လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့X – Box ကတော့ သီချင်းအသစ်ထွက်တိုင်းမှာ ပရိသတ်တွေကြားရေပန်းစားတဲ့အထိအောင်မြင်တဲ့သူတစ်ဦးပါ။ သူကတော့ single သီချင်းတွေထွက်လေ့ရှိပြီး ပရိသတ်တွေကအားပေးနှစ်သက်ကြတာလည်း ဖြစ်ပါတယ်။ အခုလည်း သီချင်းအယ်လ်ဘမ်တစ်ချပ်ကို ထွက်ရှိလာခဲ့ပါပြီ။ X Future ဆိုတဲ့ X – Box ရဲ့သီချင်းအယ်လ်ဘမ်ကတော့ ဒီဇင်ဘာလ(၄)ရက်နေ့မှာစတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ထဲကသီချင်းတွေကလည်း လူငယ်တွေကြားမှာ အတော်လေးရေပန်းစားနေတာပါ။ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့စံရတီမိုးမြင့်ကတော့ သူ့ရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်တဲ့အကြောင်းကို ” ကျေးဇူးသူငယ်ချင်း ငါအသဲကွဲနေတုန်းကထွက်ရမှာ ထိမိသောပါ Congratulations ပါ သားကြီး” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားဖော်ပြထားပါတယ်။ X – Box ရဲ့သီချင်းခွေကတော့ အော်ဒါဖွင့်ပြီးနှစ်နာရီအတွင်းမှာ ရောင်းကုန်သွားတဲ့အထိ ရောင်းချခဲ့ရတာလည်းဖြစ်ပါတယ်။ အခုလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီးလူကြိုက်များနေသလို စံရတီမိုးမြင့်ကတော့ သူ့ရဲ့အသဲကွဲခံစားချက်တွေနဲ့တိုက်ဆိုင်နေပုံပါပဲ ပရိသတ်ကြီးရေ… Source …
Read More »