ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ ညီအစ်ကိုနှစ်ယောက်ကတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို စတင်ရရှိထားတဲ့ ကလေးသရုပ်ဆောင် အမွှာညီအစ်ကိုတွေပဲ ဖြစ်ပါတယ်..။ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးမှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြပြီး း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတာလည်း တွေ့ရပါတယ်..။ အနုပညာလှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေလေ့ရှိတဲ့ ပရိသတ်တွေရဲ့ အချစ်တော် ညီအစ်ကိုနှစ်ယောက်ကတော့ လတ်တလောမှာလည်း Syinix Electronics ကနေ ပြုလုပ်တဲ့ Tiktok Campaign မှာ သားသားတို့ ပါဝင်ထားတဲ့ ဗီဒီယိုလေးကိုလည်း မျှဝေထားပါသေးတယ်..။ သရုပ်ဆောင်ပီပြင်မှုတွေနဲ့ ညီအစ်ကိုနှစ်ယောက်အတူ ချစ်စရာကောင်းစွာ အမိုက်စားဆော့ကစားထားတဲ့ သူတို့လေးတွေရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်..။ …
Read More »Tag Archives: Zwe Waiyan Htet
ကိုယ်ပိုင်ဝင်ငွေနဲ့ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ အမြွှာညီအစ်ကို ဇွဲဝေယံထက်နဲ့ဇွဲဝေယံထူး
မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ကိုတော့ ပရိသတ်ကြီးလည်း သိမှာပါနော်။ အမြွှာညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဇွဲဝေယံထက်နဲ့ ဇွဲဝေယံထူးတို့ကတော့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ပရိသတ်စတင်သတိထားမိခဲ့ကြသလို နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်လာတာကို တွေ့မြင်ရမှာပါ။ မနေ့က အောက်တိုဘာလ(၇) ရက်နေ့ကတော့ သူတို့နှစ်ယောက်ရဲ့ အသက်(၉) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး Facebook Live လွှင့်ကာ ပရိသတ်ကြီးနဲ့အတူတူ မွေးနေ့ပွဲလေးလုပ်ခဲ့တဲ့အပြင် သူတို့သီဆိုထားတဲ့ အမှာစာ သီချင်းလေးကိုလည်း ဆိုပြရင်း ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ်။ ဒီနေ့မှာတော့ ကိုယ်ပိုင်ဝင်ငွေနဲ့ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူလေးတွေကို မျှဝေလာပါတယ်။ မွေးနေ့မနက်ခင်းလေးကို အိမ်ကမြတ်စွာဘုရားထံမှာ ပထမဆုံး ဆွမ်း၊ရေချမ်း၊ပန်း၊ ဆီမီး ကပ်လှူပူဇော် ကုသိုလ်ပြုပြီး ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူအနေနဲ့ We Love Yangon အဖွဲ့မှာ အလှူငွေ(၂)သိန်းနဲ့ …
Read More »