက်တွေ နင်နဲ့အတူလျှောက်လှမ်းနေတဲ့ခြေထောက်တွေ အခြားသူရဲ့ဒုက္ခကိုရယ်မောနေတဲ့နင့်နှုတ်ခမ်းတွေ နင့်ရဲ့မို့အစ်နေတဲ့မျက်လုံးတွေ နင့်ကိုကြည့်နေတဲ့မျက်လုံးတွေအားလုံး တခြားသူကိုထိခိုက်ဖျက်စီးဖို့တွဲထားတဲ့နင်တို့ရဲ့လက်တွေ ပြီးတော့ အဲဒီလိုအခိုက်အတန့်ကိုနှစ်သက်တဲ့နင့်ရဲ့စိတ်ဝိညဉ်… ယွန်းဂျင်ရေငါအဆုံးအထိသွားဖို့စီစဉ်ထားတယ်။ ငါကပြမှာကို နင်ကြည့်နေဖို့မျှော်လင့်ပါတယ်။ သေချာတာပေါ့ ငါကကွပ်မျက်သူအဖြစ်နဲ့ကပြမှာပါ။ ငါအရမ်းသတ်ချင်နေတဲ့ယွန်းဂျင်ရေ ဒါကနောက်ဆုံးစာပါပဲ” လို့ရေးသားထားတာဖြစ်ပြီး နာကျင်မှုတွေအပေါ်မှာခွင့်မလွှတ်နိုင်စွာလက်စားချေလိုတဲ့ဆန္ဒတွေကိုဖော်ပြထားတဲ့စာတစ်စောင်ပါ။ …
Read More »(၂၀၂၃) မှာထိပ်တန်းကြယ်ပွင့်(၃)ဦးဖြစ်တဲ့ Song Hye Kyo ၊ Kim Tae Hee နဲ့ Jun Ji Hyun တို့လွှမ်းမိုးဦးမလား?
တောင်ကိုရီးယားဒရမ်မာချစ်ပရိသတ်တွေကတော့ Song Hye Kyo ၊ Kim Tae Hee နဲ့ Jun Ji Hyun တို့ကို မသိသူမရှိလောက်ပါဘူးနော် ။ အနုပညာသက်တမ်းနှစ်(၂၀) ကျော်မှာထိပ်တန်းအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားရုံတင်မက အလှအပနဲ့ပတ်သက်ပြီးလည်း စံထားရတဲ့အလှပိုင်ရှင်အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။ သူတို့(၃) ဦးကတော့ (၂၀၂၃) ခုနှစ်မှာပရိသတ်တွေကြားရေပန်းစားကာလွှမ်းမိုးဦးမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ Song Hye Kyo ကတော့ ထုတ်လွှင့်ပြသခဲ့တဲ့ The Glory နဲ့အတူရေပန်းစားနေတာဖြစ်ပြီး The Glory 2 ကိုလည်း ပရိသတ်တွေကစိတ်ဝင်စားစွာစောင့်မျှော်နေကြတာပါ။ Song Hye Kyo ကတော့ Melodrama Queen အဖြစ်နဲ့တင်စားခံထားရသူဖြစ်ပြီး The Glory နဲ့အတူ ကွဲပြားနဲ့ဇာတ်လမ်းအမျိုးအစားနဲ့အောင်မြင်ခဲ့တာကြောင့် ချီးကျူးခံထားရတာလည်း …
Read More »The Glory 2 ထုတ်လွှင့်မယ့်ရက်ကိုကြေညာခဲ့တဲ့ Netflix
မင်းသမီး Song Hye Kyo ပါဝင်ထားတဲ့ The Glory ဒရမ်မာကတော့ ပရိသတ်တွေကိုဆွဲဆောင်ခဲ့ပြီး ပရိသတ်တွေကတော့ ဇာတ်ရှိန်ပိုမြင့်လာတဲ့ Part 2 ကိုစောင့်မျှော်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Part 2 ကို ထုတ်လွှင့်မယ့်ရက်ကို အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ ဒရမ်မာရဲ့ဇာတ်လမ်းကိုရေးသားခဲ့တဲ့စာရေးဆရာမ Kim Eun Sook ကတော့ “Part 1 ကိုကြည့်ခဲ့မယ်ဆိုရင် Part 2 ကိုမကြည့်ဘဲနေနိုင်မှာမဟုတ်ဘူး။ ပိုပြီးတော့ စိတ်လှုပ်ရှားဖို့ကောင်းနေပါမယ်” လို့ ဆိုထားပါတယ်။ ကလဲ့စားချေတဲ့ဒီဇာတ်လမ်းကတော့ ထုတ်လွှင့်ခဲ့ပြီးချိန်မှာဇာတ်လမ်းဇာတ်အိမ်နဲ့အတူ သရုပ်ဆောင်တွေပါ ပရိသတ်တွေကြားလူပြောများနေတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ “Part 2 မှာတော့ မွန်းဒုံအွန်းနဲ့ ဘတ်ဂျီယွန်းတို့ရဲ့ရန်ပွဲကတော့ တရားဝင်ကိုစတင်လာတော့မှာပါ။ကျူးလွန်ခဲ့သူတွေအပြစ်ပေးခံရတဲ့အပိုင်းတွေကတော့ ကြည့်လို့ကောင်းလာမယ်” …
Read More »အသက်နဲ့မလိုက်အောင်နုပျိုတဲ့အလှတရားတွေနဲ့ Elle မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာတွေ့ရတဲ့ Song Hye Kyo
Song Hye Kyo ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအလှပိုင်ရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူ့ကတော့ ဖေဖော်ဝါရီလထုတ် Elle မဂ္ဂဇင်းရဲ့မျက်နှာဖုံးမှာပါဝင်လာမှာဖြစ်ပြး အသက်ရှူမှားလောက်စရာပုံ(၃)ပုံနဲ့ ဖော်ပြလာတာဖြစ်ပါတယ်။ ပြသခဲ့တဲ့ The Glory ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးပြောပြခဲ့သလို မင်းသမီးကိုယုံကြည်မှုရှိပြီးလျှို့ဝှက်ဆန်တဲ့အသွင်အပြင်တွေနဲ့အမိုက်စားပုံစံကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ မျက်နှာဖုံးပုံရိပ်တွေထဲမှာတော့ သူကိုယ်တိုင် Global Ambassador အဖြစ်ဆောင်ရွက်နေတဲ့ Fendi အမှတ်တံဆိပ်တွေနဲ့ စတိုင်ကျနေခဲ့တာပါ။ ထပ်မံထုတ်လွှင့်ဦးမယ့် The Glory ရဲ့ Part 2 မှာလည်း ပိုပြီးတော့အံ့အားသင့်စရာကောင်းပြီး ပရိသတ်တွေနှစ်ခြိုက်လိမ့်မယ်လို့ ဆိုထားပါတယ်။ Song Hye Kyo ကတော့ မွန်းဒုံအွန်းဇာတ်ရုပ်ကိုသရုပ်ဆောင်တာနဲ့ပတ်သက်ပြီး တချို့ကတော့ကိုယ်အလေးချိန်ကိုတိုးစေချင်တာမျိုးရှိပေမဲ့ သူကတော့အားနည်းပြီးဖျော့တော့တဲ့သူအဖြစ်နဲ့ပုံရိပ်ကိုပီပြင်စေခဲ့ပြီး ကိုယ်အလေးချိန်ကိုလည်း လျှော့ချခဲ့သေးတာပါ။ ဒါ့အပြင် ဆရာမတစ်ယောက်အနေနဲ့သပ်ရပ်ပြီးကြည့်ကောင်းတဲ့အနေအထားအဖြစ်သာ ရိုးရိုးရှင်းရှင်းပြင်ဆင်ခဲ့တဲ့အကြောင်း မျှဝေခဲ့ပါတယ်။ မင်းသမီးကို Elle မဂ္ဂဇင်းမှာတွေ့ရတဲ့ပုံရိပ်ကတော့ …
Read More »မွန်းဒုံအွန်းဇာတ်ရုပ်ပီပြင်ရန်အတွက် လှပဖို့ထက်ပိန်ကျနေတဲ့ခန္ဓာကိုယ် ရဖို့ကြိုးစားခဲ့ရကြောင်းပြောပြလာတဲ့ Song Hye Kyo
Read More »