ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်သူ သိင်္ဂီထွန်းကတော့ မနေ့ကညနေက လူ့အသက်တစ်ချောင်းကို မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ ကယ်နိုင်ခဲ့ကြောင်း ပရိသတ်ကြီးကို ဝမ်းသာကြည်နူးစွာ မျှဝေလာပါတယ်။ ဒီနေ့ ညနေလူ့အသက်တစ်ချောင်းကယ်နိုင်ခဲ့ပါပြီ… ကျမအမည်ကိုခြံဝကနေရေးကြီးသုတ်ပြာအော်ခေါ်နေလို့ ရေချိုးခန်းထဲက အဝတ်ပတ်ပြီးcctvကိုထွက်ကြည့်တော့ ကျမအိမ်ရှေ့ခြံကဖြစ်နေပြီး သူ၏ဖခင်အသက်(၈၀)အရွယ် သတိလစ်သွားလို့လျှာလည်း ခေါက်နေပြီ….. စစ်ဆေးရုံကိုကားနဲ့ပို့ပေးဖို့တောင်းဆိုပါတယ်…. ကျမဒါမျိုးသိပ်ကြောက်တတ်ပါတယ်…. […]

မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ရိုက်ခတ်မှုကတော့ တကယ်ကို ကြောက်စရာပါပဲ ပရိသတ်ကြီးရေ.. ကမ္ဘာကြီးရဲ့လည်ပတ်မှုယန္တရားရပ်တန့်ခဲ့သလို ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရသူတွေလည်း ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကပ်ရောဂါထိန်းချုပ်နိုင်ဖို့အတွက် စတင်ဖြစ်ပွားကတည်းက အလုပ်တချို့ရပ်ခဲ့တာကြောင့် အောက်ခြေလူတန်းစားတချို့လည်း တော်တော်လေးဒုက္ခရောက်ခဲ့ကြပါတယ်။ အခုလိုအခြေအနေမျိုးမှာ အခြေခံလူတန်းစားတွေအတွက် အစိုးရထောက်ပံ့ကူညီမှုတွေသာမက […]