Tag Archives: T-ARA

ပရိသတ်တွေကို အသိပေးလိုက်တဲ့ T-ara အဖွဲ့ဝင် Jiyeon ရဲ့မင်္ဂလာသတင်း

ဆွဲဆောင်မှုအပြည့်နဲ့လှပကျော့ရှင်းတဲ့အနုပညာရှင်တစ်ဦးဖြစ်သူ T-ara အဖွဲ့ဝင် Jiyeon ကိုတော့ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ လျှမ်းလျှမ်းတောက်နာမည်ကျော်ကြားခဲ့ပြီး အဖွဲ့ပျက်သွားခဲ့ပေမယ့် မကြာသေးခင်ကပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ T-ara ရဲ့ အမျိုးသမီးအိုင်ဒေါအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ သူ့ကိုတော့ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်တွေသတိထားမိကြမှာပါ။ Jiyeon ကတော့ ပရိသတ်တွေကို ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းလေးကို အသိပေးခဲ့ပါတယ်။ သူ့ရဲ့အင်စတာဂရမ်ကနေပြီးတော့ ခင်ပွန်းလောင်းဖြစ်သူကိုမနှစ်တွေ့ဆုံခဲ့တာဖြစ်ပြီး လာမယ့်ဆောင်းရာသီမှာလက်ထပ်တော့မှာဖြစ်တဲ့အကြောင်းကို ပရိသတ်တွေကိုလက်ရေးစာနဲ့အတူ အသိပေးခဲ့ပါတယ်။ သူ့ရဲ့ခင်ပွန်းလောင်းကတော့ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား Hwang Jae Gyun ဖြစ်တယ်လို့ သိရပါတယ်။ T-ara အဖွဲ့ဝင်တွေရဲ့ဒိတ်တင်သတင်းနဲ့ မင်္ဂလာသတင်းတွေကတော့ ဆက်တိုက်ပါပဲ။ Jiyeon တစ်ယောက် ချစ်ရသူနဲ့အတူ ပျော်ရွှင်စွာဘဝတစ်လျှောက်လုံးပေါင်းဖက်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Congradulations ပါ Jiyeon နဲ့ Hwang Jae Gyun တို့ရေ။ Zawgyi ဖြင့်ဖတ်ရန် …

Read More »

Dispatch ကဖော်ထုတ်ခဲ့တဲ့ T-ARA အဖွဲ့ဝင် Hyomin နဲ့ ဘောလုံးသမား Hwang Ui Jo တို့စုံတွဲ

Dispatch ကတော့ နှစ်စဉ်နှစ်တိုင်းလိုလို လျှို့ဝှက်ပြီးတွဲနေတဲ့တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်ဆယ်လီစုံတွဲတွေကို ထုတ်ဖော်နေကြပါ။ ဒီနှစ်မှာတော့ T-ARAအဖွဲ့ဝင် Hyomin နဲ့ ဘောလုံးသမား Hwang Ui Jo တို့စုံတွဲကို ပထုတ်ဖော်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ အဝေးရောက်စုံတွဲဖြစ်နေတာတော့ (၃)လခန့်ရှိခဲ့ပါပြီ။ (၂၀၂၁) ခုနှစ်ရဲ့နှစ်ကုန်ပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ဇိမ်ခံဟိုတယ်တစ်ခုရှေ့မှာတွေ့ရတဲ့ သူတို့နှစ်ဦးရဲ့ပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Hwang Ui Jo နှစ်ပတ်ခန့်အနားယူတဲ့အချိန်မှာ ပြင်သစ်မှာနှစ်ယောက်အတူအချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ Hwang Ui Jo တစ်ယောက် ခြေထောက်မှာဒဏ်ရာရနေတဲ့အချိန်မှာ Hyomin ကလည်း solo album အတွက်ပြင်ဆင်နေတဲ့အချိန်လည်းဖြစ်ပြီး ခက်ခဲ့တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ဖေးမရင်းအတူရှိခဲ့ပုံပါပဲ။ သူတို့နှစ်ဦးကတော့ (၂၀၂၁) ခုနှစ်နိုဝင်ဘာလမှာ စပြီးတော့တွဲခဲ့ကြတာပါ။ သူတို့နှစ်ဦးစလုံးရဲ့သက်ဆိုင်ရာအေဂျင်စီတွေကတော့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာအစောပိုင်းအဆင့်မှာပဲရှိနေပြီး တစ်ယောက်နဲ့တစ်ယောက်ပိုသိဖို့ကြိုးစားနေတုန်းလို့ ပြောခဲ့ပါတယ်။ မနှစ်ကတော့ Crash …

Read More »
x