ပရိသတ်ကြီးရေ အကယ်ဒမီများရှင်ရန်အောင်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ပရိသတ်ကြီးနဲ့အတူ ပရဟိတအလှူလေးတစ်ခုပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး ဒီနေ့မှာတော့ ဒီအလှူလေးအထမြောက်သွားခဲ့ပြီဖြစ်ပါတယ်။ အောက်တိုဘာ(၄) ရက်နေ့မှစတင်ကာ OK $ application နဲ့ပူးပေါင်းပြီးလုပ်မယ့်အလှူလေးမှာ သူနဲ့အတူ ပရိသတ်ကိုပါ ပါဝင်လှူဒါန်းပေးကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ Facebook Live လွှင့်ပြီး […]

ပရိသတ်အချစ်တော်ပရဟိတမင်းသားကြီး ဝေဠုကျော်ကတော့ အများအကျိုးပြုပရဟိတလုပ်ငန်းတွေမှာ လူအားငွေအားနဲ့ အင်တိုက်အားတိုက်ပါဝင်လေ့ရှိသူပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးကာကွယ်ကုသရေးလုပ်ငန်းတွေစတင်ကတည်းက အိမ်တောင်မပြန်တော့ဘဲ ဖိဖိစီးစီးနဲ့ကူညီဆောင်ရွက်ပေးနေတာလည်း ယနေ့အချိန်ထိပဲလို့ ဆိုရမှာပါ။ အဓိကအားဖြင့် ကိုဗစ်ပိုးတွေ့ရှိလူနာတွေကို သယ်ယူပို့ဆောင်ရေး၊ ဆေးဖြန်းခြင်းလုပ်ငန်းတွေဆောင်ရွက်နေသလို ကိုဗစ်ပိုးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကိုလည်း အချိန်နဲ့တပြေးညီ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးလျက်ရှိပါတယ်။ […]

အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်ပေမယ့် အနုပညာအလုပ်တွေကို စွန့်ခွာပြီး ပရဟိတလုပ်ရင်း ရှင်သန်နေသူကတော့ ဝေဠုကျော်ပါ။ ဝေဠုကျော်ဖောင်ဒေးရှင်းကနေတဆင့် လိုအပ်တဲ့နေရာတွေကို ငွေအားသာမက လူအားနဲ့ပါ ထိထိရောက်ရောက်ကူညီနေသူပါ။ လတ်တလောမှာလည်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ကတည်းက ကူညီကာကွယ်ရေးလုပ်ငန်းတွေမှာ ဆက်တိုက်ပါဝင်နေသလို ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဝါးနေ့ လေးကိုလည်း ပရိသတ်ကြီးအသိပညာတိုးစေဖို့မျှဝေခဲ့ပြီး […]

ကိုဗစ်ဒုတိယလှိုင်းမှာ ရန်ကုန်ကတော့ တော်တော်အခြေအနေဆိုးနေပြီဖြစ်ကြောင်း ဝေဠုကျော်ကတော့ သူကြုံတွေ့နေရတာတွေကို အခြေခံပြီး မျှဝေလာပါတယ်။ သူကတော့ ကိုဗစ်စတင်ကတည်းက Q ဝင်မယ့်သူတွေ၊ သံသယလူနာတွေကို Q Center တွေကို လိုက်လံပို့ဆောင်ပေးနေသူဖြစ်ပြီး မနေ့တုန်းက Q ဝင်ဖို့အတွက် သူ့ဆီဖုန်းတွေဆက်၊ […]

တစ်ကမ္ဘာလုံးသေဆုံးသူအများအပြားရှိနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာနိုင်ငံမှာလည်း သေဆုံးသူ(၇) ယောက်အထိရှိလာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက စနစ်တကျကိုင်တွယ်နိုင်ခဲ့တာကြောင့် ကိုဗစ်ပထမလှိုင်းမှာ ကူးစက်မှုအနည်းငယ်နဲ့ သေဆုံးသူ(၆) ယောက်သာရှိခဲ့ပြီး အခုဒုတိယလှိုင်းစတင်ချိန်မှာတော့ စိုးရိမ်စရာကောင်းလောက်အောင် ကူးစက်မှုများပြားလာရုံမက မနေ့ညကတော့ ပိုးတွေ့လူနာတစ်ယောက်ဆုံးပါးခဲ့ပြီ ဖြစ်ပါတယ်။ ဒီလူနာရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ဝေဠုကျော်ကတော့ […]

ပြည်သူချစ်မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ဖခင်ကတော့ ဒီနေ့မှာပဲ ဆုံးပါသွားခဲ့ပြီဖြစ်ပါတယ် ပရိသတ်ကြီးရေ… မကြာသေးခင်က ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ဖခင်ဖြစ်သူကိုတော့ ထက်ထက်ကိုယ်တိုင် နေမကောင်းတဲ့ကြားက စောင့်ရှောက်ပြုစုပေးခဲ့ပေမယ့် ဒီနေ့မှာတော့ တားလို့မရတဲ့ သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။ ထက်ထက်ဖခင်ရဲ့ဈာပနကိုတော့ ရန်ကုန်နာရေးကူညီမှုအသင်းကြီးနဲ့အတူ ပရဟိတမင်းသား ဝေဠုကျော်ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ကြောင်းကို […]