ဆရာ၀န္ ၆၄ဦးေမြးထုတ္ေပးနုိင္ခဲ့တဲ့ ေျပတီဦးေဖာင္ေဒးရွင္း

pto-cover.png

ထပ္ဆင့္အကယ္ဒမီ မင္းသားတစ္ေယာက္ျဖစ္တဲ့ ေျပတီဦးဟာ ပညာသင္ဖို႔ေငြေၾကးမတတ္နိုင္တဲ့ ထူးခြ်န္တဲ့ေက်ာင္းသား ေက်ာင္းသူေတြကို ေထာက္ပ့ံေငြေပးအပ္တဲ့ ေျပတီဦးေဖာင္ေဒးရွင္း တည္ေထာင္ခဲ့ျပီး ပညာတတ္ေတြေမြးထုတ္ေပးနိုင္ခဲ့တဲ့အတြက္ အထိုက္အသင့္ေအာင္ျမင္ေနတဲ့ ေဖာင္ေဒးရွငး္တစ္ခုလို႔ ဆိုရမွာပါပဲ ။ ေျပတီဦးေဖာင္ေဒးရွင္းကေန ၉နွစ္ျပည္႕နွစ္ပတ္လည္ပြဲနဲ႕ ၂၀၁၈ / ၂၀၁၉ ပညာသင္နွစ္အတြက္ ေရြးခ်ယ္ထားတဲ့ေက်ာင္းသား ေက်ာင္းသူ ၁၂ ဦးကို ပညာသင္စရိတ္ေထာက္ပံ့မႈေတြ ျပဳလုပ္ေပးခဲ့ပါတယ္ ။ အခုလို ေျပတီဦးေဖာင္ေဒးရွင္းကေန ပညာေရးအတြက္ ေထာက္ပံ့လာတာ ၉နွစ္ရွိျပီျဖစ္ျပီး ၁၀ နွစ္ျပည္႕ရင္ ေထာက္ပံ့ခဲ့တဲ့ေက်ာင္းသား ေက်ာင္းသူေတြနဲ႔ ေတြ႕ဆံုဖို႕ရွိတယ္လို႔လည္း သိရပါတယ္ ။ အခုဆိုရင္ ေျပတီဦးေဖာင္ေဒးရွင္းကေန ေက်ာင္းထားေပးခဲ့တဲ့ ေက်ာင္းသား ဦးေရ ၂၀၀ ေက်ာ္ရွိခဲ့ျပီျဖစ္ပါတယ္ ။ အဲ့ဒီထဲက ၆၄ ေယာက္ကေတာ့ ဆရာ၀န္ေတြျဖစ္သြားျပီျဖစ္လုိ႔ ဒီေဖာင္ေဒးရွင္းကို တည္ေထာင္ရတာ သူအရမ္းပဲေပ်ာ္ပါတယ္လုိ႔ ေျပတီဦးက ေျပာခဲ့ပါတယ္ ။

 

သူ႕အေနနဲ႔ အသက္ ၄၀ ျပည္႕ေတာ့မယ့္အခ်ိန္ထိ သူလုပ္ခဲ့တဲ့အမွား အမွန္ေတြထဲက ဒီပညာေရး ေဖာင္ေဒးရွင္း ကိုတည္ေထာင္ခဲ့တဲ့ အမွန္တရားအတြက္ အရမ္းကိုေက်နပ္တယ္လို႔ ရင္ဖြင့္ခဲ့ပါေသးတယ္ ။ ေျပတီဦေဖာင္ေဒးရွင္းက ေမြးထုတ္ေပးနုိင္ခဲ့တာ ဆရာ၀န္ ၆၄ ဦးရွိျပီျဖစ္သလို ႏိုင္ငံကိုအက်ိဳးျပဳမယ့္ ကေလးေတြ မ်ားလာလို႕ ပီတိေတြျဖစ္ေနတယ္လို႔လည္း ေျပတီီဦးကေျပာျပခဲ့ပါတယ္ ။ ေျပတီဦးေဖာင္ေဒးရွင္း ၉နွစ္ျပည္႕အခမ္းအနားကို PHARMA Co.,Ltd အေနနဲ႔ ၂၀၁၈ ေမလ ကေန ၂၀၁၈ စက္တင္ဘာလအထိ ငါးလစာ Revital ေရာင္းရေငြ အနက္မွ ေငြက်ပ္ ၁၁၉၁၇၂၀ ကို လွဴဒါန္းသြားခဲ့ပါတယ္ ။

Source : ေျပတီဦးေဖာင္ေဒးရွင္း
Molly

Unicode ျဖင့္ဖတ္ရန္

ဆရာဝန် ၆၄ဦးမွေးထုတ်ပေးနိုင်ခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်း

ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ ပြေတီဦးဟာ ပညာသင်ဖို့ငွေကြေးမတတ်နိုင်တဲ့ ထူးချွန်တဲ့ကျောင်းသား ကျောင်းသူတွေကို ထောက်ပံ့ငွေပေးအပ်တဲ့ ပြေတီဦးဖောင်ဒေးရှင်း တည်ထောင်ခဲ့ပြီး ပညာတတ်တွေမွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် အထိုက်အသင့်အောင်မြင်နေတဲ့ ဖောင်ဒေးရှင်းတစ်ခုလို့ ဆိုရမှာပါပဲ ။ ပြေတီဦးဖောင်ဒေးရှင်းကနေ ၉နှစ်ပြည့်နှစ်ပတ်လည်ပွဲနဲ့ ၂၀၁၈ / ၂၀၁၉ ပညာသင်နှစ်အတွက် ရွေးချယ်ထားတဲ့ကျောင်းသား ကျောင်းသူ ၁၂ ဦးကို ပညာသင်စရိတ်ထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ် ။ အခုလို ပြေတီဦးဖောင်ဒေးရှင်းကနေ ပညာရေးအတွက် ထောက်ပံ့လာတာ ၉နှစ်ရှိပြီဖြစ်ပြီး ၁၀ နှစ်ပြည့်ရင် ထောက်ပံ့ခဲ့တဲ့ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ် ။ အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေ ကျောင်းထားပေးခဲ့တဲ့ ကျောင်းသား ဦးရေ ၂၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ် ။ အဲ့ဒီထဲက ၆၄ ယောက်ကတော့ ဆရာဝန်တွေဖြစ်သွားပြီဖြစ်လို့ ဒီဖောင်ဒေးရှင်းကို တည်ထောင်ရတာ သူအရမ်းပဲပျော်ပါတယ်လို့ ပြေတီဦးက ပြောခဲ့ပါတယ် ။

သူ့အနေနဲ့ အသက် ၄၀ ပြည့်တော့မယ့်အချိန်ထိ သူလုပ်ခဲ့တဲ့အမှား အမှန်တွေထဲက ဒီပညာရေး ဖောင်ဒေးရှင်း ကိုတည်ထောင်ခဲ့တဲ့ အမှန်တရားအတွက် အရမ်းကိုကျေနပ်တယ်လို့ ရင်ဖွင့်ခဲ့ပါသေးတယ် ။ ပြေတီဦဖောင်ဒေးရှင်းက မွေးထုတ်ပေးနိုင်ခဲ့တာ ဆရာဝန် ၆၄ ဦးရှိပြီဖြစ်သလို နိုင်ငံကိုအကျိုးပြုမယ့် ကလေးတွေ များလာလို့ ပီတိတွေဖြစ်နေတယ်လို့လည်း ပြေတီဦးကပြောပြခဲ့ပါတယ် ။ ပြေတီဦးဖောင်ဒေးရှင်း ၉နှစ်ပြည့်အခမ်းအနားကို PHARMA Co.,Ltd အနေနဲ့ ၂၀၁၈ မေလ ကနေ ၂၀၁၈ စက်တင်ဘာလအထိ ငါးလစာ Revital ရောင်းရငွေ အနက်မှ ငွေကျပ် ၁၁၉၁၇၂၀ ကို လှူဒါန်းသွားခဲ့ပါတယ် ။

Source : ပြေတီဦးဖောင်ဒေးရှင်း
Molly

scroll to top