Tag Archives: Thet Htar Thuzar

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်လေးတွေအတွက် အစားအစားတွေလှူဒါန်းပေးလိုက်တဲ့ သက်ထားသူဇာ

ပရိသတ်တွေရဲ့အချစ်တော် နိုင်ငံဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာကတော့ မနေ့က ဇွန်လ (၂၉)ရက်နေ့မှာ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်လေးတွေအတွက် အစာကျွေးမွေးဖို့ အလှူငွေ(၁၅၀၀၀၀)ကိုလှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ သက်ထားသူဇာနဲ့ စားမယ် အဖွဲ့တို့ပူးပေါင်းလှူဒါန်းခဲ့တာဖြစ်ပြီး သက်ထားသူဇာက ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “မနေ့ကတိရစ္ဆာန်လေးတွေ စားဖို့အတွက် စားမယ်အဖွဲ့နဲ့အတူ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်မှာ အစာကျွေးပြီး အလှူလေးတတ်နိုင်သမျှလှူခဲ့ပါတယ်။ အားလုံးလဲလှူချင်ရင် တတ်နိုင်သမျှကူညီလှူဒါန်းနိုင်ပါတယ်နော်။”လို့ မျှဝေဖော်ပြထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ တိရစ္ဆာန်ရုံတွေက ပိတ်ထားသေးတာဖြစ်ပြီး ပရိသတ်တွေလှူဒါန်းချင်ရင်လည်း ဆက်သွယ်လှူဒါန်းလို့ရကြောင်းကိုလည်း သက်ထားသူဇာကပြောပြထားပါသေးတယ်။ CeleGabar ပရိသတ်ကြီးရေ သက်ထားလေးကတော့ သူ့ပြုလုပ်တဲ့ အလှူလေးကို ပရိသတ်တွေသာဓုခေါ်လို့ရအောင်မျှဝေပေးထားတာမို့ ပရိသတ်တွေကသာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Chilli – CeleGabar Source – THET HTAR Thuzar

Read More »
x