သမီးသမက္ခမည္းခမက္ ကားမွာ မ်က္ရည္က်ရေလာက္ေအာင္ရယ္ေနရတယ္လို႔ေျပာလာတဲ့ ခိုင္သင္းၾကည္တုိ႔အဖြဲ႔

collage2.jpg

ဟာသကားေတြမွာ အျမဲတမ္း သဘာ၀က်က်ရယ္ရတဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ႔ သြက္လက္တဲ့ ဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြအခ်စ္ကို ရရွိထားျပီး မခိုင္ေလးလို႕ခ်စ္စနိုးေခၚရတဲ့ ခိုင္သင္းၾကည္ရဲ႕ ဟာသကားေကာငး္ေလးတစ္ကား ျဖစ္တဲ့ ” သမီးသမက္ ခမည္းခမက္ ” ဆိုတဲ့ ဟာသကားေလးကို ၇ ရက္ေန႕မွာ ရံုတင္ေတာ့မွာျဖစ္ပါတယ္ ။ သူမနဲ႔အတူ ၀ါရင့္ ဟာသ သရုပ္ေဆာင္ေတြ ျဖစ္တဲ့ တကၠသိုလ္ ဂြမ္းပံု ၊ အရိုင္း ၊ ေဗလု၀ နဲ႔၀ါ၀ါေအာင္ တိုု႕ကပါ၀င္ သရုပ္ေဆာင္ ထားတာျဖစ္ပါတယ္ ။ အဓိက သရုပ္ေဆာင္ေတြအေနနဲ႔ ေျပတီဦး ၊ မိုးေအာင္ရင္ နဲ႔ ရဲေအာင္တို႕လည္းပါ၀င္သရုပ္ေဆာင္ထားၾကတာပါ ။ ဒီကားေလးကေတာ့ တကားလံုးအခြီေတြနဲ႔ ပရိသတ္ အၾကိဳက္ မ်က္ရည္က်ေအာင္ ရယ္ရမယ့္ ဟာသ ကားေကာင္းေလးတစ္ကားျဖစ္မယ္ ဆိုတာေတာ့ အေသခ်ာပါဘဲ ။

ဒီဇာတ္ကားေလးအေၾကာင္းကို မခုိင္ေလး အန္တီဂြမ္းနဲ႔ အန္တီ၀ါ၀ါေအာင္တို႕က ရိုက္ေနရင္းနဲ႔ကို မ်က္ရည္ထြက္ေလာက္ေအာင္ ရယ္ခဲ့ရတယ္လို႔ ေျပာျပခဲ့ပါတယ္ ။ မခုိင္ေလးနဲ႔ အန္တီဂြမ္းရဲ႕ ပီျပင္တဲ့ သရုပ္ေဆာင္ခ်က္ေတြကေတာ့ ပရိသတ္ေတြ အူလိႈက္သည္းလိႈက္ရယ္ေမာေစရဦးမွာပါ ။ သူမတို႕ကုိယ္တိုင္ ရုိက္ေနရင္းနဲ႔ ရိုက္ကူးေရးတစ္ဖြဲ႕လံုးပါ ပြဲက်ခဲ့ရတဲ့ ရိုက္ေနရင္းကို အေတာမသတ္ေအာင္ ရယ္ေမာေနရတယ္လို႔ ေျပာျပလာေတာ့ ပရိသတ္ေတြလည္း ဒီဟာသကားေလး ကို ၾကည္႕ဖို႕စိတ္လႈပ္ရွားေနၾကျပီထင္ပါတယ္ ။ ပရိသတ္ေတြအေနနဲ႔ ၾကည္႕ျပီးေနာက္ တစ္ေခါက္ ျပန္ၾကည္႕ခ်င္ေလာက္ေအာင္ ရယ္ရတဲ့ ကားေလးမလို႕ ဘ၀အေမာေတြေျပခ်င္တယ္ဆိုရင္ေတာ့ ဒီကားေလးကို ၾကည္႕ျဖစ္ေအာင္ ၾကည္႕ဖို႕တိုက္တြန္း လိုက္ပါရေစေနာ္ ။ ပရိသတ္ၾကီးအတြက္ ဒီကားေလးအေၾကာင္းကို ျပန္လည္ေျပာရင္း ရယ္ရတဲ့ ဇာတ္၀င္ခန္းေလးေတြကို ျပထားတဲ့ video ေလးကို တစ္ဆင့္ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ ။

 

https://www.facebook.com/celegabartv/videos/506642109848501/

Source : သမီးသမက္ ခမည္းခမက္
Molly

unicode ျဖင့္ဖတ္ရန္

သမီးသမက်ခမည်းခမက် ကားမှာ မျက်ရည်ကျရလောက်အောင်ရယ်နေရတယ်လို့ပြောလာတဲ့ ခိုင်သင်းကြည်တို့အဖွဲ့

ဟာသကားတွေမှာ အမြဲတမ်း သဘာဝကျကျရယ်ရတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သွက်လက်တဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေအချစ်ကို ရရှိထားပြီး မခိုင်လေးလို့ချစ်စနိုးခေါ်ရတဲ့ ခိုင်သင်းကြည်ရဲ့ ဟာသကားကောင်းလေးတစ်ကား ဖြစ်တဲ့ ” သမီးသမက် ခမည်းခမက် ” ဆိုတဲ့ ဟာသကားလေးကို ၇ ရက်နေ့မှာ ရုံတင်တော့မှာဖြစ်ပါတယ် ။ သူမနဲ့အတူ ဝါရင့် ဟာသ သရုပ်ဆောင်တွေ ဖြစ်တဲ့ တက္ကသိုလ် ဂွမ်းပုံ ၊ အရိုင်း ၊ ဗေလု၀ နဲ့ဝါဝါအောင် တို့ကပါဝင် သရုပ်ဆောင် ထားတာဖြစ်ပါတယ် ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ပြေတီဦး ၊ မိုးအောင်ရင် နဲ့ ရဲအောင်တို့လည်းပါဝင်သရုပ်ဆောင်ထားကြတာပါ ။ ဒီကားလေးကတော့ တကားလုံးအခွီတွေနဲ့ ပရိသတ် အကြိုက် မျက်ရည်ကျအောင် ရယ်ရမယ့် ဟာသ ကားကောင်းလေးတစ်ကားဖြစ်မယ် ဆိုတာတော့ အသေချာပါဘဲ ။

ဒီဇာတ်ကားလေးအကြောင်းကို မခိုင်လေး အန်တီဂွမ်းနဲ့ အန်တီဝါဝါအောင်တို့က ရိုက်နေရင်းနဲ့ကို မျက်ရည်ထွက်လောက်အောင် ရယ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ် ။ မခိုင်လေးနဲ့ အန်တီဂွမ်းရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကတော့ ပရိသတ်တွေ အူလှိုက်သည်းလှိုက်ရယ်မောစေရဦးမှာပါ ။ သူမတို့ကိုယ်တိုင် ရိုက်နေရင်းနဲ့ ရိုက်ကူးရေးတစ်ဖွဲ့လုံးပါ ပွဲကျခဲ့ရတဲ့ ရိုက်နေရင်းကို အတောမသတ်အောင် ရယ်မောနေရတယ်လို့ ပြောပြလာတော့ ပရိသတ်တွေလည်း ဒီဟာသကားလေး ကို ကြည့်ဖို့စိတ်လှုပ်ရှားနေကြပြီထင်ပါတယ် ။ ပရိသတ်တွေအနေနဲ့ ကြည့်ပြီးနောက် တစ်ခေါက် ပြန်ကြည့်ချင်လောက်အောင် ရယ်ရတဲ့ ကားလေးမလို့ ဘဝအမောတွေပြေချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်ဖို့တိုက်တွန်း လိုက်ပါရစေနော် ။ ပရိသတ်ကြီးအတွက် ဒီကားလေးအကြောင်းကို ပြန်လည်ပြောရင်း ရယ်ရတဲ့ ဇာတ်ဝင်ခန်းလေးတွေကို ပြထားတဲ့ video လေးကို တစ်ဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : သမီးသမက် ခမည်းခမက်
Molly

scroll to top