ပရိသတ်ရဲ့အချစ်တော်ချယ်ရီသင်းကတော့ သီချင်းဆိုရင်းရရှိလာတဲ့အနုပညာကြေးထဲက တချို့တဝက်ကို မကြာခဏဆိုသလို အလှူဒါနပြုလုပ်လေ့ရှိသူတစ်ယောက်ပါ။ ဒီတစ်ခေါက်မှာလည်း လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်သူ အဘဦးတင်မြင့်ကို လှူဖို့အတွက် စိတ်ကူးထားခဲ့ပြီး မနက်ဖြန်တော့ သွားရောက်လှူဒါန်းပေးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ အခုလို ကိုဗစ်ကာလမှာ အလုပ်တွေရပ်နားထားတာမို့ ဝင်ငွေမရှိတဲ့ချယ်ချယ်ကတော့ အဘကိုလှူပေးနိုင်ဖို့အတွက် လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက […]